Cuukie CakeShop

Cuukie CakeShop အရသာရှိပြီး လူမျိုးဘာသာမရွေးစားသုံးနိုင်သော Desserts, Drinks မျိုးစုံကို ကူကီးမှာ ရရှိနိုင်ပါပြီ။

📣 ဒါကတော့ ကူကီးနဲ့မဆိုင်ပေမယ့် ကူကီးပရိတ်သတ်တွေအတွက် မြို့ပေါ်က ကျွန်မကြိုက်တဲ့ hidden treasure လေး မပြောပြဘဲ မနေနိုင်လိ...
16/06/2026

📣 ဒါကတော့ ကူကီးနဲ့မဆိုင်ပေမယ့် ကူကီးပရိတ်သတ်တွေအတွက် မြို့ပေါ်က ကျွန်မကြိုက်တဲ့ hidden treasure လေး မပြောပြဘဲ မနေနိုင်လို့ပါ။😁

ဒီဆိုင်က မုန့်ဖတ်ထောင်းကိုစားပြီးတဲ့နောက်မှာ တခြားမုန့်ဖတ်ထောင်းစားရင် မပျော်တော့တဲ့ထိကို အရသာက ဘာမှအပိုအလိုမရှိကောင်းတာပါ၊ ဘယ်သူ့မှ မပြောဘဲ ကိုယ်တွေပဲကျိတ်စားနေတာတော့ကြာပါပြီ ခုက မပြောဘဲ သွားရမှာ စိတ်မလုံတဲ့ထိ စားကောင်းလို့ 🤭 ကောင်းတာလေးတွေမှ ကြိုက်တဲ့ ကူကီးပရိသတ်တွေကို လက်တို့ခဲ့ပါတယ်နော်။

သူ့ဆီကအထောင်းတွေက ချိုချဉ်ငံစပ် ဘာမှမလိုအောင်ကိုကောင်းတဲ့အပြင် အဲဒီ ပုံမှန်အရသာတွေပါရုံပဲလားဆိုမဟုတ်ဘူး အရမ်းဆိမ့်ပြီး nutty ဖြစ်တဲ့ အရသာလေးနဲ့ Savory တော်တော်ဖြစ်တဲ့ လေးလေးပင်ပင်အရသာကိုရတာ ပါ။ ဆိုင်ကို comment မှာ screenshot ပေးထားမယ်နော်။ 🥰

📣 ဆွမ်းမွှေးအုန်းနုကိတ် မှာထားသူများ လာယူလို့ရပါပြီရှင်၊ အပိုတော့မရတော့ပါဘူးရှင့်။ 🥰
10/06/2026

📣 ဆွမ်းမွှေးအုန်းနုကိတ် မှာထားသူများ လာယူလို့ရပါပြီရှင်၊ အပိုတော့မရတော့ပါဘူးရှင့်။ 🥰

Edited - မရတော့ပါဘူးရှင့်🌴Coco Pandan Cake - 5000 Ks 🌴————————————————————သင်ပေးခဲ့တဲ့ထဲတွေမှာလဲ ဒီကိတ်မပါလို့ ကူကီးအပြီ...
09/06/2026

Edited - မရတော့ပါဘူးရှင့်

🌴Coco Pandan Cake - 5000 Ks 🌴
————————————————————
သင်ပေးခဲ့တဲ့ထဲတွေမှာလဲ ဒီကိတ်မပါလို့ ကူကီးအပြီးမပိတ်ခင်လေး ဆွမ်းမွှေးအုန်းနုကိတ်ကို အမှတ်တရစားချင်တယ်ဆိုတဲ့သူတွေလဲများလွန်းလို့ မနက်ဖြန်တစ်ရက် ရောင်းပေးပါမယ်။ အလုံးရေများများ မလုပ်ပေးနိုင်တာမို့ ကြိုမှာနိုင်အောင်စောစောတင်ပေးတာပါရှင်။

📱 09409666609

📣Helloooooo… ကူကီး Ice Candy လေးတွေ အိမ်ကိုပဲလာလာမေးနေကြလို့ အိမ်မှာတော့ မရောင်းပေးတော့မယ့် “ဆေးသုခ” မှာ stock အများကြီး...
08/06/2026

📣Helloooooo… ကူကီး Ice Candy လေးတွေ အိမ်ကိုပဲလာလာမေးနေကြလို့ အိမ်မှာတော့ မရောင်းပေးတော့မယ့် “ဆေးသုခ” မှာ stock အများကြီးဖြည့်ပေးထားပါတယ်နော်။ စားချင်ရင် သွားအားပေးလို့ရပါပြီရှင်။ 🥰

သူတို့ဆီမှာ လောလောဆယ် stock ဖြည့်ပေးထားတဲ့ flavors လေးတွေ ဒုတိယပုံမှာ ဝိုင်းပြထားပေးပါတယ်နော်။😉

🐻‼️ Choco Cuukie မှာထားတဲ့ Customers များလာယူလို့ရပါပြီရှင်။ အပိုတော့ မရတော့ပါဘူးရှင့်။ 🥰📱09409666609
08/06/2026

🐻‼️ Choco Cuukie မှာထားတဲ့ Customers များလာယူလို့ရပါပြီရှင်။ အပိုတော့ မရတော့ပါဘူးရှင့်။ 🥰

📱09409666609

🚨🐄 နွားနို့ကိတ်မှာထားတဲ့ Customers များ လာယူလို့ရပါပြီနော်၊ အပိုတော့ မရတော့ပါဘူးရှင့်။ ♥️📱09409666609🛵 Delivery နဲ့ယူထား...
05/06/2026

🚨🐄 နွားနို့ကိတ်မှာထားတဲ့ Customers များ လာယူလို့ရပါပြီနော်၊ အပိုတော့ မရတော့ပါဘူးရှင့်။ ♥️

📱09409666609
🛵 Delivery နဲ့ယူထားတဲ့သူတွေကတော့ ညနေ ၅ နာရီနောက်ပိုင်းမှ ပို့ပေးပါမယ်နော်

🐄 နွားနို့ကိတ် - ၆၀၀၀ ကျပ် 🌸———————————————မနက်ဖြန်တစ်ရက် နွားနို့ကိတ်လေးရောင်းပေးသွားပါဦးမယ်နော်၊ နွားနို့ကိတ်မေးကြတဲ့သ...
04/06/2026

🐄 နွားနို့ကိတ် - ၆၀၀၀ ကျပ် 🌸
———————————————

မနက်ဖြန်တစ်ရက် နွားနို့ကိတ်လေးရောင်းပေးသွားပါဦးမယ်နော်၊

နွားနို့ကိတ်မေးကြတဲ့သူများ စားချင်ရင် ကြိုမှာပေးပါနော်၊ အများကြီးမလုပ်ပေးနိုင်တော့လို့ပါရှင် 🩵

‼️မနက်မှ ဖုတ်မှာမို့ ညနေ ၃ နာရီနောက်ပိုင်းမှရပါမယ်ရှင်
🛵 Delivery လိုချင်ရင်တော့ ညနေ ၅ နာရီနောက်ပိုင်းမှ တစ်ကြောင်းထဲပေါင်းပို့ပေးပါမယ်ရှင်။

📱09409666609

04/06/2026

🥺 Online class စာရင်းပေးပြီးစောင့်နေကြတဲ့သူတွေ အများကြီးတောင်းပန်ပါတယ်နော် baker ရယ် in person classes တွေက ထင်ထားတာထက် ရက်လေးတွေကြာအောင် သင်နေရတာရော မအားတာရောနဲ့ကြာနေတာပါ နောက်ရက်တွေကစပြီး ဆက်တိုက်ရိုက်ပြီး ပြီးအောင်တင်ပေးပါ့မယ်နော်။

နွားနို့ကိတ်ကို မနက်ဖြန်ရောင်းပေးပါ့မယ်။ နွားနို့ကိတ်လုပ်မကျွေးလိုက်ရဘဲ ပိတ်ပြေးမှာစိုးလို့ လာလာဆူတဲ့ ကူကီးချစ်ချစ်တွေရဲ့ ဆန္ဒပြည့်ပါပြီရှင်။ မနက်ဖြန်ရောင်းပေးမယ်နော် ညကျ post တင်ပေးပါမယ်။ နွားနို့ကိတ်ကတော့ သင်တဲ့ထဲမပါလို့ ရောင်းတဲ့ရက်လေးစားလို့ရပါတယ်လို့ပဲ မေတ္တာရပ်ခံပါရစေရှင် 🥰

𝗖𝘂𝘂𝗸𝗶𝗲 𝗠𝗶𝗹𝗸 𝗣𝘂𝗱𝗱𝗶𝗻𝗴 𝗖𝗹𝗮𝘀𝘀(𝗢𝗿𝗶𝗴𝗶𝗻𝗮𝗹,𝗖𝗵𝗼𝗰𝗼𝗹𝗮𝘁𝗲,𝗖𝗼𝗳𝗳𝗲𝗲)———————————————————————————(𝟓𝟎𝟎𝟎𝟎 𝐊𝐲𝐚𝐭𝐬)🍮မနက်ဖြန် ကူကီးရဲ့ ရိုးရိုးပ...
28/05/2026

𝗖𝘂𝘂𝗸𝗶𝗲 𝗠𝗶𝗹𝗸 𝗣𝘂𝗱𝗱𝗶𝗻𝗴 𝗖𝗹𝗮𝘀𝘀(𝗢𝗿𝗶𝗴𝗶𝗻𝗮𝗹,𝗖𝗵𝗼𝗰𝗼𝗹𝗮𝘁𝗲,𝗖𝗼𝗳𝗳𝗲𝗲)
———————————————————————————
(𝟓𝟎𝟎𝟎𝟎 𝐊𝐲𝐚𝐭𝐬)

🍮မနက်ဖြန် ကူကီးရဲ့ ရိုးရိုးပူတင်းတွေနဲ့မတူအောင် နူးညံ့ပြီး Creamy ဖြစ်ဖြစ်နဲ့ စားကောင်းတဲ့ လူကြိုက်တအားများတဲ့ နို့ပူတင်းကို အရသာ (၃) မျိုးနဲ့ online class စပြီးလက်ခံပါမယ်ရှင်။

👩🏻‍🍳ရေခဲမုန့်/ ဖာလူဒါလုပ်ပြီး ပူတင်းကောင်းကောင်းနဲ့ရောင်းချင်တာဖြစ်ဖြစ်၊ ပူတင်းကောင်းကောင်းတစ်ခုထဲနဲ့ ဆိုင်တွေမှာလိုက်ဖြန့်ချင်တာဖြစ်ဖြစ်/ ကိုယ့်ကလေးလေးတွေကို အိမ်မှာပဲ အရသာရှိရှိ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ပူတင်းကောင်းကောင်းလေး အဝလုပ်ကျွေးချင်တဲ့ မေမေတွေပဲဖြစ်ဖြစ် ရောင်းတန်းပူတင်းတွေနဲ့ အရသာ အများကြီးကွာတာမို့ ဒီလိုလူတွေ တက်သင့်ပါတယ်။

🤑ပူတင်းက ၂ ဗူးကို ၂၅၀၀ နဲ့ရောင်းခဲ့တာမို့ ပူတင်း ဗူး ၄၀ စာထဲနဲ့ လုပ်နည်း recipe ကို သင်ပေးလိုက်တာပါနော် ကူကီးပြောင်းသွားလဲ ကျွန်မ Customers တွေကို မုန့်ကောင်းကောင်းလေးတွေနဲ့မဝေးစေချင်လို့ပါ၊ ဒါလေးက ပစ္စည်းအထွေအထူးမလိုလဲလုပ်စားလို့ရတာမို့ပါ။

📋စာရင်းပေးမယ်ဆို page message box မှာ နာမည်ချန်ထားခဲ့ပေးပါနော်

👩🏻‍🍳Bakery Business Course——————————————ဒီအတန်းမှာတော့ baker ကိုယ်တိုင်လဲ bakery business ကို သေချာလုပ်ခဲ့တာဖြစ်လို့  ပု...
10/05/2026

👩🏻‍🍳Bakery Business Course
——————————————
ဒီအတန်းမှာတော့ baker ကိုယ်တိုင်လဲ bakery business ကို သေချာလုပ်ခဲ့တာဖြစ်လို့ ပုံမှန် ကိတ်သင်တန်းကျောင်းမှာ သွားတက်တာထပ်ပိုတဲ့ problem solving methods တွေ အများထပ် အရသာပိုထူးကဲအောင် ရောင်းချနိုင်မယ့် secrets တွေကအစ သင်ပေးနိုင်ဖို့ရည်ရွယ်ထားပါတယ်။ ဒီအတန်းပြီးတာနဲ့ bakery business ကို စ run နိုင်တဲ့အထိ အသေးစိတ်သင်ကြားပေးပါမယ်။

ပါဝင်မယ့် subjects တွေကတော့ -

🎀ကိတ်သားကိုတော့ အနူးညံ့ဆုံးဖြစ်တဲ့ Chiffon Cake အမျိုးအစားကို Vanilla ကိတ်သား၊ Chocolate ကိတ်သား နဲ့ Pandan ဆွမ်းမွှေးကိတ်သားတွေကို ကောင်းကောင်းဖုတ်နိုင်အောင်ထိ သင်ပါမယ်။

🎀Birthday Cake အမျိုးအစားအတွက်
၁ ထပ်ကိတ်၊
၂ ထပ်ကိတ် နဲ့
3D Characters ကာတွန်းအရုပ်ကိတ်ပုံစံတွေသင်ကြားပေးမှာဖြစ်ပါတယ်။

🎀Cream နဲ့ ပတ်သက်ပြီး အရသာပိုရှိမယ့် Cream အမျိုးအစားကောင်း ရွေးနည်း၊ (ဘယ်ကျောင်းမှာမှ မသင်ပေးတဲ့) ပုံမှန် Cream ကိုပဲ ပုံမှန်ထပ်ပိုကောင်းအောင် အရသာစပ်နည်း၊ Cream ကို ချောမွတ်တောင့်တင်းအောင် ရိုက်နည်း၊ မွေးနေ့ကိတ် Cream ပတ်နည်း၊ 3D Cake များကို Cream ပတ်နည်း၊ waste နည်းအောင် Cream ထားသိုနည်း၊ Birthday Cake မှာ နာမည်ရေးနည်း စတာတွေ အသေးစိတ်သင်ကြားပေးပါမယ်။

🎀မွေးနေ့ကိတ်အပြင် ဗင်နီလာ ကိတ်၊ ချောကလက်ကိတ် နဲ့ ဆွမ်းမွှေးကိတ်များပါ တစ်ခါတည်းလုပ်တတ်သွားမှာမို့ daily dessert အနေနဲ့လည်းရောင်းလို့ရအောင် ပုံစံအမျိုးမျိုးအနေနဲ့
* ကိတ်လိပ်၊
* ကိတ်အဝိုင်း(ချိုကိုကူကီးလိုပုံစံပါ)၊
* Cupcake Decoration နဲ့
* ပွဲစျေးမှာ လူကြိုက်များခဲ့တဲ့ Dessert Cups လုပ်နည်းများပါ အသေးစိတ်သင်ကြားပါမယ်။

‼️ကူကီးမှလက်ဆောင်အနေနဲ့
🎀ကူကီးရဲ့ လူကြိုက်တအားများပြီး ဘယ်ပူတင်းနဲ့မှမတူအောင် နူးညံ့တဲ့ နွားနို့ပူတင်း လုပ်နည်းအပြင်
🎀 ကူကီးရဲ့ စားလို့အရမ်းကောင်းတဲ့ Choco Almond Cookies လုပ်နည်းကိုပါ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင်
⚙️စက်ပစ္စည်း ရွေးချယ် ဝယ်ယူနည်း၊
⚙️မုန့်ဖုတ်ပစ္စည်းတစ်ခုချင်း အသေးစိတ် အသုံးပြုနည်း၊
📦မုန့်တွေကို ဘယ်လို သိမ်းဆည်းမလဲ၊ ဘယ်လိုအချိန်မှာအကောင်းဆုံးအရသာရနိုင်မလဲ ဘယ်လိုထုပ်ပိုးမှသင့်တော်လဲ စတဲ့ customerတွေဆီကိုအရသာရှိစွာ serveလုပ်နိုင်မဲ့နည်းလမ်းများ၊
🏷️ မုန့်အမျိုးအလိုက်အလိုက် စျေးနှုန်းသတ်မှတ်နည်း

🥯အများနဲ့ အရသာကွဲပြားတဲ့ မုန့်ကောင်းကောင်းတစ်ခုရဖို့အတွက် အရေးကြီးတဲ့ကုန်ကြမ်း၊ budget လျှော့ချင်တဲ့အခါမှာ quality မထိအောင် ပြောင်းလဲ အသုံးပြုနိုင်မယ့် အစားထိုးကုန်ကြမ်းများအားလုံးအပြင် စျေးနှုန်းမှန်ကန်တဲ့ suppliersတွေရဲ့ contactများကိုလဲ အသေးစိတ်ပြောပြပေးမှာဖြစ်ပါတယ်။

🎁 သင်တန်းမှာ သင်တန်းသားကိုယ်တိုင်လုပ်တဲ့ မုန့်အားလုံးကိုလဲ အိမ်ကို ပြန်လည် သယ်ယူနိုင်ပါတယ်။

⏰ကြာချိန် - ၅ ရက် (တစ်ရက်ကို ၅ နာရီ)
(သင်တန်းအချိန်ကတော့ တတ်မြောက်အောင် သင်မှာဖြစ်လို့ ပိုရင်လဲပိုနိုင်ပါတယ်)

သင်တန်းအပ်ရန် - ဒီအတန်းကတော့ လူကိုယ်တိုင်ပဲသေချာသင်မှာဖြစ်လို့ baker လဲအချိန်သိပ်မရတာမို့ လူနည်းနည်းပဲ သင်ပေးနိုင်မှာဖြစ်ပါတယ်။ နေရာကွက်တိချန်ရမှာဖြစ်လို့ ငွေကြိုတင်လွှဲပြီးမှသာ သင်တန်းသားနေရာချန်ထားပေးမှာဖြစ်ပါတယ်ရှင်။ သင်တန်းရက်ကိုတော့ လူနည်းနည်းနဲ့ ခွဲပြီးသင်မှာမို့ တစ်ယောက်နဲ့တစ်ယောက်ရက်မတူနိုင်ပါဘူးရှင်။ အချိန်နဲ့ ရက်ကို တစ်ယောက်ချင်း သင်တန်းအပ်ရင်းနဲ့ အသေးစိတ်ဆွေးနွေးနိုင်ပါတယ်။

သင်တန်းကြေး အသေးစိတ်ကို page message box ကနေတဆင့် စုံစမ်းနိုင်ပါတယ်။ (Early bird discount) အနေနဲ့ ပထမဆုံးငွေလွှဲအပ်နှံတဲ့ ၃ ယောက်ကိုတော့ လျော့စျေးနဲ့ လက်ခံပေးပါမယ်ရှင်။ page message box ကနေတဆင့်ပဲ အတန်းလေးစုံစမ်းပေးပါနော်။

Address

ချင်းကျောင်း(၃)လမ်း၊ အနောက်ရပ်မြောက်ပိုင်း
Thayetmyo

Opening Hours

Tuesday 12:00 - 18:00
Wednesday 12:00 - 18:00
Thursday 12:00 - 18:00
Friday 12:00 - 18:00
Saturday 12:00 - 18:00
Sunday 12:00 - 18:00

Telephone

+959409666609

Website

Alerts

Be the first to know and let us send you an email when Cuukie CakeShop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share