07/01/2022
🍢 စုံစုံလင်လင် ခုံခုံမင်မင် တုတ်ထိုးစားကြမယ်လေ။
နောက်ထပ် D Shwe Nu ကရရှိနိုင်တဲ့ စားချင့်စဖွယ် တစ်ခုကတော့ အခုချိန်မှာ လူကြိုက်များနေတဲ့ ဗမာတုတ်ထိုးပဲဖြစ်ပါတယ်။
ရရှိနိုင်တဲ့အမျိုးအစားတွေကတော့
✅အသားတု
✅ပဲပြား
✅တို့ဟူး
✅အာလူး
✅ပဲသွေး
✅ရုံးပတီသီး
✅ကြက်ဥဆူးပုတ်
✅သခွားသီး
✅ငုံးဥ
✅ငါးဖယ် တို့ပဲဖြစ်ပါတယ်။
ဒါနဲ့ အလိုက်ဖက်ဆုံး မန်ကျည်းချဉ်လေးကလည်း အဆင်သင့်။ ရှုးရှုးရှဲရှဲလေးစားချင်လား၊ ပျစ်ပျစ်နှစ်နှစ် ချိုချိုချဥ်ချဉ်လေးစားချင်လား၊ ချဉ်ချဉ်လေးစားချင်လားသာ ပြောလိုက်နော်။
အရသာထိမိနေအောင် အကုန်ပြင်ဆင်ထားပေးမယ်။
အခုလောလောဆယ်တော့ ခဝဲခြံအနီးတစ်ဝိုက်ပဲ စတင်ပို့ဆောင်ပေးမှာဖြစ်ပါတယ်။
အိမ်ကို ကိုယ်တိုင်လာပြီး ဝယ်ချင်တဲ့သူတွေအနေနဲ့
၃၅, ဒေးဗစ်ရွှေနုလမ်း၊ (၂) ရပ်ကွက်၊ မရန်းကုန်းကို လာခဲ့လို့ရပါတယ်။ ဆိုင်ထိုင်စားလို့တော့မရသေးပါဘူးရှင့်။
တစ်ချောင်းမှ ၅၀ ကျပ်/ တစ်ဘူးမှ တစ်ထောင်ကျပ်ထဲမို့ တစ်ယောက်တည်း အဝစားလို့လည်းရ။ သူငယ်ချင်းတွေနဲ့ တပျော်တပါးစားလည်းရတော့ တနင်္လာနေ့ ၂ နာရီအမီ လိုက်ပို့ပေးလို့ ရအောင် အခုကတည်းက လာပြောထားလိုက်နော်။ တနင်္လာနေ့ မနက် ၉ နာရီ အထိ အော်ဒါတင်လို့ရပါတယ်ရှင့်။