Baby Laura

Call Contact the business

Baby Laura Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Baby Laura, Yangon.

07/10/2026

“အနေအထိုင်ယဉ်ကျေးဖို့”

🔳 တစ်ကိုယ်စာအရ ပြောမယ်ဆို Well-mannered ဖြစ်တဲ့သူတွေဆို သိပ်သဘောကျတာပဲ။ ‌ဝတ်စားဆင်ယင်မှုကစလို့၊ စကားပြောတဲ့ အသုံးအနှုန်း၊ နေပုံထိုင်ပုံ၊ ကိုယ်အမူအရာ၊ နှုတ်အမူအရာ အားလုံးက ယဉ်ကျေးနေတာပေါ့။

သူတို့ကို မြင်ရတာ၊ သူတို့နဲ့ အတူရှိရတာ အတော်လေး စိတ်ချမ်းသာတယ်။ ပြောင်းပြန်အနေနဲ့ Manner မကောင်းတဲ့သူဆိုလည်း အလုပ်တွဲလုပ်ဖို့ မပြောနဲ့၊ ခဏလောက် အတူရှိနေရရင်ကို စိတ်ကျဉ်းကြပ်လာတာ။

🔳 တချို့လည်း အပေါ်ယံတော့ ယဉ်ကျေးတယ်၊ နောက်ကွယ်ကျ အကျင့်မကောင်းတာတွေ ရှိတယ်။ ဒီအခါ ပြောလာကြတယ်၊ ငါတို့က ရိုင်းချင်ရိုင်းမယ်၊ သူများကိုတော့ မယုတ်မာဘူး ဆိုတာမျိုး။ ရိုင်းတာကို ပွင့်လင်းတာအဖြစ် မှတ်ယူလာကြပြီး၊ ယဉ်ကျေးတာကိုတော့ ကြောင်သူတော်ဆန်တယ်လို့ ထင်လာကြတယ်။

တကယ်တော့ လူအများနဲ့ ယှဉ်တွဲနေထိုင်တဲ့အခါ Manner ကောင်းဖို့ဟာ မဖြစ်မနေကို လိုအပ်ပါတယ်။

🔳 တစ်ယောက်ယောက်နဲ့ ခရီးသွားရမယ်၊ တစ်ခန်းတည်း တည်းရမယ်ဆို ဘယ်လိုလူမျိုးကို သဘောကျလဲပေါ့။ ကိုယ့်အားဖြင့် တစ်ဖက်သား ထိခိုက်မှုမရှိအောင် နေတတ်ထိုင်တတ်သူကို ဘယ်သူမဆို သဘောကျတာပဲ။

သီချင်းနားထောင်လို့ရတယ်။ ဒါပေမဲ့ သူ့ဟာသူ နားကြပ်နဲ့နားထောင်။ ဖွင့်ထားချင်တာ ဆိုလည်း ခွင့်တောင်းပြီး ခပ်တိုးတိုးဖွင့်။ ဒါသည် Manner ပဲ။

ဆေးလိပ်သောက်တာ ကိုယ့်လွတ်လပ်ခွင့်။ အများရှေ့ အငွေ့တွေ မှုတ်ထုတ်နေတာကျ တခြားသူတွေကို ထိခိုက်စေသွားပြီ။

နောက်ကျတယ် ဆိုတာ မရည်ရွယ်ဘဲလည်း ဖြစ်သွားတတ်တယ်။ ဒါပေမဲ့ ကိုယ်က နောက်ကျပြီးမှ ရောက်သွားရင် တခြားသူတွေကို ဆောရီးတစ်ခွန်းတော့ အရင်ဆုံးပြောရတယ်။ ဒါသည် Manner ပဲ။

🔳 ဆိုင်တစ်ဆိုင်ထဲ ဝင်သွားတယ်။ Manner မကောင်းတဲ့သူ​တွေ ရှိနေရင် သိပ်စိတ်ရှုပ်ရတယ်။ စကားတွေ အော်ကြီးဟစ်ကျယ် ပြောနေတာ၊ တန်းမစီတာ၊ အနံ့အသက် မကောင်းတာ၊ တခြားစားပွဲက ထိုင်ခုံတွေပါ ယူပြီး ပစ္စည်းတွေတင်ထားတော့ ထိုင်စရာနေရာ မရှိတော့တာ၊ ဒါမျိုးတွေ ကြုံဖူးကြမယ်။

ဟော … ပြောင်းပြန်အနေနဲ့ ယဉ်ကျေးသူတွေလည်း မြင်ဖူးကြမယ်။ လေးယောက်ဝိုင်းမှာ ထိုင်နေမိရာကနေ လူတွေထပ်ရောက်လာတဲ့အခါ တစ်ယောက်ဝိုင်းကို ရွှေ့ပေးတာမျိုး၊ စားသောက်ပြီးလို့ ပြန်ထွက်တဲ့အခါ သူ့ကော်ဖီခွက်နဲ့ ပန်းကန်ကို အစားအသောက် ပြင်တဲ့နေရာဆီ ပြန်ထားပေးခဲ့တာမျိုးတွေပေါ့။ ဘေးက ကြည့်ပြီး သဘောကျရတယ်။ ဒါသည် Act of Kindness ပဲ။ ဘာမှသာ ကြီးကြီးမားမား မဟုတ်တာ၊ စားပွဲထိုးတွေရဲ့စိတ်ထဲ ကျေနပ်သွားတယ်။ တကယ်ဆို သူ့အလုပ်မှ မဟုတ်ပဲ။ မဟုတ်တာကို လုပ်ပေးလိုက်တဲ့အခါ နှစ်သက်စရာ ဖြစ်သွားတာပေါ့။

🔳 မကြာခဏလည်း ရေးဖူးတယ်။ "လူတစ်ယောက်ရဲ့ အဆင့်အတန်းကို သိချင်ရင် သူ့ထက်နိမ့်ပါးသူတွေကို ဘယ်လိုဆက်ဆံသလဲ ဆိုတာနဲ့ အဓိက တိုင်းလို့ရတယ်" လို့။

ယဉ်ကျေးတာက အပေါ်ယံ လူမြင်ကောင်းအောင် လုပ်နေတာ ဟုတ်မဟုတ် ဆိုတာကိုလည်း အဲဒီတစ်ချက်နဲ့ တိုင်းလို့ရတယ်။ စားသောက်ဆိုင်က စားပွဲထိုးကို၊ အလုပ်က သန့်ရှင်းရေးဝန်ထမ်းကို၊ လုံခြုံရေးဝန်ထမ်းကို၊ အိမ်မှာခေါ်ထားတဲ့ အိမ်အကူကို ဘယ်လိုဆက်ဆံသလဲ ကြည့်လိုက်။ သူ့ရဲ့ သရုပ်မှန်ကို အနီးစပ်ဆုံး သိနိုင်လိမ့်မယ်။

🔳 ဒီလိုခဏတဖြုတ် ကြုံကြဆုံကြတဲ့အခါမှာတောင် Manner ကောင်းတဲ့သူကို လိုချင်ကြသေးတယ်ဆိုရင် တစ်ပတ်ကို နာရီ ၄၀ လောက် တွေ့နေရမယ့် လုပ်ဖော်ကိုင်ဖက်၊ တစ်သက်လုံး အတူရှိသွားရမယ့် လက်တွဲဖော်ဆို ပိုတောင်မှ Manner ကောင်းစေချင်ကြဦးမယ်။

စကားပြောရင် လေးစားမှုမရှိ၊ ကိုယ်ပြောနေရင် ဖြတ်ပြော၊ တောင်းပန်စကား ဆိုတာ သူ့အဘိဓါန်မှာ မရှိ၊ ကိုယ့်ထက်နိမ့်ပါးသူတွေ့ရင် အထက်စီးက ဆက်ဆံ၊ Privacy ဆိုတာ နားမလည်၊ ဒီလိုလူမျိုးဆို လုပ်ဖော်ကိုင်ဖက် မပြောနဲ့၊ ကိုယ့်မိဘဆိုရင်တောင် အဆင်မပြေပါဘူး။

🔳 ကိုယ်ကျင့်သီလလို့ ပြောလိုက်ရင် လူတွေက ဘာသာရေးနဲ့ ချိတ်ဆက်စဉ်းစားကြတာ များတယ်။ ငါးပါးသီလပေါ့လေ။ တကယ်တမ်း သူ့အဓိပ္ပါယ်က “ကိုယ့်ကြောင့် သူတစ်ပါး မထိခိုက်အောင် စောင့်ထိန်းနေထိုင်ခြင်း” ဖြစ်တယ်။ ဒီထဲမှာတင် အကုန်လုံးနီးပါး အကြုံးဝင်သွားတယ်။

ကိုယ်နံ့၊ ခံတွင်းနံ့ မကောင်းဘူးဆို ကိုယ့်ကြောင့် တပါးသူတွေ စိတ်ရှုပ်ရပြီ။ နှာချေ၊ ချောင်းဆိုးတယ်၊ အိမ်မှာ မနားဘူး၊ Mask မတပ်ဘူးဆို ကိုယ့်ဆီကနေ သူများတွေ ကူးကုန်လိမ့်မယ်။ ၁၀ နာရီ ချိန်းထားတယ်။ ရောက်မလာဘူး။ တစ်ဖက်ကလူ စိတ်အနှောင့်အယှက် ဖြစ်ရပြီ။ အဲဒီမှာမှ တောင်းပန်စကားလည်း မပြောပြန်ဘူး။ စိတ်ပိုတိုရပြီ။

ဒါကြောင့် Manner ကောင်းဖို့ဟာ ကိုယ်ကျင့်သီလထဲမှာလည်း ပါနေတယ်လို့ ဆိုနိုင်တယ်။ သူ့အသက် သတ်မှ၊ ပစ္စည်းခိုးမှ မဟုတ်ဘူး။ Manner မကောင်းရင်လည်း တပါးသူ ထိခိုက်ရတယ်။ အဲဒီလိုပဲ၊ အလှူလုပ်မှ၊ သွေးလှူမှ သူတပါးကို ကူညီပေးတာ မဟုတ်ဘူး။ Manner ကောင်းရင်လည်း ကိုယ့်အားဖြင့် လူတစ်ဖက်သား စိတ်ချမ်းသာရတယ်။ ကျေနပ်ရတယ်။ ပျော်ရွှင်ရတယ်။

🔳 မိဘအုပ်ထိန်းမှုနဲ့လည်း ၁၀၀ % မဟုတ်တောင် ရာခိုင်နှုန်းအများစုတော့ ဆက်စပ်နေပါတယ်။ ဘယ်လိုပြောရတယ်၊ ဆိုရတယ်၊ နေရတယ်၊ ထိုင်ရတယ် ဆိုတာကို သွန်သင်ဆုံးမပေးတာ မိဘတွေ မဟုတ်လား။

လူကြီးရှေ့ကသွားရင် ခေါင်းငုံ့သွား၊ ပစ္စည်းပေးရင် လက်နှစ်ဖက်နဲ့ယူ၊ ထမင်းစားရင် ကြီးတဲ့သူကို အရင်ဦးချ၊ ကျေးဇူးတင်စကား သေချာပြော၊ အချိန်တိကျအောင်လုပ်၊ သပ်သပ်ရပ်ရပ် ဝတ်စားသွား၊ ကိုယ်မှားသွားရင် ဆောရီးလို့ ပြော၊ ဒီလိုသွန်သင်မှုတွေနဲ့ ကြီးပြင်းလာကြတာ။ အမေပြောနေကျ စကားတစ်ခုဆို ခုထိ မှတ်မိသေးတယ်၊ “ချစ်စေလိုလည်း ဒီပါးစပ်၊ မုန်းစေလိုလည်း ဒီပါးစပ်” တဲ့။ ရိုင်းတဲ့အထိ မဟုတ်ပေမဲ့ ခပ်ရင့်ရင့် ပြောမိလိုက်တုန်းက အမေ ဆုံးမခဲ့ဖူးတာလေး။

ဒါကြောင့် ကိုယ့်သားသမီးတွေ အနေအထိုင်၊ အပြုအမူ၊ အပြောအဆို ယဉ်ကျေးတဲ့သူတွေ ဖြစ်လာဖို့ဆိုရင် မိဘတွေရဲ့ အခန်းကဏ္ဍကလည်း သိပ်အရေးကြီးပါတယ်။ ကိုယ်တိုင်က Manner ကောင်းတဲ့သူ ဖြစ်နေမှ ကိုယ့်သားသမီးတွေအတွက်လည်း စံထားစရာ နမူနာကောင်း ဖြစ်လာမှာပါ။

ဒေါက်တာ ဖြိုးသီဟ
၈.၉.၂၀၂၆

27/08/2026

အမွှေစိန် စန္ဒာဝင်း 😅😅😅

ကလေးက နှုတ်ဆက်ဖို့ မေ့သွားတဲ့ မနက်ခင်းတစ်ခုဒီမနက်…ကျောင်းလိုက်ပို့တဲ့အချိန်မှာထုံးစံအတိုင်းသားလေးကို ကားပေါ်ကနေ ဆင်းခိုင...
03/06/2026

ကလေးက နှုတ်ဆက်ဖို့ မေ့သွားတဲ့ မနက်ခင်းတစ်ခု

ဒီမနက်…
ကျောင်းလိုက်ပို့တဲ့အချိန်မှာ
ထုံးစံအတိုင်း
သားလေးကို ကားပေါ်ကနေ ဆင်းခိုင်းလိုက်တယ်။

ပုံမှန်ဆို
သူက ကားတံခါးပိတ်ပြီးတာနဲ့
ပြန်လှည့်ကြည့်၊
လက်ပြပြီးမှ
ကျောင်းထဲ ဝင်သွားလေ့ရှိတယ်။

ဒါပေမဲ့ ဒီနေ့တော့ မတူဘူး။

ကျောင်းရှေ့မှာ
သူငယ်ချင်းတစ်ယောက်နဲ့ တွေ့သွားတယ်။
သူတို့နှစ်ယောက်
စကားတွေပြော၊
ရယ်မောပြီး
တန်းဝင်သွားကြတယ်။

ကားပေါ်မှာ ကျန်ခဲ့တဲ့ ကျွန်မကို
တချက်လေးတောင်
လှည့်မကြည့်ခဲ့ဘူး။

ကျွန်မ
ကားစက်နှိုးပြီး
ထွက်လာလိုက်ပေမဲ့…
ရင်ဘတ်ထဲမှာ
တမျိုးကြီး ခံစားနေရတယ်။

ဟာတာတာကြီး ဖြစ်နေတယ်။

“ဪ…
ငါ့သားလေး ကြီးပြင်းလာပြီပဲ။
ငါ့ကို လိုအပ်မှုတွေ
လျော့နည်းလာပြီပဲ”
ဆိုတဲ့ အတွေးက
မျက်ရည်ဝဲစေတယ်။

Letting Go

မေမေ/ဖေဖေတို့ရေ…
ကျွန်မတို့က
ကလေးတွေကို
“လွတ်လပ်သူတွေ (Independent)”
ဖြစ်လာဖို့
ပြုစုပျိုးထောင်ပေးနေကြတာပါ။

ဒါပေမဲ့
တကယ်တမ်း
သူတို့ လွတ်လပ်သွားတဲ့အချိန်၊
သူတို့ ကိုယ့်လက်ကို တွဲမထားတော့ဘဲ
ကိုယ့်ဘာသာ လျှောက်လှမ်းသွားတဲ့အချိန်မှာ…

ကျွန်မတို့ရဲ့
မိဘနှလုံးသားက
ကြေကွဲရပါတယ်။

ဒါဟာ သဘာဝပါပဲ။

သူတို့
နောက်လှည့်မကြည့်ဘဲ
ထွက်သွားနိုင်ခြင်းဟာ…
ကျွန်မတို့ ပေးထားတဲ့
“မေတ္တာ(Love)”
ခိုင်မာလွန်းလို့ပါ။

“ငါ ပြန်လှည့်မကြည့်လည်း
မေမေ/ဖေဖေက
အမြဲရှိနေမှာပဲ”
ဆိုတဲ့
ယုံကြည်မှု (Security)
ရှိနေလို့ပါ။

Touching Perspective

ဒါကြောင့် ဒီနေ့…
ကျောင်းလိုက်ပို့တဲ့အခါ
သူတို့ လှည့်မကြည့်ရင်
ဝမ်းမနည်းလိုက်ပါနဲ့။

အဲ့ဒါ
“အောင်မြင်မှု (Success)” ပါ။

ဒါပေမဲ့…

ညနေကျောင်းဆင်းလို့
သူတို့ ပြန်ရောက်လာတဲ့အချိန်၊
အိမ်တံခါးဝမှာ
“မေမေ/ဖေဖေ”
ဆိုပြီး
ပြေးဖက်တဲ့အချိန်ကိုတော့…

ကမ္ဘာပေါ်မှာ
တန်ဖိုးအရှိဆုံး
ရတနာတစ်ခုလို
သတ်မှတ်ပြီး
ဖက်ထားလိုက်ပါ။

ဘာလို့လဲဆိုတော့…

မနက်ခင်းရဲ့
“နှုတ်ဆက်ခြင်း” က
သူတို့ရဲ့
ကြီးပြင်းမှုကို ပြသနေပေမဲ့…

ညနေခင်းရဲ့
“ပြန်ဆုံတွေ့ခြင်း” ကတော့
သူတို့ရဲ့
ချစ်ခြင်းမေတ္တာကို
သက်သေပြနေလို့ပါပဲ။

“သူတို့
နောက်လှည့်မကြည့်ဘဲ
ပျံသန်းသွားနိုင်ဖို့…
ကျွန်မတို့က
ခိုင်မာတဲ့ လေယာဉ်ကွင်းကြီးတွေ
ဖြစ်ပေးရမှာပါပဲလေ။” 🛫❤️


"မေတ္တာတရား နှင့် ယှဥ်တွဲနေထိုင်ပါ"🍀 ဒီရက်ပိုင်း မေတ္တာ ပိုပွားပါ။ လူတွေ အပေါ် မေတ္တာ ပိုထားလိုက်ပါ။☘ မေတ္တာ သည် အ​အေးဓါ...
01/06/2026

"မေတ္တာတရား နှင့် ယှဥ်တွဲနေထိုင်ပါ"

🍀 ဒီရက်ပိုင်း မေတ္တာ ပိုပွားပါ။
လူတွေ အပေါ် မေတ္တာ ပိုထားလိုက်ပါ။

☘ မေတ္တာ သည် အ​အေးဓါတ်ဖြစ်ပါတယ်။
အေးချမ်းမှုကို ဖြစ်​စေတယ်။
မေတ္တာ သည် (အ​ဒေါသ) ဖြစ်ပါတယ်။

☘ စိတ်မှာ ဖြစ်​ပေါ်တဲ့ Positive Emotions နှင့် Negative Emotions များ အ​ပေါ်မူတည်ပြီး ခန္ဓာကိုယ်မှာရှိတဲ့ Cell သန်း​ပေါင်းများစွာက ပြောင်းလဲ ဖြစ်​ပေါ်လာပါတယ်။

☘ Positive Emotion ဖြစ်တဲ့ မေတ္တာဓါတ်ရှိသူသည် ရုပ်ပိုင်းဆိုင်ရာ ကြည်လင်မှု ဖြစ်ပါတယ်။

☘ ကမ္ဘာကြီး ပူ​​နွေးလာမှုက မေတ္တာဓါတ်များ ခမ်း​ခြောက်လာခြင်း, လောဘ ဒေါသ မောဟ အပူဓါတ်များ တိုးပွားလာခြင်း​ကြောင့်လဲပါ,ပါတယ်။

☘ ပြင်ပက ပူတဲ့ အပူထက် စိတ်ကပူတဲ့ အပူကို လျော့ချဖို့လိုပါတယ်။

☘ မေတ္တာသည် သူတပါးအကျိုးလိုလားခြင်းပါ။
မေတ္တာ ထားတတ်သူက အေးချမ်းမှုကို ရရှိ​စေပါတယ်။

☘ မေတ္တာ Frequency လှိုင်း​တွေက စွမ်းအားကြီးမားပါတယ်။
မေတ္တာ ပွားပါ,
မေတ္တာ ထားပါ။

☘ မေတ္တာထား တတ်ခြင်းသည် စိတ်ဓါတ် မြင့်မားခြင်း တစ်မျိုးပင်ဖြစ်ပါတယ်။

☘ သက်​​ရောက်မှုတိုင်း တန်ပြန်သက်​​ရောက်မှုရှိပါတယ်။
မေတ္တာထားသူ မေတ္တာပိုရပါတယ်။

☘ အေးချမ်း​အောင် မေတ္တာပွားပါ။
မိမိကိုယ်က စပြီး
မိသားစုတစ်​ယောက်ချင်းဆီကို
မိတ်​ဆွေ တစ်​ယောက်ချင်းဆီကို
စိတ်ထဲ အေးချမ်းကြပါ​စေ လို့
၁၀ မိနစ်​လောက် မေတ္တာ ဓါတ်​တွေ ပို့ လွှတ်ကြည့်ပါ။

☘ အရင်ဆုံး မိမိ စိတ်​အေးချမ်းရပါတယ်။

☘ ယခု စာကို ဖတ်​နေရသူ အားလုံး ကျန်းမာ ချမ်းသာပါ​စေ။
ဘဝ အပူ​တွေ လျော့နည်းပါ​စေ..

Address

Yangon

Telephone

+959422526415

Website

Alerts

Be the first to know and let us send you an email when Baby Laura posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Baby Laura:

Shortcuts

Share