Myeik Maung Taik Seafood

Myeik Maung Taik Seafood အရည်အသွေးပြည့်မှီ လတ်ဆတ်သန့်ရှင်းသော ပုစွန်၊ ကင်းမွန်များကို လက်လီ၊ လက်ကား မှာယူရရှိနိုင်ပါပြီ။

🙏ကဆုန်လပြည့် ဗုဒ္ဓနေ့🙏ကဆုန်လပြည့်နေ့မှာ ❝‌ဗျာ၊ ဖွား၊ ပွင့်၊ စံ❞ ဖြစ်တော်လေးမျိုးစလုံး တိုက်ဆိုင်ခဲ့သောကြောင့် ကဆုန်လပြည့...
22/05/2024

🙏ကဆုန်လပြည့် ဗုဒ္ဓနေ့🙏

ကဆုန်လပြည့်နေ့မှာ ❝‌ဗျာ၊ ဖွား၊ ပွင့်၊ စံ❞ ဖြစ်တော်လေးမျိုးစလုံး တိုက်ဆိုင်ခဲ့သောကြောင့် ကဆုန်လပြည့် ❝‌ဗုဒ္ဓနေ့❞ ဆိုပြီး ခေါ်စမှတ်ပြုခဲ့ကြတာပဲဖြစ်ပါတယ်။

ဒီလို နေ့ထူးနေ့မြတ်လေးမှာ ဘုရားပွင့်တော်မူရာ အထိမ်းအမှတ်ဖြစ်တဲ့ ဗောဓိညောင်ပင်များကို ရေသွန်းလောင်းကြရင်း တရားဓမ္မများ ပွားများအားထုတ်နိုင်ကြပါစေလို့ 🦐𝐌𝐲𝐞𝐢𝐤 𝐌𝐚𝐮𝐧𝐠 𝐓𝐚𝐢𝐤 𝐒𝐞𝐚𝐟𝐨𝐨𝐝 မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင့်။📿

#ဗုဒ္ဓအခါတော်နေ့
#ကဆုန်လပြည့်နေ့

👩‍👧 International Mother's Day 👩‍👧ယနေ့ ၂၀၂၄ခုနှစ်၊မေလ (၁၂)ရက်နေ့ဟာ ကမ္ဘာပေါ်ရှိဘယ်အရာနဲ့မှ နိူင်းယှဥ်ပြီးတန်ဖိုးဖြတ်လို့...
12/05/2024

👩‍👧 International Mother's Day 👩‍👧

ယနေ့ ၂၀၂၄ခုနှစ်၊မေလ (၁၂)ရက်နေ့ဟာ ကမ္ဘာပေါ်ရှိဘယ်အရာနဲ့မှ နိူင်းယှဥ်ပြီးတန်ဖိုးဖြတ်လို့မရတဲ့ ကျေးဇူးရှင်မွေးမိခင်တို့ကို ဂုဏ်ပြုသော အနေဖြင့် အပြည်ပြည်ဆိုင်ရာ အမေများနေ့ဟူ၍ သတ်မှတ်ပြီး ဂုဏ်ပြုကြတာပဲဖြစ်ပါတယ်။

ဒါကြောင့်ယနေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမေများနေ့ မှာ ကမ္ဘာပေါ်ရှိမေမေများအားလုံး စိတ်ချမ်းသာ၊ကိုယ်ကျန်းမာစွာနဲ့နေနိုင်ပြီး နေ့ရက်တိုင်းမှာရွှင်လန်းချမ်းမြေ့ပါစေလို့ 𝐌𝐲𝐞𝐢𝐤 𝐌𝐚𝐮𝐧𝐠 𝐓𝐚𝐢𝐤 𝐒𝐞𝐚𝐟𝐨𝐨𝐝 မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

Mother's Day
#ကမ္ဘာ့မိခင်များနေ့

❝‌အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုပါ၏❞မေလ (၁) ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့မှာ ကမ္ဘ...
01/05/2024

❝‌အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုပါ၏❞

မေလ (၁) ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့မှာ ကမ္ဘာပေါ်ရှိ နေရာဒေသအသီးသီး၊ နယ်ပယ်အသီးသီးမှာ တာဝန်ထမ်းဆောင်လျက်ရှိတဲ့ အလုပ်သမားများအားလုံးကို 🦐𝐌𝐲𝐞𝐢𝐤 𝐌𝐚𝐮𝐧𝐠 𝐓𝐚𝐢𝐤 𝐒𝐞𝐚𝐟𝐨𝐨𝐝 မိသားစုမှ လေးစားနွေးထွေးစွာဖြင့် ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်။🥰


#အလုပ်သမားနေ့

😇နှစ်ဆန်းတစ်ရက်နေ့မှစ၍ ရွှင်လန်းချမ်းမြေ့ကြပါစေ 😇မြန်မာသက္ကရာဇ် ၁၃၈၆ ခု၊ တန်ခူးလဆန်း (၉) ရက်နေ့ကတော့ မြန်မာနှစ်ဆန်း (၁) ...
17/04/2024

😇နှစ်ဆန်းတစ်ရက်နေ့မှစ၍ ရွှင်လန်းချမ်းမြေ့ကြပါစေ 😇

မြန်မာသက္ကရာဇ် ၁၃၈၆ ခု၊ တန်ခူးလဆန်း (၉) ရက်နေ့ကတော့ မြန်မာနှစ်ဆန်း (၁) ရက်နေ့ပဲ ဖြစ်ပါတယ်။ဒီလိုနှစ်ဆန်းတစ်ရက်နေ့မှာ ဗုဒ္ဓရုပ်ပွားတော်များအားရေသပ္ပာယ်ခြင်း၊ကျောင်းကန်ဘုရားများ၌ ဥပုသ်သီလဆောက်တည်ခြင်း စတဲ့ကုသိုလ်ကောင်းမှုများ အသီးသီးပြုလုပ်ကြပါတယ်။

ဒါကြောင့်ဒီနှစ်ဆန်းတစ်ရက်နေ့မှစ၍ ကုသိုလ်ကောင်းမှုများပြုလုပ်နိုင်ပြီး အေးချမ်းသောနေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ပါစေလို့ Myeik Maung Taik Sea Food မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် 🙏

Maung Taik_Sea Food
#နှစ်ဆန်းတစ်ရက်နေ့

😇မင်္ဂလာအပေါင်းနှင့်ပြည့်စုံသောနှစ်သစ်ဖြစ်ပါစေ 😇နှစ်ဟောင်းကုန်၍ နှစ်သစ်ကူး သင်္ကြန်ကာလနှစ်သစ်မှာစိတ်ချမ်းသာ၊ကိုယ်ကျန်းမာ...
13/04/2024

😇မင်္ဂလာအပေါင်းနှင့်ပြည့်စုံသောနှစ်သစ်ဖြစ်ပါစေ 😇

နှစ်ဟောင်းကုန်၍ နှစ်သစ်ကူး သင်္ကြန်ကာလနှစ်သစ်မှာစိတ်ချမ်းသာ၊ကိုယ်ကျန်းမာ၍ ဘေးအန္တရာယ်အပေါင်းမှ လွတ်မြောက်၍ စီးပွားလာဘ်လာဘများတိုးပွားကာ မင်္ဂလာအပေါင်းနှင့်ပြည့်စုံသောနှစ်သစ်ဖြစ်ပါစေ ကြောင်း Myeik Maung Taik-Sea Food မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

Maung Taik – Sea Food
# သင်္ကြန်အကြိုနေ့
# မင်္ဂလာအပေါင်းနှင့်ပြည့်စုံသောနှစ်သစ်ဖြစ်ပါစေ

😇တပေါင်းလပြည့်နေ့မှာကျရောက်တဲ့ အဖေများနေ့ကိုဂုဏ်ပြုကြိုဆိုလိုက်ပါတယ် 😇တပေါင်းလသည် မြန်မာလများတွင် တစ်နှစ်တာ၏နောက်ဆုံးလ (...
24/03/2024

😇တပေါင်းလပြည့်နေ့မှာကျရောက်တဲ့ အဖေများနေ့ကိုဂုဏ်ပြုကြိုဆိုလိုက်ပါတယ် 😇

တပေါင်းလသည် မြန်မာလများတွင် တစ်နှစ်တာ၏နောက်ဆုံးလ (၁၂)လမြောက်ဖြစ်ပါတယ်။ရှေးယခင်က တပေါင်းလပြည့်နေ့တွင် သဲပုံစေတီပွဲဓလေ့ကျင်းပလေ့ရှိပြီး ယခုခေတ်နောက်ပိုင်းမှာတော့ ဘုရားပွဲတော်များကျင်းပပြုလုပ်လာကြပြီး တပေါင်းလပွဲတော် ဟုလည်းခေါ်ဆိုလာကြပါတယ်။

ဒါ့အပြင် ယနေ့ ၂၀၂၄ခုနှစ်၊မတ်လ(၂၄) ရက်နေ့ဟာ ❝အဖေများနေ့ ❞လည်းဖြစ်ပါတယ်နော်။ဒါကြောင့် ❝အဖေများနေ့ ❞ မှာ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အဖေများအားလုံး စိတ်ချမ်းသာ၊ကိုယ်ကျန်းမာသောနေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းရင်း ကျွန်တော်တို့ Myeik Maung Taiik Sea Food မိသားစုမှ ကျေးဇူးရှင် ဖေဖေတို့ရဲ့ ❝အဖေများနေ့ ❞ကို ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်။

Maung Taik Sea Food
#တပေါင်းလပြည့်နေ့
#အဖေများနေ့

Address

အမှတ်/၁၃၀ (အေ)၊ မြေညီထပ်၊ ဗညားဒလလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။
Yangon

Telephone

+959965115336

Website

Alerts

Be the first to know and let us send you an email when Myeik Maung Taik Seafood posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share