16/04/2026
🌸 ချစ်ရသော Customer များခင်ဗျာ 🌸
ဦးစွာပထမ တစ်နှစ်ပတ်လုံး ကျွန်တော်တို့ဆိုင်ကို ယုံကြည်စိတ်ချစွာနဲ့ အစဉ်တစိုက် အားပေးလာကြတဲ့ မိတ်ဟောင်း၊ မိတ်သစ် Customer များအားလုံးကို အထူးပင် ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်ခင်ဗျာ။ လူကြီးမင်းတို့ရဲ့ အားပေးမှုက ကျွန်တော်တို့အတွက် အင်အားဖြစ်စေသလို ရှေ့ဆက်ပြီး ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေပေးနိုင်ဖို့လည်း တွန်းအားတစ်ခုဖြစ်စေပါတယ်။
လာမယ့် မြန်မာနှစ်သစ်ကူး အခါသမယမှာ ဆိုင်ဝန်ထမ်းများ အနားယူနိုင်ရန်နှင့် နှစ်သစ်မှာ စိတ်သစ်၊ လူသစ်ဖြင့် ပြန်လည်ဝန်ဆောင်မှုပေးနိုင်ရန်အတွက် -
📅 နှစ်ဆန်း (၁) ရက် နှင့် (၂) ရက်
(ဧပြီလ ၁၇ ရက် နှင့် ၁၈ ရက်)
အဆိုပါ (၂) ရက်ကို ဆိုင်ခေတ္တပိတ်ထားမည်ဖြစ်ပြီး ဧပြီလ (၁၉) ရက်နေ့မှစတင်ကာ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ် ရောင်းချပေးသွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
မြန်မာနှစ်သစ်မှာ လူကြီးမင်းတို့အားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းများနှင့် ပြည့်စုံပြီး လိုအင်ဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာ။ 🙏