BurmaRoad Dxb

BurmaRoad Dxb ဆိုင်ဆိုတာထက် စုရပ်လေး ဆုံမှတ်လေးတခု အိမ်လွမ်းတဲ့သူတွေရဲ့ အလွမ်းပြေနေရာ အိမ်ချက်လေးနဲ့ စာအုပ်လေးနဲ့..

ဘာဟင်းမှကိုမလိုတဲ့သားအမိနှစ်ယောက်ရဲ့ နေ့လည်စာ…ခုမှ စားရမှာပါ…စားကြပါဦးရှင်…ပုဇွန်ငပိချက်( မေမေက ငါးမစားလို့) ၊ ငါးကြင်းဖ...
15/06/2026

ဘာဟင်းမှကိုမလိုတဲ့သားအမိနှစ်ယောက်ရဲ့ နေ့လည်စာ…

ခုမှ စားရမှာပါ…စားကြပါဦးရှင်…

ပုဇွန်ငပိချက်( မေမေက ငါးမစားလို့) ၊ ငါးကြင်းဖြူ ငပိချက် (buffet) ထဲပါပါတယ်။

#ထမင်းစားမယ်

14/06/2026

Buffet ready ပါရှင်…ဟင်းစုံပြီးလားမေးနေတဲ့သူများစုံပါပြီရှင်။
Main ဟင်းတွေကတော့
ဇရစ်ရိုးချဉ်ပေါင်ပုစွန်ဆိတ်ကြော်
ငါး‌ပြေမဟင်း
အမဲနှပ်ဟင်း
ကြက်အချင်းတိုင်

အရံ့ဟင်းတွေကတော့
ခရမ်းသီးနှပ်
ငါးနီတူကြော်
ကြက်အူချောင်းကြော်
ကန်စွန်းရွက်ကြော်
ပဲဇောင်းခါးသီးသုပ်
ဘူးသီးဟင်းခါး
ငပိရည် တို့စရာအစုံ
#ထမင်းစားမယ်

Disclaimer: No copyright ownership claimed. Background music belongs to its respective owner(s). Full credit to the original artist and creator.

14/06/2026

🔥 When your chef is too good with the wok… even the flames stop to watch. Kitchen ထဲဝင်တိုင်း အမလေး တရတာ ခဏခဏ..အသာလုပ်ပါ Chef ရယ်။ 🫣❤️🤭 ChefLife MumsKitchen

ဘာလေးစားစာ ထမင်းလေးနဲ့မှ ဆိုတဲ့ သူတွေရှိကြလား။ နိုးလာတော့ အိမ်ကို သတိရလို့ ရန်ကုန်မှာ စားနေကြ အန်တီဥမ္မာဆီက ခေါက်ဆွဲနဲ့ ...
14/06/2026

ဘာလေးစားစာ ထမင်းလေးနဲ့မှ ဆိုတဲ့ သူတွေရှိကြလား။

နိုးလာတော့ အိမ်ကို သတိရလို့ ရန်ကုန်မှာ စားနေကြ အန်တီဥမ္မာဆီက ခေါက်ဆွဲနဲ့ ညှပ်ခေါက်ဆွဲ အရောသုပ်လေးနဲ့ ထမင်းကြမ်းလေးနဲ့ သွားစားလိုက်တယ်။

တို့အိမ်က မုန့်ဟင်းခါးဆိုလည်း ထမင်းလေးထည့်စား…ခေါက်ဆွဲကြော်လည်း ထမင်းနဲ့စား…. သရက်သီးဆိုလည်း ထမင်းလေးနဲ့စား..ဒူးရင်းသီးလည်း ထမင်းနဲ့စားတာ…ယူတို့ရော ဘာတွေ ထမင်းနဲ့တွဲစားသေးလဲ ပြောပြပါဦး။

အိမ်အလွမ်းပြေလေး စကားတွေပြောရအောင်…

#အိမ်အလွမ်း

13/06/2026

In Yangon, tea shops are where friendships are nurtured, stories are shared, and memories are made.

One of my fondest childhood memories is having breakfast with my father at our local tea shop on quiet mornings. Nearly three years ago, we brought that feeling to life at Burma Road — creating a place where people can gather, enjoy authentic Burmese flavors, and feel the warmth of home.
Come and experience the true taste of Myanmar, heartfelt hospitality, and moments worth remembering at Burma Road. ☕🇲🇲❤️

Burmese Breakfast Buffet
🕘 Every Saturday & Sunday | 9:00 AM – 12:00 PM
ရန်ကုန်က teashop လေးတွေမှာ မိတ်ဆွေတွေ ဆုံကြ၊ စကားဝိုင်းတွေ ဖွဲ့ကြ၊ အမှတ်တရတွေ ဖန်တီးကြတဲ့ နေရာလေးပါ။ ငယ်ငယ်က ပါပါးနဲ့အတူ မနက်ခင်း breakfast သွားစားခဲ့ကြတဲ့ မိသားစု အမှတ်တရလေးကို Burma Road မှာ ပြန် အသက်သွင်းထားခဲ့တာ ၃ နှစ်နီးပါးရှိပါပြီ။
အိမ်အရသာစစ်စစ်၊ နွေးထွေးတဲ့ ဧည့်ဝတ်ကျေပွန်မှုနဲ့ အမှတ်တရအခိုက်အတန့်တွေကို ခံစားလိုက်ပါဦးရှင်။ 🇲🇲❤️ DubaiFoodies WhereMemoriesMeetFlavor

12/06/2026

The background music in this video showcases the beauty of Myanmar’s rich musical heritage through the graceful sound of the Saung Gauk (Myanmar Harp). Its timeless melodies have been passed down through generations, carrying stories, emotions, and traditions that continue to touch hearts today. Burmaroad_Dxb a place where we connect you with real Burma and her’s rich culture.

ဒီဗီဒီယိုထဲက နောက်ခံတေးသံဟာ မြန်မာ့ဂီတယဉ်ကျေးမှုရဲ့ အလှတရားကို ဖော်ပြထားတာပါ။ နူးညံ့သိမ်မွေ့တဲ့ စောင်းကောက် သံစဉ်တွေက ရာစုနှစ်များစွာတိုင်အောင် မြန်မာ့ရိုးရာ၊ အနုပညာနဲ့ ခံစားချက်တွေကို သယ်ဆောင်လာခဲ့ပါတယ်။

စောင်းသံလေးတွေကြားရင်း မြန်မာပြည်ရဲ့ နွေးထွေးမှု၊ အမှတ်တရတွေနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ခဏတာ ပြန်လည်ခံစားကြည့်လိုက်ပါဦးရှင်။ © 2026 Burma Road Dubai. All rights reserved.
The original composition remains the property of its respective creators. Copyright is claimed only for this specific recording, arrangement, performance, and audiovisual production.

11/06/2026

တုတ်နဲ့ထိုးထားတာ စားမလား။ ချဉ်ငံစပ်သုပ်ထားတာ ထမင်းပူလေးနဲ့စားမလား။ ကြိုက်သလိုစား အရမ်းကောင်း အရမ်းကြိုက်ပြီး ကြာသပတေးနေ့တိုင်း လက်လွတ်မခံနိုင်တဲ့ အမဲအူသုပ်နဲ့ အမဲအူ တုတ်ထိုးပါရှင်။

ရေး….ရပါပြီတဲ့ရှင့်။ Set လိုက်လေးမှာစားရင် အရမ်းတန်သောနော်။ ထမင်းဖြူလေး ပါမှာလိုက်နှစ်ယောက်စားလို့ရတာလေး…ကြာဇံချက်လေးပဲသ...
10/06/2026

ရေး….ရပါပြီတဲ့ရှင့်။

Set လိုက်လေးမှာစားရင် အရမ်းတန်သောနော်။ ထမင်းဖြူလေး ပါမှာလိုက်နှစ်ယောက်စားလို့ရတာလေး…

ကြာဇံချက်လေးပဲသောက်ချင်တာဆိုလည်း မပြစ်မကြဲ အနေတော်လေးကွယ်။ သူ့အရသာက ဘယ်လိုပြောရမလဲဆိုတော့ Oishi!!! 🤭🍽️☺️

Hoteliers Discount ပေးတာ မသိသေးတဲ့ မိတ်ဆွေများအတွက် ထပ်မံအသိပေးပါရစေရှင် 💙🏨 Hoteliers များအတွက် 20% Discount + Free Deli...
09/06/2026

Hoteliers Discount ပေးတာ မသိသေးတဲ့ မိတ်ဆွေများအတွက် ထပ်မံအသိပေးပါရစေရှင် 💙

🏨 Hoteliers များအတွက် 20% Discount + Free Delivery

✅ ဆိုင် Deli မှာ Order တင်တဲ့အခါ “Hotelier” ဖြစ်ကြောင်း ပြောပေးပြီး Hotel ID Card ကို WhatsApp မှ ပို့ပေးပါရှင်။

🚚 Free Delivery
• နေ့လည် 12:00 PM မှ ညနေ 5:00 PM အတွင်း Order များအတွက် Free Delivery ရရှိပါမယ်။
• ညနေ 5:00 PM နောက်ပိုင်း Order များတွင် ပုံမှန် Delivery Fees သက်မှတ်ထားသော်လည်း 20% Discount ကို ဆက်လက်ရယူနိုင်ပါတယ်ရှင်။

🍽️ Dine-in
• Weekdays များတွင် ဆိုင်သို့လာရောက်သုံးဆောင်ပါက 20% Discount ရယူနိုင်ပါတယ်။

❌ Weekends နှင့် Buffet Promotion များတွင် Discount မပါဝင်ပါဘူးရှင်။

Burma Road မှာ အိမ်ချက်လက်ရာ မြန်မာအစားအစာများကို Hoteliers မိတ်ဆွေများအတွက် အထူးဈေးနှုန်းဖြင့် လာရောက်အားပေးနိုင်ပါတယ်ရှင် ❤️

08/06/2026

ဟိတ်…Monday ည မောင်ကြီးအလုပ်က အပြန် ဘာမှမချက်ရသေးလဲ BR ကဟင်းတွေနဲ့ မျက်နှာလုပ်လို့ရတယ်လို့။ 🤭

ငါးမြင်းဆီပြန်ဟင်း
ကင်းမွန်ချဥ်စပ်ဟင်း
ပုဇွန်အစပ်ကြော်

အရံ့ဟင်းကတော့
ပန်းပွင့်ကြော်
ငါးနီတူကြော်
ကြက်ဥငံပြာချက်
ကန်စွန်းရွက်ကြော်
အရွက်အစုံသုပ်
မုန်လာဥချဥ်ဟင်း
ငပိရည် တို့စရာအစုံနဲ့သာကျွေးလိုက် ဆွေမျိုးပါ မေ့သွားစေရမယ်။

Address

Shop-09 Bella Rose Building
Dubai

Opening Hours

Monday 11:00 - 23:00
Tuesday 11:00 - 23:00
Wednesday 11:00 - 23:00
Thursday 11:00 - 23:00
Friday 11:00 - 12:00
12:00 - 11:00
Saturday 00:00 - 12:00
12:00 - 00:00
Sunday 00:00 - 23:00

Telephone

+971545053696

Alerts

Be the first to know and let us send you an email when BurmaRoad Dxb posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BurmaRoad Dxb:

Share