Mangoon

Call Directions Website

Mangoon Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mangoon, Asian Fusion Restaurant, Jumeirah Bay X1, Jumeirah Lakes Towers, Dubai.

🎉 Mangoon ၏ နှစ်ပတ်လည်အထိမ်းအမှတ် အထူးအစီအစဉ် 🎉မင်္ဂလာပါရှင့်။Mangoon ကို အစဉ်တစိုက် အားပေးချစ်ခင်ပေးကြတဲ့ မိတ်ဆွေများအာ...
03/11/2026

🎉 Mangoon ၏ နှစ်ပတ်လည်အထိမ်းအမှတ် အထူးအစီအစဉ် 🎉

မင်္ဂလာပါရှင့်။

Mangoon ကို အစဉ်တစိုက် အားပေးချစ်ခင်ပေးကြတဲ့ မိတ်ဆွေများအား ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် အထူးစီစဉ်ထားသော Mangoon Gift Voucher Promotion ကို ဝမ်းမြောက်စွာ မိတ်ဆက်ပေးလိုက်ရပါသည်ရှင့်။

ယခုလို Thanksgiving, Christmas နှင့် New Year Festive Season အနီးကပ်လာချိန်တွင် ကိုယ့်အတွက်ဖြစ်စေ၊ ချစ်ခင်ရသူများအတွက်ဖြစ်စေ အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်နိုင်ရန် Mangoon Gift Voucher များကို အထူးဈေးနှုန်းဖြင့် ဝယ်ယူနိုင်ပြီ ဖြစ်ပါသည်။

ထို့အပြင် မွေးနေ့၊ မင်္ဂလာနှစ်ပတ်လည်၊ Family Gathering များနှင့် အခြားသော အထူးအခါသမယများတွင်လည်း အကောင်းဆုံးလက်ဆောင်တစ်ခုအဖြစ် ပေးအပ်နိုင်ပါသည်။

✨ Promotion Period04 November – 24 November 2026

🎁 Special Offer

• AED 300 Gift Voucher ကို AED 250 ဖြင့် ဝယ်ယူနိုင်ပါသည်။
• AED 500 Gift Voucher ကို AED 400 ဖြင့် ဝယ်ယူနိုင်ပါသည်။

Mangoon ၏ Signature Dishes များ၊ နွေးထွေးပျူငှာသော ဝန်ဆောင်မှုများနှင့် အမှတ်တရ Dining Experience များကို သင်ချစ်ခင်ရသူများအား လက်ဆောင်ပေးနိုင်မည့် အထူးအခွင့်အရေးဖြစ်ပါသည်။

📌 Terms & Conditions

• Gift Voucher များသည် အရေအတွက်ကန့်သတ်ထားသောကြောင့် တစ်ဦးလျှင် အများဆုံး (၂) စောင်သာ ဝယ်ယူနိုင်ပါသည်။
• Voucher သက်တမ်းမှာ ဝယ်ယူသည့်နေ့မှစ၍ (၃) လ ဖြစ်ပါသည်။
• ငွေလွှဲချေပြီးပါက Online Voucher ကို ၂၄ နာရီအတွင်း Email မှတစ်ဆင့် ပေးပို့ပေးသွားမည် ဖြစ်ပါသည်။
• Physical Voucher ကို ငွေပေးချေပြီး ၄၈ နာရီအကြာတွင် ဆိုင်၌ လာရောက်ထုတ်ယူနိုင်ပါသည်။
• Voucher များကို Dine-In Only အတွက်သာ အသုံးပြုနိုင်ပြီး ကြိုတင် Reservation ပြုလုပ်ထားရန် လိုအပ်ပါသည်။
• Voucher အသုံးပြုချိန်တွင် Physical Voucher ကို တင်ပြပေးရမည် ဖြစ်ပါသည်။
• Voucher တစ်စောင်လျှင် တစ်ကြိမ်သာ အသုံးပြုနိုင်ပြီး ကျန်ရှိသော လက်ကျန်တန်ဖိုးအား ငွေသားအဖြစ် ပြန်လည်ထုတ်ယူခွင့် မရှိပါ။
• အခြားသော Promotion များ၊ Discount များနှင့် တွဲဖက်အသုံးပြုခွင့် မရှိပါ။
• Terms & Conditions များနှင့် ပတ်သက်၍ Mangoon Management ၏ ဆုံးဖြတ်ချက်သာ နောက်ဆုံးနှင့် အတည်ဖြစ်ပါသည်။

📩 Voucher များ ဝယ်ယူလိုပါက Messenger သို့မဟုတ် WhatsApp မှတစ်ဆင့် ဆက်သွယ်ပြီး Mangoon Official Bank Account Details များကို တောင်းယူနိုင်ပါသည်။

Festive Season ကို ချစ်ခင်ရသူများနှင့်အတူ အရသာရှိသော စားသောက်ဖွယ်ရာများ၊ အမှတ်တရအချိန်များဖြင့် ပိုမိုထူးခြားစေဖို့ Mangoon Gift Voucher Promotion ကို လက်မလွတ်စေလိုပါရှင့်။

🙏 အစဉ်တစိုက် အားပေးမှုများအတွက် အထူးကျေးဇူးတင်ရှိပါသည်။

❤️ Mangoon မှာ ဆုံကြမယ်နော်။

***အောက်ပါ ပုံများမှာ Sample အဖြစ် ပြသ ထားခြင်းသာ ဖြစ်ပါတယ်...***

မင်္ဂလာပါရှင် …..Mangoon ဆိုင်လေး ဖွင့်ခဲ့တာ အခုဆို တစ်နှစ် ရှိခဲ့ပါပြီ။Mangoon ကို ယခင်ကရော ယခုမှပါ လာရောက် အားပေးကြတဲ့...
03/11/2026

မင်္ဂလာပါရှင် …..

Mangoon ဆိုင်လေး ဖွင့်ခဲ့တာ အခုဆို
တစ်နှစ် ရှိခဲ့ပါပြီ။

Mangoon ကို ယခင်ကရော ယခုမှပါ လာရောက် အားပေးကြတဲ့ မိတ်ဆွေ တယောက်ချင်းစီကို Mangoon Team မှ ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။

မိတ်ဆွေတို့ရဲ့ အားပေးမှုကို ကျေးဇူးတုံ့ပြန်တဲ့ အနေနဲ့ အထူး အစီအစဉ်လေး တခုစီစဉ်ထားပါတယ်နော်။

အဲ့ဒါလေးက ဘာဖြစ်မလဲ ဆိုတာတော့ …..

မနက်ဖန်မှာ အစီအစဉ်အသေးစိတ်လေးကို တင်ပြပေးမှာမို့ အားလုံး‌စောင့်ပေးဖို့ မေတ္တာရပ်ခံပါတယ်ရှင်။

တဆက်တည်းပြောချင်တာက အစီအစဉ် လေးက အရေအတွက်နဲ့ အချိန်အကန့်အသတ်ရှိတာမို့ အသင့်ပြင်ထားကြဖို့ မှာကြားလိုပါတယ်။

မနက်ဖန်မှာ ဆုံမယ်နော်။

ကျေးဇူးအထူးတင်လျက် .... 🙏

မင်္ဂလာပါ …..Google Review လေးတွေ ရေးပေးခဲ့ကြတဲ့အတွက် Mangoon Team တစ်ခုလုံး ပီတိဖြစ်ရသလို အရမ်းလည်း တန်ဖိုးထားရပါတယ်။ရှ...
01/11/2026

မင်္ဂလာပါ …..
Google Review လေးတွေ ရေးပေးခဲ့ကြတဲ့အတွက် Mangoon Team တစ်ခုလုံး ပီတိဖြစ်ရသလို အရမ်းလည်း တန်ဖိုးထားရပါတယ်။

ရှေ့ဆက်ပြီး ပိုကောင်းအောင် ကြိုးစားပါ့မယ် 💪

Mangoon မှာ ဆုံကြမယ်နော် ချစ်တယ် 🤍







အားလုံးပဲ Super Sunday ပါမာလာဘဲစပ်လား၊ အင်ဒိုကြက်ကြော်လား၊ ငါးသံပုရာပေါင်းလား…ဘယ်ဟာပိုကောင်းလဲ မေးရင်တော့  တစ်ခုရွေးဖို့...
31/10/2026

အားလုံးပဲ Super Sunday ပါ

မာလာဘဲစပ်လား၊ အင်ဒိုကြက်ကြော်လား၊ ငါးသံပုရာပေါင်းလား…

ဘယ်ဟာပိုကောင်းလဲ မေးရင်တော့
တစ်ခုရွေးဖို့ထက် သုံးခုလုံးစားဖို့ပဲ စိတ်ကူးမိတယ် 😁

တစ်ဖက်က မလိုအပ်ရင် မေ့လိုက်လို့ရပေမယ့်
အရသာရှိတာတွေကိုတော့ မေ့ထားလို့မရဘူးနော် 🤭

Fall in Love မဟုတ်တော့ဘူး…
Fall in MANGOON ဖြစ်နေပြီ ❤️

TikTok: https://www.tiktok.com/?_r=1&_t=ZS-9Atmjv5W9h3




Happy Weekend ပါ 🎉 သတိတရနဲ့ လာရောက်အားပေးကြတဲ့ တစ်ဦးချင်းစီတိုင်းကို စိတ်ရင်းနဲ့ ကျေးဇူးတင်ပါတယ်ရှင်။ “နောက်တစ်ခေါက် ထပ်...
30/10/2026

Happy Weekend ပါ 🎉

သတိတရနဲ့ လာရောက်အားပေးကြတဲ့ တစ်ဦးချင်းစီတိုင်းကို စိတ်ရင်းနဲ့ ကျေးဇူးတင်ပါတယ်ရှင်။

“နောက်တစ်ခေါက် ထပ်လာခဲ့မယ်နော်” ဆိုတဲ့ စကားလေးတွေ ကြားရတိုင်းလည်း တကယ်ကိုဝမ်းသာ တန်ဖိုးထားမိပါတယ်။

ပိုလည်း ကြိုးစားပါ့မယ်။

ဒီနေ့ ဘာစားရမလဲ ? 🤔
စဉ်းစားမနေနဲ့တော့၊ Mangoon ကိုသာလာခဲ့လိုက်တော့နော် 😁

With all our love,
Your MANGOON Team 🫶🏻

ဆောင်း၀င်လာတဲ့နေ့ရက်တွေနဲ့အတူ ရာသီဥတုဟာ သူ့ရင်ခွင်လို မနွေးထွေးတော့ပါဘူး ❄️❄️❄️ဂရုစိုက်ပေးမယ့်သူ လိုနေပီထင်တယ် ☺️☺️☺️အဲ့...
29/10/2026

ဆောင်း၀င်လာတဲ့နေ့ရက်တွေနဲ့အတူ ရာသီဥတုဟာ
သူ့ရင်ခွင်လို မနွေးထွေးတော့ပါဘူး ❄️❄️❄️

ဂရုစိုက်ပေးမယ့်သူ လိုနေပီထင်တယ် ☺️☺️☺️

အဲ့အတွက်တော့ စိတ်မပူပါနဲ့

MANGOON ရဲ့
🍲 ထမင်းပေါင်းပူပူလေး
🌶️ အရသာစုံတဲ့ ရခိုင်စာလေးတွေ
🍜 အမဲမာလာမြီးရှည် စပ်စပ်လေးတွေနဲ့
လာမယ့်နေ့တွေကို နွေးနွေးထွေးထွေး ဖြတ်သန်းကြမယ်နော်။

အပြင်မှာအေးသလိုဖြစ်လာပေမယ့် MANGOON မှာတော့ နွေးနွေးထွေးထွေးပါပဲ။

မျှော်နေမယ်နော် 🤗





ပစ်ထားရတာ မောနေရောပေါ့။ ရော့ .. Frozen mint & lime  လေးသောက်လိုက်ပါဦးအမောပြေသွားအောင်လို့ (စတာပါ) 🤭သူလေးနဲ့ လိုက်ဖက်တဲ့ ...
28/10/2026

ပစ်ထားရတာ မောနေရောပေါ့။

ရော့ .. Frozen mint & lime လေးသောက်လိုက်ပါဦး
အမောပြေသွားအောင်လို့ (စတာပါ) 🤭

သူလေးနဲ့ လိုက်ဖက်တဲ့ ထိမိဂွိ မာလာဘဲစပ် လည်းရှိသေးတယ်နော်။

Mangoon မှာတွေ့ကြမယ်နော် 🫶🏻

TikTok: https://www.tiktok.com/?_r=1&_t=ZS-9Atmjv5W9h3

📍 Mangoon Asian Restaurant, JLT Cluster X

27/10/2026

တစ်ခါတလေ အိမ်ကိုလွမ်းတယ်ဆိုတာ အိမ်ကိုပဲ လွမ်းတာမဟုတ်ပါဘူးနော် …..

အရင်ကသောက်ခဲ့ဖူးတဲ့ လက်ဖက်ရည်အရသာလေး၊ ဘာမှမထူးခြားခဲ့ပေမယ့် အခုကျမှ ပြန်သတိရနေမိတဲ့ နေ့ရက်လေးတွေကိုပါ လွမ်းမိတာမျိုး။

အရင်အချိန်လေးတွေကို သတိရနေတယ်ဆိုရင် အမှတ်တရလေးတွေ ပြန်ခံစားရင်း စကားစမြည်လေး ပြောဖို့ MANGOON မှာတွေ့ကြမယ်နော် 🤍

TikTok: https://www.tiktok.com/?_r=1&_t=ZS-9Atmjv5W9h3

📍 Mangoon Asian Restaurant, JLT Cluster X

မင်္ဂလာပါ…..ပျော်ရွှင်စရာ သီတင်းကျွတ်အခါသမယလေး ဖြစ်ပါစေရှင် 🪔ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး၊ ကောင်းခြင်းမင်္ဂလာအဖြာ...
25/10/2026

မင်္ဂလာပါ…..

ပျော်ရွှင်စရာ သီတင်းကျွတ်အခါသမယလေး ဖြစ်ပါစေရှင် 🪔

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး၊ ကောင်းခြင်းမင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံကာ၊ စီးပွားလာဘ်လာဘများလည်း ဒီရေအလားတိုးပွားကြပါစေလို့ MANGOON မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။

အရသာကောင်းမွန်မှုတွေနဲ့အတူ ပျော်ရွှင်မှုတွေကို မျှဝေပေးဖို့ MANGOON က အသင့်ရှိနေပါတယ်နော်။

ဆုံကြမယ်နော် 🤩

📍 Mangoon Asian Restaurant, JLT Cluster X

မင်္ဂလာပါ.....Mangoon က မိတ်ဆွေတို့ရဲ့ အားပေးမှုကို အထူးကျေးဇူးတင်တဲ့ အနေနဲ့ Online Platforms  မှ မှာယူ စားသုံးသူများအတွ...
23/10/2026

မင်္ဂလာပါ.....

Mangoon က မိတ်ဆွေတို့ရဲ့ အားပေးမှုကို အထူးကျေးဇူးတင်တဲ့ အနေနဲ့
Online Platforms မှ မှာယူ စားသုံးသူများအတွက်
ဒီနှစ်ကုန်ထိ 10% Discount လေး ပေးထားပါတယ်....

ဒီထက်မက ဈေးတွေလျှော့ပေးချင်ပေမယ့်လည်း ဒီခေတ်အခြေအ‌နေအရ တတ်နိုင်သလောက် ပြန်ပေးနိုင်တာ‌လေးပါ...🙏

မိတ်ဆွေတို့ ကြိုက်တဲ့ အစားအစာကို ကြိုက်သလောက် မှာယူလိုက်တော့နော်...🏃‍♀️‍➡️🏃‍♀️🏃‍➡️🚴🚴‍♀️

ဆိုင်ဖွင့်ချိန် နေ့ခင်း ၁၂ ကနေ ည ၁၀:၃၀ ထိ ပိတ်ရက် မရှိ....

📍​Mangoon​ Asian​ Restaurant, JLT Cluster X

Near Sobha Realty Metro station

Address

Jumeirah Bay X1, Jumeirah Lakes Towers
Dubai

Opening Hours

Monday 12:00 - 22:30
Tuesday 12:00 - 22:30
Wednesday 12:00 - 22:30
Thursday 12:00 - 22:30
Friday 12:00 - 22:30
Saturday 09:00 - 22:30
Sunday 12:00 - 22:30

Telephone

+97145529698

Alerts

Be the first to know and let us send you an email when Mangoon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Nearby restaurants