Myanmar Food in Czech

Trasa

Myanmar Food in Czech Kontaktní informace, mapa a trasa, kontaktní formulář, otevírací doba, služby, hodnocení, fotky, videa a oznámení od Myanmar Food in Czech, Barmská restaurace, Praha.

🇲🇲 Home of authentic Myanmar food & culture in Czech Republic
🇨🇿 Domácí barmská kuchyně v Praze
🍲 Mohinga | Laphet Thoke | အကြော်စုံ
📍 Prague Pickup / Delivery
💬 Message to Order

You guys have already seen how our garden looks in summer. So here it is .. our garden in winter! ❄️🥶I guess it’s offici...
15/11/2026

You guys have already seen how our garden looks in summer.

So here it is .. our garden in winter! ❄️🥶

I guess it’s officially time to take out those winter jackets, wrap ourselves up and be strong!

Winter is here! - 3°C

မြင်းခွါရွက်သုပ် ၊ မြင်းခွါရွက် ဟင်းချိုမြင်းခွါရွက်ကို ပါးပါးလှီး ၊ မြေပဲ၊ ပုဇွန်ခြောက်မှုန့် ၊ သံပရာသီး၊ ဆီချက် များမျ...
15/11/2026

မြင်းခွါရွက်သုပ် ၊ မြင်းခွါရွက် ဟင်းချို

မြင်းခွါရွက်ကို ပါးပါးလှီး ၊ မြေပဲ၊ ပုဇွန်ခြောက်မှုန့် ၊ သံပရာသီး၊ ဆီချက် များများ လေး နဲ့ သုပ်ပါတယ်။

မြင်းခွါရွက်က ရေခဲသေတ္တာထဲ ထည့်ထားရင် ကြာကြာခံပါတယ်။ တခါ ဝယ်ရင် ၂-၃ ခါ လောက် သုပ်စားလို့လဲရ ၊ ဟင်းချို ချက်သောက်လဲရ တော့ အဆင်ပြေ၊

And of course .. it is delicious 😋

Mushroom soup (Asian Style) Very light, very simple, very mushroomy!Ingredients: Onion, celery stick, Oyster Mushrooms, ...
14/11/2026

Mushroom soup (Asian Style)
Very light, very simple, very mushroomy!

Ingredients: Onion, celery stick, Oyster Mushrooms, soft tofu, Mushroom seasoning.

And of course .. it is delicious 😋

ချက် ဘဲကင် / ဘဲငန်းကင် ချက်နိုင်ငံ မှာ 11.11.2026 နေ့က စိန့် မာတင် နေ့ပါ။ အဲ့နေ့မှာ ဘဲ / ဘဲငန်း ကင် စားပြီး ဩဂတ်လတုန်းက ...
14/11/2026

ချက် ဘဲကင် / ဘဲငန်းကင်

ချက်နိုင်ငံ မှာ 11.11.2026 နေ့က စိန့် မာတင် နေ့ပါ။ အဲ့နေ့မှာ ဘဲ / ဘဲငန်း ကင် စားပြီး ဩဂတ်လတုန်းက လုပ်ထားတဲ့ ဝိုင် ကို ထုတ်သောက်ကြတာပါ။ ဝိုင်က တော့ မကောင်း (မကြိုက်) ၊ သို့သော် ဘဲကင်/ဘဲငန်း ကင်ကတော့ အရမ်းကောင်းတာပါ။ ဘဲ/ဘဲငန်း ရဲ့ အသား ၊ အသည်း တို့ကို အမျိုးစုံ လုပ်စားကြတာပါ။ (ဆောင်းတွင်းပိုအေးတော့မှာဆိုတော့ ဘဲ/ဘဲငန်း တို့ ကို အထူးတလည်စောင့်ရှောက် ကျွေးမွေးရပါတယ် ၊ အဲ့လို ဂရုမစိုက်နိုင်လို့ အအေးဒါဏ် မခံနိုင်ဘဲ သေမယ့်အတူတူ ချက်စားတဲ့ သဘောပါပဲ)

အကင်ကို ဂေါ်ဖီချဉ် ၊ ခရမ်းရောင် ဂေါ်ဖီ (အချို) ၊ အာလူး နဲ့ လုပ်ထားတဲ့ ပန်ကိတ် ၊ czech dumpling တို့နဲ့ စားရတာပါ၊ မြန်မာ ပါးစပ် နဲ့ ကိုက်ပါတယ် (ကျမ တော့ ကြိုက်)

သို့သော် မြန်မာ ဘဲကင် နဲ့တော့ မလဲ နိုင်ပါရှင် ။

ကဲ ဒီနေ့တော့ ခေါက်ဆွဲကြော် ဘာမှ ထူးထူးခြားခြား တော့မဟုတ် ခေါက်ဆွဲကိုပြုတ်ပြီး ခရုဆီ ၊ Superior Dark soy Sauce တို့နဲ့ နယ...
13/11/2026

ကဲ ဒီနေ့တော့ ခေါက်ဆွဲကြော်

ဘာမှ ထူးထူးခြားခြား တော့မဟုတ် ခေါက်ဆွဲကိုပြုတ်ပြီး ခရုဆီ ၊ Superior Dark soy Sauce တို့နဲ့ နယ်ထား၊
အသားကိုအရင်ကြော် ၊ နောက် အသီးအရွက်တွေထည့်ကြော် ကျက်ပြီဆိုရင်၊ ခုဏ နယ်ထားတဲ့ ခေါက်ဆွဲထည့်မွှေ ၊ အဲ့ဆို ရပါပြီ။ (အရမ်းအမွှေစိန်လုပ်လို့မရ၊ ဖွဖွလေးမွှေပေးမှ ခေါက်ဆွဲတွေ မပြတ်တောက်)

And of course .. it is delicious 😋

PS : ခေါက်ဆွဲကြော်မှာ သကြားထည့်ကြော်ရင် ပိုစားကောင်းသလိုထင်လို့ သကြားနည်းနည်း ထည့်ပါတယ်။ ခေါက်ဆွဲကိုတော့ အိအိလေးစားချင်လို့ ဂျုံခေါက်ဆွဲ သုံးပါတယ် ၊ ကျေးဇူး ။

ဟိုနေ့က ပေါင်းစားရမလား ချက်စားရမလား ဖြစ်နေတဲ့ ဂဏန်းသူက ပြုတ်ပြီးခဲထားတာဆိုတော့ အသင့်စားယုံပဲ ပြန်ပြုတ်ရင် အသားတွေကပ်သွား...
13/11/2026

ဟိုနေ့က ပေါင်းစားရမလား ချက်စားရမလား ဖြစ်နေတဲ့ ဂဏန်း
သူက ပြုတ်ပြီးခဲထားတာဆိုတော့ အသင့်စားယုံပဲ ပြန်ပြုတ်ရင် အသားတွေကပ်သွားမှာ ဆိုးလို့ အေးတဲ့ အနေအထားမှာပဲ စားလိုက်တယ် ၊ ဂဏန်း အမ ဆိုတော့ အသားပြည့်ပြီး ဥ တွေ လဲ အပြည်နဲ့ အရသာတကယ်ချိုပြီး ကောင်းပါတယ် ။

And of course .. it is delicious 😋

ခရမ်းချဉ်သီး ငပိချက်နွေရာသီတုန်းက ကိုယ်တိုင်စိုက်ထားတဲ့ ခရမ်းချဉ်သီးတွေ စားမကုန်တော့ အမျိုးမျိုးလုပ်စားဖြစ်တဲ့အထဲမှာ ခရမ...
12/11/2026

ခရမ်းချဉ်သီး ငပိချက်

နွေရာသီတုန်းက ကိုယ်တိုင်စိုက်ထားတဲ့ ခရမ်းချဉ်သီးတွေ စားမကုန်တော့ အမျိုးမျိုးလုပ်စားဖြစ်တဲ့အထဲမှာ ခရမ်းချဉ်သီး ငပိချက်ကတော့ အကြိုက်ဆုံးပဲ။

ခရမ်းချဉ်သီးတွေ ပေါတဲ့အချိန်မှာ Preserved လုပ်ထားပြီး ရောင်းလို့ရမလား ဆိုပြီး စမ်းသပ်မှုတွေလုပ်ပေါ့။ တာရှည်ခံဆေးတွေ မသုံးဘဲ ရှေးနည်းအတိုင်း သေချာ Sterilized လုပ်ပြီး သိမ်းဆည်းတဲ့နည်း ကို သုံးထားပါတယ်။ အချိန်ယူပြီး သေချာစမ်းသပ်ပြီးတဲ့နောက် အခုတော့ အဆင်ပြေပြေ ရောင်းပေးနိုင်ပါပြီ။
အရသာကတော့ စားဖူးတဲ့သူတိုင်း “ကောင်းတယ်” လို့ ပြောကြတဲ့အတွက် ကိုယ်တိုင်လည်း တော်တော်ကျေနပ်ရပါတယ်။

ပါဝင်ပစ္စည်းတွေကတော့
• ခရမ်းချဉ်သီး
• ငရုပ်သီးစိမ်း
• ဆီ
• ဆား
• ငရုပ် (ပါပရီကာ)
• ကြက်သွန်ဖြူ / ကြက်သွန်နီ
• ပုဇွန်ခြောက်မှုန့်
• ပုဇွန်ခြောက်
• ငပိ
• ငံပြာရည်

1 bottle — 160 g | 220 CZK

ဒီတစ်ခေါက်တော့ Limited Order Only ပါ။
လိုချင်သူတွေ Message Box ကနေ မှာယူနိုင်ပါတယ်။

And of course .. it is delicious 😋

လက်ဖက် က ရေနွေးကြမ်းနဲ့ သာ မက ဝိုင်နဲ့လဲ လိုက်ဖက်ပါကြောင်း 🤣
11/11/2026

လက်ဖက် က ရေနွေးကြမ်းနဲ့ သာ မက ဝိုင်နဲ့လဲ လိုက်ဖက်ပါကြောင်း 🤣

ဂဏန်း ဂဏန်းကြိုက်တဲ့ ကျမ အတွက်တော့ ချက်နိုင်ငံ မှာက ဂဏန်းစားရဖို့က mission တခုပဲ  အခုတော့ Scotland ကလာတဲ့ ဂဏန်း တကောင် ဝ...
11/11/2026

ဂဏန်း

ဂဏန်းကြိုက်တဲ့ ကျမ အတွက်တော့ ချက်နိုင်ငံ မှာက ဂဏန်းစားရဖို့က mission တခုပဲ

အခုတော့ Scotland ကလာတဲ့ ဂဏန်း တကောင် ဝယ်ထားတယ် ဘယ်လို လုပ်စားရမလဲ မသိသေးဘူး၊ ဂဏန်းပေါင်း လား ဂဏန်း မဆလာ လား ၊ ဂဏန်း ၁ ကောင်နဲ့ ကျမ အလုပ်ရှုပ်မှု 🤣

11/11/2026

Adresa

Praha

Otevírací doba

Pondělí 08:00 - 22:00
Úterý 08:00 - 22:00
Středa 08:00 - 22:00
Čtvrtek 08:00 - 22:00
Pátek 08:00 - 22:00
Sobota 09:00 - 22:00
Neděle 09:00 - 22:00

Upozornění

Buďte informováni jako první: pošleme vám e-mail, když Myanmar Food in Czech zveřejní novinky a akce. Vaši e-mailovou adresu nepoužijeme k žádnému jinému účelu a odběr můžete kdykoli zrušit.

Odkazy

Sdílet