Shwe Kan Kaw Tea House - Hlaing Branch

Shwe Kan Kaw Tea House - Hlaing Branch Clean, Delicious food & the best dining area

22/03/2023

ဆိုင်မှာလာရောက် အားပေးပြီး အတွေ့အကြုံကို မျှဝေပေးသွားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်လည်း အားရောက်အားပေးဖို့ ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။

ရွှေကံကော် (လှိုင်) အနေနဲ့ ချစ်လှစွာသော Customers တွေအတွက် ပိုမိုကောင်းမွန်နဲ့ ဝန်ဆောင်မှု နဲ့ အစားအသောက်များကို အမြဲမပျက် ဦးစားပေးဆောင်ရွက်လျက်ရှိရာ Customers တွေရဲ့ တုံ့ပြန်မှု Feedback ကလည်း အရမ်းအရေးကြီးလှပါတယ်။

ရွှေကံကော်(လှိုင်) မိသားစုဘက်မှ လိုအပ်ချက်တွေ ရှိခဲ့ရင်လည်း ပြုပြင် ပြင်ဆင်နိုင်ဖို့အတွက်
ရင်တွင်းစကားသံလေးတွေကို အလိုရှိနေပါတယ်။

ဒီတော့ ရွှေ‌ကံကော် ကို အလည်တစ်ခေါက်ရောက်ခဲ့ဖူးသူတွေအနေနဲ့ ဝန်ဆောင်မှုနဲ့ အစားအသောက်တွေအပေါ် စိတ်ကျေနပ်မှုရှိကြောင်း ချီးမွမ်းစကားခြွေရင်း အားပေးခဲ့လို့ရသလို လိုအပ်ချက်တွေကိုလည်း Comment လေးမှာ ချန်ပေးခဲ့မယ်ဆိုရင်တော့ အထူးကျေးဇူးတင်မိမှာပါ....🙏💛

ရွှေကံကော် (လှိုင်မြို့နယ်)
📍အမှတ် (၃)၊ လှိုင်မြစ်လမ်းနှင့် အေးရိပ်မွန်လမ်းသွယ်ထောင့်၊ (၃) ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
☎️ဖုန်း -09980016658 / 09969082597

လွမ်း​မောဖွယ် နွေ​ဦးရာသီအစမှာ လန်းဆန်းတက်ကြွ​နေဖို့ ဖျော်ရည်အေးအေး လေးတွေ နဲ့ ဧည့်ခံပါရစေ။စိတ်​ရောကိုယ်ပါ လန်းဆန်း​စေမယ...
13/03/2023

လွမ်း​မောဖွယ် နွေ​ဦးရာသီအစမှာ လန်းဆန်းတက်ကြွ​နေဖို့ ဖျော်ရည်အေးအေး လေးတွေ နဲ့ ဧည့်ခံပါရစေ။

စိတ်​ရောကိုယ်ပါ လန်းဆန်း​စေမယ့် သစ်သီးဖျော်ရည်​လေး‌တွေက တော့ သဘော်သီး၊ နာနတ်သီး၊ ပန်းသီး၊ ငှက်ပျော်သီး နဲ့ ဥနီ ဖျော်ရည်တို့ဖြစ်ပါတယ်။

သစ်သီးဖျော်ရည် အေးအေး လေးသောက်ပြီး ​နွေရာသီအလှကို တစိမ့်စိမ့်ခံစားရင်း အပူဒဏ်ကိုကျော်ဖြတ်လိုက်ရ​အောင်!

ရွှေကံကော် (လှိုင်မြို့နယ်)
📍အမှတ် (၃)၊ လှိုင်မြစ်လမ်းနှင့် အေးရိပ်မွန်လမ်းသွယ်ထောင့်၊ (၃) ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
☎️ဖုန်း -09980016658 / 09969082597

ဒါ လက်ဖက်ရည် သောက်ရမယ့်အချိန်ပဲ !လက်ဖက်ရည်သောက်ပြီဆိုရင် ပုံမှန်လား ကျဆိမ့်လား ချိုဆိမ့်လား ပေါ့ဆိမ့်လား? ပုံမှန်ပဲဖြစ်ဖ...
24/02/2023

ဒါ လက်ဖက်ရည် သောက်ရမယ့်အချိန်ပဲ !

လက်ဖက်ရည်သောက်ပြီဆိုရင် ပုံမှန်လား ကျဆိမ့်လား ချိုဆိမ့်လား ပေါ့ဆိမ့်လား?

ပုံမှန်ပဲဖြစ်ဖြစ်၊ ကျဆိမ့်ပဲဖြစ်ဖြစ်၊ချိူဆိမ့်ပဲဖြစ်ဖြစ်၊ ပေါ့ဆိမ့်ပဲဖြစ်ဖြစ် ရွှေကံကော် လက်ဖက်ရည်အားလုံးက လျှာစည်းစိမ်ကို အပြည့်အဝပေးစွမ်းနိုင်တာကြောင့် ရွှေကံကော်(လှိုင်) ကို လာပြီး ‌လျှာနတ်ပြည်ပို့လိုက်တော့နော်။ 🤗

သန့်ရှင်းလတ်ဆတ်တဲ့ပြင်ဆင်မှုတွေနဲ့ Customer များကိုအကောင်းဆုံးတွေပဲပေးနိုင်အောင် အစဉ်အမြဲကြိုးစားနေတာမို့ လာရောက်သုံးဆောင်ကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ အားပေးမှုအတွက်ကျေးဇူးတင်ပါတယ်။

ရွှေကံကော် (လှိုင်မြို့နယ်)
📍အမှတ် (၃)၊ လှိုင်မြစ်လမ်းနှင့် အေးရိပ်မွန်လမ်းသွယ်ထောင့်၊ (၃) ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
☎️ဖုန်း -09980016658 / 09969082597

ကဲ .....ဒီ တစ်ခါ မိတ်ဆက်ပေးချင်တဲ့ မီနူးအသစ်ကတော့ အရက်သမားထမင်းပဲဖြစ်ပါတယ်။အရက်သမားထမင်းဆိုလို့ အရက်၊ဘီယာတွေနဲ့ ချက်ထားတ...
21/02/2023

ကဲ .....ဒီ တစ်ခါ မိတ်ဆက်ပေးချင်တဲ့ မီနူးအသစ်ကတော့ အရက်သမားထမင်းပဲဖြစ်ပါတယ်။

အရက်သမားထမင်းဆိုလို့ အရက်၊ဘီယာတွေနဲ့ ချက်ထားတယ် မထင်လိုက်နဲ့နော် 🤫

လတ်ဆတ်တဲ့ ပုစွန်ရယ်၊ ပြည်ကြီးငါးရယ်၊ ကင်းမွန်ရယ်ကို ငရုတ်သီးနိုင်နိုင်လေးနဲ့ ချဉ်စပ်ချက်ထားတော့ ခံတွင်းမြိန်စေမှာ အမှန်ပါပဲ။

နေပြန်ကောင်းခါစ ချဉ်စပ်လေးစားချင်လှပါပြီဆိုရင်တော့ ခံတွင်းရှင်းပြီး စားမြိန်စေဖို့ဆိုရင်တော့ အရက်သမားထမင်းကိုသာ‌ ရွေးချယ်ဖို့ အကြံပြုပါရစေနော်

တစ်ခါစားဖူးပြီး အကြိုက်တွေ့စေတဲ့ ဟင်းလျာတွေကို သုံးဆောင်ချင်ရင်တော့ ရွေကံကော်ကိုသာရွေးချယ်လိုက်ပါနော်။

နေအိမ်မှ အလွယ်တကူမှာယူနိုင်အောင်လည်း Free Delivery Service လည်း စီစဉ်ပေးထားပါသေးတယ်။

ရွှေကံကော် (လှိုင်မြို့နယ်)
📍အမှတ် (၃)၊ လှိုင်မြစ်လမ်းနှင့် အေးရိပ်မွန်လမ်းသွယ်ထောင့်၊ (၃) ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
☎️ဖုန်း -09980016658 / 09969082597

အာဟာရကြွယ်ဝပြီး အရသာပြည့်ဝတဲ့ အစားအသောက်ဆွေဟာ ကျွန်တော်တို့လူသားတိုင်းအတွက် လိုအပ်ပါတယ်။ အစားအသောက်တွေဆီက ရတဲ့ အာဟာ ခွန်...
14/02/2023

အာဟာရကြွယ်ဝပြီး အရသာပြည့်ဝတဲ့ အစားအသောက်ဆွေဟာ ကျွန်တော်တို့လူသားတိုင်းအတွက် လိုအပ်ပါတယ်။ အစားအသောက်တွေဆီက ရတဲ့ အာဟာ ခွန်အားနဲ့ပဲ နေ့ရက်တိုင်းကို ဖြတ်ကျော်ရှင်သန်နေတာ မဟုတ်လားဗျာ?

မိုးလင်းတာနဲ့ ကော်ဖီပူပူ၊ လက်ဖက်ရည်ပူပူလေး သောက်လိုက်ရမှ၊
မနက်စာဆိုရင် ပလာတာ၊ မုန့်ဟင်းခါးလေး စားပြီး ဗိုက်ဖြည့်လိုက်ရမှ၊
ထမင်းစားချိန်မှာလည်း ဝက်သား၊ ကြက်သားပင်လယ်စာနဲ့ အသီးအရွက်ကြော် ဖွယ်ဖွယ်ရာရာ စားရမှ၊
ဟင်းရည်ပူပူလေးရယ်၊ လတ်ဆတ်တဲ့ အကြော်၊ အလှော်၊ အထောင်းနဲ့ အသုပ်တွေပါ စုံစုံလင်လင် ရနေမှ၊
အချိုတည်းဖို့ အသီးဖျော်ရည် အေးအေးလေးတွေ ရှိနေမှ ဆိုပြီး တစ်နေရာတည်းမှာ အားလုံးကို လိုချင်နေတဲ့ မိတ်ဆွေများအတွက်တော့ ရွှေကံကော်(လှိုင်)က အသင့်ရှိပါတယ်။

သန့်ရှင်းလတ်ဆတ်တဲ့ ကုန်ကြမ်းတွေ၊ သူမတူဘဲ အရသာရှိစေမယ့် ချက်ပြုတ်နည်းများဖြင့် လှိုင်မြို့နယ်ရှိ ရွှေကံကောါ လက်ဖက်ရည်ဆိုင်ဟာ စားသုံးသူတိုင်းကို စိတ်ချမ်းသာစေရအောင် ဝန်ဆောင်မှုပေးနေပါတယ်။

ရွှေကံကော် (လှိုင်မြို့နယ်)
📍အမှတ် (၃)၊ လှိုင်မြစ်လမ်းနှင့် အေးရိပ်မွန်လမ်းသွယ်ထောင့်၊ (၃) ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
☎️ဖုန်း -09980016658 / 09969082597

ကျန်းမာရေးနဲ့ ညီညွတ်ပြီး နေ့ရက်တိုင်းမှာ လန်းဆန်းနေစေဖို့ မုန်လာဥနီဖျော်ရည် 🥕🥕!! မုန်လာဥနီဖျော်ရည်သောက်သုံးခြင်းဖြင့် လိ...
28/01/2023

ကျန်းမာရေးနဲ့ ညီညွတ်ပြီး နေ့ရက်တိုင်းမှာ လန်းဆန်းနေစေဖို့ မုန်လာဥနီဖျော်ရည် 🥕🥕!!

မုန်လာဥနီဖျော်ရည်သောက်သုံးခြင်းဖြင့် လို့ကိုယ်ခံအားကိုကောင်းမွန်ပြီး ကင်ဆာရောဂါကာကွယ်ပေးတယ်၊ အသားအရေလှပစေတယ်၊ အရိုးသန်မာစေတယ် စသဖြင့် အများကြီးပါပဲ။

မုန်လာဥနီထဲမှာ မရှိမဖြစ် အင်ဇိုင်းတွေ၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ စတဲ့ အာဟာရဓာတ်တွေ အပြည့်အဝ ပါ၀င်နေပါတယ်။ အမျှင်ဓာတ်၊ ဗီတာမင် B1 ၊ B2 ၊ B6 ၊ ဗီတာမင် C ၊ ဗီတာမင် K ၊ ဘိုင်အိုတင် (Byron) ၊ ဖော့စ်ဖရပ်စ် (Phosphide)၊ ဆိုဒီယမ် (Sodium)၊ ပိုတက်စီယမ် (Potassium) နဲ့ သိုင်ယာမင်းဓာတ် စသည်တို့လည်း အများအပြားပါ၀င်ပါတယ်။

ဒီလို ကောင်းကျိုးတွေရရှိတဲ့ မုန်လာဥနီဖျော်ရည်ကို ရွှေကံကော် (လှိုင်) မှာ သုံးဆောင်လို့ရနေပါပြီနော် ။ 😊

နေအိမ်မှ အလွယ်တကူမှာယူနိုင်အောင်လည်း Free Delivery Service လည်း စီစဉ်ပေးထားပါသေးတယ်။

ရွှေကံကော် (လှိုင်မြို့နယ်)
📍အမှတ် (၃)၊ လှိုင်မြစ်လမ်းနှင့် အေးရိပ်မွန်လမ်းသွယ်ထောင့်၊ (၃) ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
☎️ဖုန်း -09980016658 / 0996908259

နံနက်စာမစားဘဲနေခြင်းကြောင့် ခန္ဓာကိုယ်တွင်းဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးတွေကိုသိလား?မနက်စာဆိုတာ တစ်နေ့တာရဲ့အရေးကြီးဆုံးအ...
24/01/2023

နံနက်စာမစားဘဲနေခြင်းကြောင့် ခန္ဓာကိုယ်တွင်းဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးတွေကိုသိလား?

မနက်စာဆိုတာ တစ်နေ့တာရဲ့အရေးကြီးဆုံးအစာအနေနဲ့ ရည်ညွှန်းထားကြပါတယ်။ ဒါပေမဲ့ တချို့လူတွေက မနက်စာမစားဖြစ်ကြတာများပါတယ်။ အိပ်ရာနောက်ကျလို့ နေ့ခင်းစာနဲ့ပေါင်းစားဖြစ်ကြပါတယ်။ တချို့ကတော့ အလုပ်များနေလို့ မနက်စာမစားဖြစ်ကြတာပါ။ မနက်စာမစားရင်တော့ ဆိုးကျိုးတွေရလာနိုင်ပါတယ်။ အဲဒီဆိုးကျိုးတွေကတော့

နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

လေ့လာမှုတစ်ခုအရ မနက်စာမစားတဲ့ အမျိုးသားတွေက မနက်စာ စားတဲ့သူတွေထက် နှလုံးတိုက်ခိုက်ခံရနိုင်ခြေ 27% ပိုများပါတယ်။ ဒါ့အပြင် မနက်စာ မစားတဲ့သူတွေက နာတာရှည် နှလုံးသွေးကြောရောဂါတွေဖြစ်တဲ့ သွေးတိုး၊ လေဖြတ်ခြင်း စတာတွေ ဖြစ်နိုင်ခြေ ပိုများပါတယ်။

အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နိုင်ခြေ များပါတယ်။

မနက်စာ စားကျင့်မရှိတဲ့ အမျိုးသမီးတွေက နေ့စဉ် မနက်စာ စားတဲ့သူတွေနဲ့ယှဉ်ရင် အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ပိုများပါတယ်။ ပိုဆိုးတာက မနက်စာ မစားဘဲ အလုပ်လုပ်နေတဲ့ အမျိုးသမီးတွေက ဆီးချိုရောဂါ ဖြစ်နိုင်ခြေ 54% ပိုများပါတယ်။


ကိုယ်အလေးချိန် တက်စေနိုင်ပါတယ်။

လေ့လာမှုတွေအရ မနက်စာ မစားတာရဲ့ နောက်ထပ်ဆိုးကျိုးတစ်မျိုးကတော့ ကိုယ်မှန်းထားသလောက် ကိုယ်အလေးချိန်မကျဘဲ ပိုတက်လာစေပါတယ်။


စိတ်ခံစားမှုနဲ့ အားအင်တွေအပေါ် မကောင်းတဲ့ အကျိုးသက်ရောက်စေပါတယ်။

မနက်စာ မစားတာက အားအင်ကို လျော့ကျစေပြီး မှတ်နိုင်စွမ်းအားကိုလည်း နည်းစေပါတယ်။


ကင်ဆာဖြစ်နိုင်ခြေ များပါတယ်။

မနက်စာ မစားတဲ့အတွက် နေ့ဘက်တွေမှာ အစာပိုစားမိလာကာ အဝလွန်လာပါတယ်။ အဝလွန်တဲ့သူတွေက ကင်ဆာဖြစ်နိုင်ခြေ များပါတယ်။


ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ဖြစ်စေပါတယ်။

တစ်ညလုံး ၁၂ နာရီလောက် အစာမရှိဘဲ နေ့တစ်နေ့ရဲ့ မနက်ခင်းမှာ စားရတဲ့ ပထမဆုံးအစာကို မစားတာ ဖြစ်တဲ့အတွက် သွေးတွင်းသကြားဓာတ်ကို လျော့ကျစေပြီး ခေါင်းတစ်ခြမ်းကိုက်စေပါတယ်။ ဒါကြောင့် ခေါင်းတစ်ခြမ်းကိုက်တာ ပျောက်ချင်တယ်ဆိုရင် မနက်စာ ပုံမှန်စားပါ။


ဆံပင်ကျွတ်ခြင်းကို ပိုဆိုးစေပါတယ်။

မနက်စာ မစားတဲ့ အဓိကဆိုးကျိုးများအနက် တစ်ခုကတော့ ဆံပင်ကျွတ်တာပါ။ မနက်စာဆိုတာ နေ့တစ်နေ့အတွက် မရှိမဖြစ် အရေးကြီးပြီး ဆံပင်မွေးညင်းပေါက်တွေ ကြီးထွားဖို့အတွက် အားပေးပါတယ်။ ဒါကြောင့် ဆံပင်မကျွတ်ဘဲ တောက်ပြောင်တဲ့ဆံသားတွေကို ပိုင်ဆိုင်ချင်တယ်ဆိုရင် အသားဓာတ်ကြွယ်ဝတဲ့ မနက်စားကို နေ့စဉ် စားသုံးပါ။


ဇီဝကမ္မဖြစ်စဉ်အပေါ် အကျိုးသက်ရောက်မှု ရှိပါတယ်။

ကားတွေက လောင်စာဆီမရှိရင် အလုပ်မလုပ်သလိုဘဲ လူတွေမှာလည်း ဇီဝကမ္မဖြစ်စဉ် လည်ပတ်ဖို့အတွက် မနက်စာစားဖို့ လိုပါတယ်။

တကယ်တော့ မနက်စာ စားခြင်းဟာ သင့်ရဲ့ ကျန်းမာရေးကို အများကြီး အထောက်အကူ ပြုနေ ပါတယ်။

ဒါကြောင့် ‌ရွှေကံကော်မှာ အာဟာရပြည်ဝတဲ့ နံနက်စာကို လာရောက်သုံးဆောင်ပြီး နေ့သစ်တစ်ရက်ကို ကျန်းမာပြီး အားအင်ပြည့်ဝစွာဖြတ်သန်းဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 🤗❣️

ရွှေကံကော် (လှိုင်မြို့နယ်)
📍အမှတ် (၃)၊ လှိုင်မြစ်လမ်းနှင့် အေးရိပ်မွန်လမ်းသွယ်ထောင့်၊ (၃) ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
☎️ဖုန်း -09980016658 / 09969082597

ဒီတစ်ခါ မိတ်ဆက်ပေးချင်တာကတော့ သက်သက်လွတ်သမားတွေ အတွက်ပါ။ 🍃🌱သက်သက်လွတ်သမား‌တွေ အတွက် အရသာလည်းရှိ၊ ကျန်းမာရေးကိုလည်း မထိခိ...
16/01/2023

ဒီတစ်ခါ မိတ်ဆက်ပေးချင်တာကတော့ သက်သက်လွတ်သမားတွေ အတွက်ပါ။ 🍃🌱

သက်သက်လွတ်သမား‌တွေ အတွက် အရသာလည်းရှိ၊ ကျန်းမာရေးကိုလည်း မထိခိုက်​စေတဲ့ သီးစုံတန်ပူရာကြော်ပူပူလေးတွေ ရွှေကံကော််မှာ ရနေပါပြီ။

ဒီ သီစုံတန်ပူရာ ထဲမှာဆိုရင်တော့
ဥနီ၊ ငရုတ်ပွစိမ်း၊ ခရမ်းချဉ်သီး၊ ပန်းပွင့်၊ပဲတောင့်ရှည် နှင့် ကြက်သွန်ကြော်တို့ကဲ့ သီးခြားအရသာကို ကြွကြွ မွမွ ရွရွလေး ခံစားရမှာပါ။

အကြော်စုံလေးတွေမှာဆို သန့်ရှင်းပြီး အရသာရှိတဲ့ အချဉ်ရည်လေးပါ တပါတည်းထည့်ပေးထားတာမို့ သန့်ရှင်းလတ်ဆတ်ပြီး ကောင်းမွန်တဲ့အရသာကိုသာ ခံစားနိုင်အောင် ပြင်ဆင်ပေးထားတာပါ။ 💯

ကဲ ဗိုက်ဆာနေပြီလား 😋🤔
👉 အချိန်ကုန် အလုပ်ရှူပ်လဲ သက်သာရမယ်
👉 တန်လဲတန် အရသာလဲရှယ်ကောင်းရမယ်
ဒါဆိုရင်တော့ ရွှေကံကော် ရဲ့ သီးစုံတန်ပူရာကြော်လေးကို မှာစားလိုက်တော့နော် ။

အရသာလည်း ရှယ်၊ ခံတွင်းလည်း မြိန်စေတဲ့အပြင် သန့်ရှင်းမှုကို အဓိကထား ရောင်းချတာ ဖြစ်လို့ စိတ်ချလက်ချသာ စားလိုက်တော့နော် 😇

ရွှေကံကော် (လှိုင်မြို့နယ်)
📍အမှတ် (၃)၊ လှိုင်မြစ်လမ်းနှင့် အေးရိပ်မွန်လမ်းသွယ်ထောင့်၊ (၃) ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
☎️ဖုန်း -09980016658 / 09969082597

ရွှေကံကော် မိတ်ဆွေများကို ဝန်ဆောင်မှုပေးနေတဲ့ ဝန်ထမ်းများနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ရွှေကံကော်ကို ကြွရောက်လာတဲ့ မိတ်ဆွေတွေ ...
09/01/2023

ရွှေကံကော် မိတ်ဆွေများကို ဝန်ဆောင်မှုပေးနေတဲ့ ဝန်ထမ်းများနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ရွှေကံကော်ကို ကြွရောက်လာတဲ့ မိတ်ဆွေတွေ စိတ်ကျေနပ်မှု ရရှိနိုင်အောင် အကောင်းဆုံးဝန်ဆောင်မှုပေး‌နေတာကတော့ ဟောဒီက ရွှေကံကော်က ဝန်ထမ်းတွေပဲဖြစ်ပါတယ်။ ❤️

ဝန်ထမ်းကောင်းတွေ ရှိနေလို့သာ မိတ်ဆွေတို့ကို ကောင်းမွန်တဲ့ အစားအသောက်တွေနဲ့ စိတ်ကျေနပ်နှစ်ခြိုက်စေမယ့် ဝန်ဆောင်မှုတွေ ပေးနိုင်နေတာပါ။

ရွှေကံကော် (လှိုင်) အနေနဲ့ ချစ်လှစွာသော Customers တွေအတွက် ပိုမိုကောင်းမွန်နဲ့ ဝန်ဆောင်မှု နဲ့ အစားအသောက်များကို အမြဲမပျက် ဦးစားပေးဆောင်ရွက်လျက်ရှိနေပါတယ်။

ဒီလိုကောင်းမွန်တဲ့ အစားအသောက်တွေနဲ့ ဝန်ထမ်းတွေရဲ့ ဖော်ရွေပြူငှာမှုကို ခံစားစေချင်ရင်တော့ ရွှေကံကော် (လှိုင်) ကို ကြွရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 🤗

ရွှေကံကော် (လှိုင်မြို့နယ်)
📍အမှတ် (၃)၊ လှိုင်မြစ်လမ်းနှင့် အေးရိပ်မွန်လမ်းသွယ်ထောင့်၊ (၃) ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
☎️ဖုန်း -09980016658 / 09969082597

၂၀၂၃ နှစ်သစ်မှာ မိဘပြည်သူများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာရှိပြီး ဘေးဘယာတွေ ကင်းဝေး နိုင်ပါစေလို့ ရွှေကံကော် မိသားစု...
01/01/2023

၂၀၂၃ နှစ်သစ်မှာ မိဘပြည်သူများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာရှိပြီး ဘေးဘယာတွေ ကင်းဝေး နိုင်ပါစေလို့ ရွှေကံကော် မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်.... 🥰✨

ရွှေကံကော် မိသားစုကလည်း နှစ်သစ်မှာ ပိုမိုကောင်းတဲ့ ဝန်ဆောင်မှုများနဲ့အတူ စားသုံးသူများ စိတ်ကျေနပ်မှု ရရှိနိုင်အောင် ကြိုးစားသွားပါအုံးမယ် 😊🤗

ရွှေကံကော် ရဲ့ ရှယ် နံရိုးပေါင်းဆီချက်လေး စားဖူးကြပြီလား❓ခေါက်ဆွဲ အိအိလေးနဲ့ကို အရသာရှိပြီးတော့ အရည်အသွေးလည်းကောင်းတဲ့ န...
29/12/2022

ရွှေကံကော် ရဲ့ ရှယ် နံရိုးပေါင်းဆီချက်လေး စားဖူးကြပြီလား❓

ခေါက်ဆွဲ အိအိလေးနဲ့ကို အရသာရှိပြီးတော့ အရည်အသွေးလည်းကောင်းတဲ့ နံရိုးပေါင်းနဲ့ ငုံးဥတွေလည်း ပါသေးတယ်။ 👌

အထူးစပယ်ရှယ် ဖြစ်တာမို့ အသားတွေ၊ ခေါက်ဆွဲပါဝင်မှုတွေ၊ အရသာတွေကတော့ စိတ်တိုင်းကျစေမှာပါ 😍

ဆီချက်ခေါက်ဆွဲလေးရဲ့ နူးညံ့မှုကနေတစ်ဆင့် ဝက်နံရိုးရဲ့ ချိုမြတဲ့ အသားအရသာ အထိ ပြည့်စုံစေတာမို့ ဒီဝက်နံရိုးဆီချက်ခေါက်ဆွဲလေး စားဖို့ ညွှန်ပေးချင်ပါတယ်။

နေအိမ်မှ အလွယ်တကူမှာယူနိုင်အောင်လည်း Free Delivery Service လည်း စီစဉ်ပေးထားပါသေးတယ်။

ရွှေကံကော် (လှိုင်မြို့နယ်)
📍အမှတ် (၃)၊ လှိုင်မြစ်လမ်းနှင့် အေးရိပ်မွန်လမ်းသွယ်ထောင့်၊ (၃) ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
☎️ဖုန်း -09980016658 / 09969082597

မနေ့က World Cup Champion အရင်ဆုံးခန့်မှန်းနိုင်တဲ့ ကံထူးရှင်လေးတေပေါ်လာပီနော် Cbမှာ အချက်အလက်လေးတေနဲ့ ph billလေး လာယူလို...
19/12/2022

မနေ့က World Cup Champion အရင်ဆုံးခန့်မှန်းနိုင်တဲ့ ကံထူးရှင်လေးတေပေါ်လာပီနော်

Cbမှာ အချက်အလက်လေးတေနဲ့ ph billလေး လာယူလိုက်တော့နော် 😍

Address

No. 3, Hlaing Station Road
Hlaing
11051

Opening Hours

Monday 05:00 - 21:00
Tuesday 05:00 - 21:00
Wednesday 05:00 - 21:00
Thursday 05:00 - 21:00
Friday 05:00 - 21:00
Saturday 05:00 - 21:00
Sunday 05:00 - 21:00

Telephone

+959980016658

Website

Alerts

Be the first to know and let us send you an email when Shwe Kan Kaw Tea House - Hlaing Branch posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category