08/07/2026
ပုဂံမှာ အခုရက်ပိုင်း
မိုးရွာတာ ရေမပါဘူးဗျ.. 🌧️🌂
ရေမပါဘူး ဆိုတာက
အညာဒေသတွေမှာ
ပြောတတ်ကြတဲ့ စကားပေါ့
အဓိပ္ပာယ်က
မိုးတော့ရွာပေမဲ့
သည်းအောင်မရွာတာ..
စိုစွတ်ရုံလေး ရွာတာကို
ဆိုလိုတာပါ..
အခု ရက်ပိုင်း ပုဂံမှာ
မိုးကရွာတော့ရွာတယ်..
ခဏတဖြုတ် မိုးပြေးလေးပါပဲ..
ပုဂံ ညောင်ဦး ဒေသခံတွေကတော့
ရေပါတဲ့ မိုးကို မျှော်နေကြပေမဲ့
ဧည့်သည်တွေကတော့
အခုလို နေမပူ ရေမပါတဲ့မိုးနဲ့
မိုးအုံ့တာလေးပဲ
ကြိုက်ကြတာများပါတယ်..
ဇူလိုင်လထဲမှာ
ပုဂံမြို့ဆီ ခရီးဆက်မယ်ဆို
အချက်အချာကျတဲ့ F.I.T ညဈေးလမ်းက
My Place ကို သတိရလိုက်နော်.. 📮✉️
My Place Hotel - Bagan
အနော်ရထာလမ်းနှင့် သီရိပစ္စယာ ၄ လမ်းထောင့် (F.I.T Street)၊ ညောင်ဦး၊ ပုဂံ (ယခင် ယာခင်းသာဟိုတယ်)
☎️ Booking & Reservation
061-24600 51 , 09-44 799 1030
#ပုဂံ #ပုဂံခရီးသွား #ညောင်ဦး