Min Htet Myat

Min Htet Myat knowledge

28/06/2023

ကံ ကံ၏အကျိုး

တစ်ခါတုန်းက
လူမိုက်တစ်ယောက်ဟာ ခရီးတစ္ခုကို
ထွက်ခဲ့ပါတယ်။

လမ်းခရီးတစ်လျှောက်လုံး
တွေ့သမျှ အရာအားလုံးကို ပြဿနာရှာပြီး
ဖျက်ဆီးခဲ့တယ်တဲ့။

ချောင်းကိုဖြတ်ပြီးထိုးထားတဲ့ တံတားတစ္ခုနားကို
ရောက်တဲ့အခါမှာ
ချောင်းကိုကူးပြီးတော့ တံတားကို ဖျက်ဆီးခဲ့တယ်။

ဒီလိုနဲ့ ခရီးဆက်ခဲ့တာ
ရေအိုးစင်တစ်ခုကိုလည်း တွေ့ရော
မောမောနဲ့ ရေသောက်ဖို့လုပ်တယ်။

ဖြစ်ချင်တော့
ရေအိုးထဲမှာ ရေက မရှိဘူးတဲ့။

အဲဒါနဲ့ လူမိုက်က အရမ်းဒေါသထွက်ပြီး
ရေအိုးကို ရိုက်ခွဲလိုက်ပြန်တယ်။

အဲဒီလိုနဲ့ ခရီးဆက်သွားရင်း
ညောင်ပင်ကြီးတစ်ပင်အောက်ကို
ရောက်သွားပါတယ်။

အရိပ်ကကောင်းတော့ ခဏနားမယ်ဆိုပြီး
အနားယူနေတဲ့ အချိန်မှာပဲ
ရွှေအိုးတစ်လုံးကို တွေ့ရှိသွားခဲ့တယ်လေ။

လူမိုက်ဟာ အရမ်းကို ပျော်ရွှင်ပြီးတော့
ဝမ်းသာအားရ ဖြစ်သွားပါတော့တယ်။

ထိုနည်းတူစွာပဲ

လူကောင်းတစ်ယောက်ကလည်း
လူမိုက်ထွက်ခဲ့တဲ့ လမ်းခရီးအတိုင်း သွားခဲ့ပါတယ်။
လမ်းခရီးတစ်လျှောက်လုံး ပျက်ဆီးသမျှတွေကို
ပြုပြင်တယ်။

လူမိုကဖျက်ဆီးခဲ့တဲ့ တံတားနားကိုရောက်တဲ့
အခါမှာ

ဟင်
တံတားက ပျက်ဆီးနေပါလား။
ငါဒီအတိုင်းထားခဲ့လိုက်ရင်
ခရီးသွားပြည်သူတွေ ဒုက္ခရောက်မယ် ဆိုပြီး
တံတားကို
ပြန်ပြုပြင်ပေးခဲ့လိုက်ပါတယ်။

လူကောင်းလည်း ခရီးဆက်ထွက်ခဲ့ရာ
လူမိုက်ရိုက်ခွဲခဲ့တဲ့ ရေအိုးစင်နားကို ရောက်တော့
ရေအိုးအသစ်တစ်လုံးဝယ်ပြီး ရေဖြည့်ပေးခဲ့ပြန်တယ်။

အဲဒီလိုနဲ့ ခရီးထွက်လာလိုက္တာ
လူမိုက်ရောက်ရှိခဲ့တဲ့ ညောင်ပင်ကြီးအောက်လည်း
ရောက်ရော
မောလိုက်တာ ဆိုပြီး ထိုင်ချလိုက်တဲ့အချိန်မှာပဲ
သစ်ပင်ပေါ်ကနေ
ညောင်ကိုင်းဟာ ကျိုးကျပြီး ပေါင်ပေါ်ကိုကျကာ
ပေါင်ကျိုးသွားခဲ့ပါတယ်။

အဲဒီတော့
လူကောင်းကငါဒီလောက် ကောင်းမှု့ကုသိုလ်တွေ
လုပ်နေရက်သားနဲ့
ဘာဖြစ်လို့များ ကံဆိုးမိုးမှောင် ကျရတာလဲ လို့
လောကကြီးကို စိတ်ပျက်ပြီး ငြီးတွားနေတဲ့
အချိန်မှာပဲ
သိကြားမင်းက ရောက်လာပြီးတော့ ရှင်းပြပါတယ်။

ပထမလာတဲ့ လူမိုက်သည်
အရင်ဘဝက
ကောင်းမှုကုသိုလ်တွေ အများကြီးလုပ်ခဲ့တဲ့
အတွက်ကြောင့်
ဒီညောင်ပင်ကြီးအောက်ကို ရောက်တဲ့အခါမှာ
ရွှေအိုး လေးလုံးရမှာ ဖြစ်တယ်။

ဒါပေမဲ့
သူသည် အခုလက်ရှိဘဝမှာ မကောင်းမှုတွေလုပ်တာ
များတဲ့အတွက်ကြောင့်
ရွှေအနည်းငယ်နဲ့သာ ကျေနပ်လိုက်ရခြင်း ဖြစ်တယ်။

အသင်ဟာ အရင်ဘဝက
အကုသ်ိုလ်တွေ အများကြီးလုပ်ခဲ့တဲ့အတွက်ကြောင့်
ဒီညောင်ပင်ကြီး အောက်ကို ရောက်တဲ့အချိန်မှာ
ညောင်ကိုင်းပိပြီး သေရမှာ ဖြစ်တယ်။

ဒါပေမဲ့
သင်သည် အခုလက်ရှိဘဝမှာ ကောင်းမှုကုသိုလ်တွေ
အများကြီးလုပ်ခဲ့တဲ့အတွက်ကြောင့်
အသက်မသေပဲ ပေါင်ကျိုးရုံလောက်ပဲ ကျိုးခဲ့ခြင်းဖြစ်တယ်
အသင်လူသား ဆိုပြီး ရှင်းပြခဲ့ပါတယ်။

ဒါကြောင့် သူတော်ကောင်းတို့လည်း
ငါ ကောင်းတာတွေ လုပ်နေရဲ့သားနဲ့ မကောင်းတာတွေပဲ
ဖြစ်နေတယ် လို့
ကိုယ့်ကိုယ်ကို စိတ်ပျက် အားငယ်မနေပါနဲ့။

ရှေးဘဝက မကောင်းခဲ့တဲ့ အကုသိုလ်ကံတွေကြောင့်
အခုလက်ရှိဘဝမှာ
မကောင်းကျိုးတွေ ခံစားနေရတယ် လို့လည်း
မမြင်ရတဲ့ အတိတ်ဘဝကို အပြစ်ပုံချ မနေပါနဲ့။

အခု လက်ရှိပစ္စုပ္ပန်မှာ ကောင်းတာလုပ်ရင်
နောင်လာမယ့်
အနာဂါတ်မှာ ကောင်းကျိုးတွေခံစားရမယ်ဆိုတာ
အသေအချာပါပဲနော်

credit
ထိန်လင်း

29/05/2023

Simle.happy.pain.sad.

22/05/2023
our mind control
31/03/2023

our mind control

VidMeta is the best YouTube video downloader that can easily download YouTube videos 1080p, 4k, 8k on any Android, IOS & Windows device.

KNOWLEDGE
28/03/2023

KNOWLEDGE

28/03/2023

ဗဟုသုတ. ဖြစ်စေမယ် အချက်3ချက် ဖြစ်ပါတယ်ဗျ

Address

Shwe Bo
Shwebo
WWW.MHM

Website

Alerts

Be the first to know and let us send you an email when Min Htet Myat posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category