24/03/2020
💡 CoronaVirus (COVID-19) အဆုတ်ရောင်ရောဂါကိုကာကွယ်နိုင်တဲ့ အချက် (၆) ချက်
ယခုလက်ရှိ အခြေအနေတွင် CoronaVirus (COVID-19) အဆုတ်ရောင်ရောဂါကို ကာကွယ်နိုင်သည့် ဆေးဝါးများ ကမ္ဘာပေါ်တွင် ရှာဖွေမတွေ့ရှိသေးပေမယ့် ရောဂါကူးစက်မှုများကို အောက်ပါနည်းလမ်းများဖြင့် ကြိုတင်ကာကွယ် နိုင်ပါတယ်။ 💁🏻
💡 ၁။ လက်ကိုစင်ကြယ်အောင် မကြာခဏ စနစ်တကျဆေးကြောပါ။ ဆေးကြောတဲ့အခါမှာ လက်ဖဝါး၊ လက်ဖမိုး၊ လက်ခေါက်ချိုး၊ လက်ကြား၊ လက်ချောင်းများမကျန်စေအောင်ဆေးကြောပါ၊ လက်ကောက်ဝတ်အထိဆေးကြောပေးပါ။ Hand Sanitizer ဆောင်ထားပါ။ 🧼
💡 ၂။ နှာချေ၊ ချောင်းဆိုးသည့်အခါ နှာခေါင်းနှင့်ပါးစပ်ကို လုံခြုံအောင် ဖုံးအုပ်ပါ။ လူထူတဲ့နေရာများကို မသွားမဖြစ်သွားရပါက Mask များကို သေချာစနစ်တကျ တပ်ဆင်ပါ။ အခြားသူများနှင့် အနည်းဆုံး ၃ ပေအကွာတွင် နေထိုင်ပါ။ 😷
💡 ၃။ တစ်ရှူးများ၊ တစ်ခါသုံး Mask များ အသုံးပြုပြီးပါက အမှိုက်ပုံးထဲသို့ စနစ်တကျစွန့်ပစ်ပါ။ 🚮
💡 ၄။ ဖျားနာနေသူများ၊ အဆုတ်ရောင်ရောဂါခံစားနေရသူများနှင့် အနီးကပ်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။
💡 ၅။ အာဟာရပြည့်ဝအောင် သေချာစွာ ချက်ပြုတ်စားသောက်ပါ။ 💪
💡 ၆။ တစ်ကိုယ်ရေသန့်ရှင်းမှု ဂရုပြုဆောင်ရွက်ပါ။ ကောင်းစွာ အိပ်စက် အနားယူပါ။ 🛌
ရောဂါလက္ခဏာတစ်ခုခု ခံစားနေရပြီလို့ သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ အမြန်ဆုံးသတင်းပို့ပြီး ကုသမှုခံယူပါ။ မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာအကြံပေးချက်များကို တိကျစွာလိုက်နာပါ။ ⛑🏥................................................................
💡 မိမိနေထိုင်ရာ ပတ်ဝန်းကျင်တွင် COVID – 19 ရောဂါပိုး ကူးစက်ခံရသည်ဟု သံသယရှိပါက ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်ရှင်
📞 Public Health Emergency Operation Center
(ပြည်သူ့ကျန်းမာရေး အရေးပေါ်တုန့်ပြန်ရေးဌာန - နေပြည်တော်)
ဖုန်းနံပါတ် - ၀၆၇ - ၃၄၂၀၂၆၈
📞 Yangon Regional Department of Public Health
(ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန)
ဖုန်းနံပါတ် - ၀၉-၄၄၉၀၀၁၂၆၁ , ၀၉ - ၇၉၄၅၁၀၀၅၇
📞 Mandalay Regional Department of Public Health
(မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန)
၀၉ - ၂၀၀၀၃၄၄ , ၀၉ - ၄၃၀၉၉၅၂၆
📞 Yangon Airport Health Quarantine Unit
(ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ရောဂါပိုးကင်းစင်ရေးအဖွဲ့)
၀၉ - ၇၉၉၉၈၃၈၃၃
ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုမိုကောင်းမွန်တဲ့အတွက် အားလုံးလည်း ဂရုပြုကြဖို့ Café de Angel ကနေ တိုက်တွန်းလိုက်ပါတယ်ရှင်... 🙏🏻
❤️ အားလုံးကျန်းမာချမ်းသာပြီးရောဂါဘယကင်းဝေးကြပါစေလို့ဆုတောင်းလိုက်ပါတယ်။
Café de Angel
Ref: Ministry of Health and Sport, Myanmar
World Health Organization, WHO