Mixed Salads

Mixed Salads Food lover | Story teller ,Mixing life,Flavor and real moments
Welcome to my world

Savor every bite 🤤
09/04/2026

Savor every bite 🤤

09/04/2026

Medium Well

11/03/2026

"ဒီလောက်အပြောခံနေရတာ ပြန်မပြောဘူးလား"
"ဟိုကတော့နင့်ကိုဒီလိုပြောတယ် " စတဲ့ စတဲ့အရာတွေအတွက် ဘာမှ တုံ့ပြန်ခြင်း မပြုတော့တာဟာ self-control ပါပဲ။ လူတိုင်းက ဘာမဆို မှန်ကန်နေကြတာမဟုတ်ပါဘူး ၊ အထင်လွဲတာတွေ ၊ အမြင်စောင်းတာတွေ ၊ ထိမိခိုက်မိကြတာတွေ ရှိမှာပါပဲ။
ဖြေရှင်းနည်းဟာ အော်ဟစ် ရန်ဖြစ် စာတွေစောင်းတင် ဒီလိုနည်းလမ်းတွေပဲရှိနေတာမဟုတ်ပါဘူး။ ဥပေက္ခာတရားဟာ အမြဲတမ်း လက်တစ်ကမ်းမှာ ရှိနေတတ်တာပါပဲ ၊ ရွေးချယ်တတ်ဖို့လိုအပ်ပါတယ်။
Maturity ဆိုတာဟာ မလိုအပ်တဲ့နေရာအတွက် Energy အကုန်ခံမယ့်အစား ခြေတစ်လှမ်းနောက်ဆုတ်ပြီး ကိုယ့်လမ်းကိုယ် ဆက်လျှောက်တာပါပဲ။ မသိလို့တော့ မဟုတ်ဘူး ၊ ဒါပေမယ့် ကိုယ်ပိုင်အချိန်တွေကို ဖဲ့ပေးရမှာ မနှစ်သက်လို့ပါပဲ။ သည်းခံတယ်ဆိုတာဟာ practice လုပ်ယူရတာပါ။ ♥🍀

—

အိပ်မက်တွေဆီလျှောက်ရတဲ့လမ်းကသိပ်ဝေးလွန်းနေတဲ့အခါ ၊ သူများတွေထက် ပိုခက်ခဲတယ်ထင်ရတဲ့အခါလက်လျော့ပစ်ချင်လာတဲ့အခါဒီစကားလေးကို...
05/03/2026

အိပ်မက်တွေဆီလျှောက်ရတဲ့လမ်းကသိပ်ဝေးလွန်းနေတဲ့အခါ ၊ သူများတွေထက် ပိုခက်ခဲတယ်ထင်ရတဲ့အခါ

လက်လျော့ပစ်ချင်လာတဲ့အခါ
ဒီစကားလေးကို တွေးကြည့်ဖို့အကြံပေးချင်တယ်

'' remember why you started''

ဘာကြောင့်ဒီအိပ်မက်ကိုစခဲ့တာလဲ..
ခက်ခဲမယ်ဆိုတာသိပြီးသားပဲ..ဒါပေမဲ့
ဖြစ်ချင်ခဲ့လို့မလား ဒီလမ်းကိုသိပ်သဘောကျခဲ့လို့လေ

တွေ့ဆုံချင်တဲ့လူ ၊ တွေ့ဆုံချင်တဲ့နေရာတွေ
ဖြစ်ချင်တဲ့စိတ်ကူးတွေ..
တွေးကြည့်ရုံနဲ့ သိပ်ပျော်ရွှင်ခဲ့တယ်မလား

သဘောကျတယ်ဆိုရင်အဆုံးထိဆက်သွားရမှာပေါ့...
ခဏအနားယူပြီးရင် ..
ခဏလောက်ဒဏ်ရာတွေကို ဆေးထည့်ပြီးရင်
ပြန်သွားရမှာလေ..။

ထွက်ပြေးချင်တဲ့အခါ အိပ်မက်မက်ခဲ့တဲ့ အတိတ်ကနှလုံးသားကိုပြန်တွေးကြည့်ပါ..။

အဲအချိန်ကစိတ်အားထက်သန်မှုတွေနဲ့ ပြန်စတင်ပါ..။

ဘဝက အရှည်ကြီးကျန်ပါသေးတယ်
ကိုယ့်ကိုယ်ကို ယုံကြည်ရမယ်လေ

အနားယူသင့်ရင် ဘာမှမတွေးပဲအိပ်ချလိုက်
ဝမ်းနည်းလာရင် အော်ဟစ်လိုက်

ပြီးရင်ဆက်သွားနိုင်တယ်မလား..

လိုချင်ရင် ​ရအောင်ယူရမှာပေါ့ကလေးရေ
သဘောကျရင် ပိုင်ဆိုင်ရမှာပေါ့
သေချာပေါက်လုပ်နိုင်မယ်လို့
ယုံကြည်ပါတယ်..

မင်းမှမလုပ်နိုင်ရင်
ဘယ်သူကလုပ်နိုင်မှာတဲ့လဲကွယ်

02/03/2026

ငါကလေ
တစ်ယောက်ယောက်က မချစ်တာကို အထူးတလှယ် သောက်ဂရုစိုက်နေမယ့် မိန်းမ မဟုတ်ဘူး ငါချစ်တဲ့သူတွေက လွဲရင်ပေါ့ ..
အေး ငါချစ်တဲ့သူတွေကလည်း ငါ့ကို သောက်ဂရုမစိုက်ရင် ငါက ချစ်တော့မှာ မဟုတ်ဘူး

ဒါကြောင့်မို့လို့ ငါ့ကိုမယှဥ်နဲ့ လာမယှဥ်နဲ့။

27/02/2026

24/02/2026

အရင်က ဆတ်ဆတ်ထိမခံတဲ့ ကျွန်မက
ဘာလို့ ငြိမ်သွားလဲဆိုတော့
ကျွန်မလက်ကိုင်ထားတဲ့ စကားတစ်ခုရှိတယ်။

"When someone says something very harsh to you, think about it in two ways - If that person is important in your life, forget what they said. If they are not important to you, then forget about them."

တစ်စုံတစ်ဦးက သင့်ကို ထိခိုက်နာကျင်စေတဲ့
စကားပြောလာတဲ့အခါ ၂ခုကိုပြန်စဉ်းစားပါတဲ့

ထိုသူဟာ သင့်ဘဝအတွက် အရေးကြီးတဲ့သူလား
အဲ့ဒါဆို သူဘာပြောလိုက်လဲဆိုတာ မေ့လိုက်ပါ။
ထိုသူဟာ သင့်အတွက် အရေးမကြီးတဲ့သူဆိုရင်တော့
ထိုသူကိုပါ မေ့လိုက်ပါတဲ့

နာကျင်စေတဲ့စကားတွေ ပြောပါများလာရင်တော့ သူတို့ပြောတာလည်း မေ့လိုက်တယ်၊
သူတို့ကိုလည်း မေ့လိုက်တယ်။

ကိုယ့်ဟာကိုယ်တောင် ရှုပ်ထွေးပွေလီနေတဲ့
လောကကြီးမှာ အရေးမပါတဲ့အရာတွေကို
အရာမပေးတဲ့အခါ အရေးပါတဲ့အရာတွေအတွက် နေရာပိုပေးနိုင်လာပါလိမ့်မယ်

22/02/2026

လူကြီးမင်းများ ခင်ဗျာ....

ထမင်းစားတိုင်း လူမဖြစ်နိုင်ပါ...။

20/02/2026

🇲🇲 #💛💛💛

18/02/2026

တချို့ကပြောတယ် “မဆုံးရှုံးသွားခင် တန်ဖိုးထား” တဲ့။

ကိုယ့်အတွက်တော့ တချို့ကိစ္စတွေမှာ ကိုယ်ဆုံးရှုံးသွားပြီးတဲ့အရာက ဘာတန်ဖိုးမှ မရှိတော့ဘူး။ ကိုယ့်အတွက် မဟုတ်တဲ့လူ၊ နေရာ၊ အရာမို့ ဆုံးရှုံးတယ်ဘဲ သဘောထားတယ်။ ဘယ်လိုအကောင်းဆုံး ရှေ့ဆက်မလဲ၊ ပိုကောင်းတဲ့အရာတွေအတွက် ဘယ်လိုကြိုးစားမလဲဘဲတွေးပြီး ရှိနေသေးတဲ့အရာတွေအတွက် grateful ဖြစ်တယ် 🤍 ပြောင်းလဲမရတော့တဲ့ အတိတ်တွေထက် ကိုယ်တိုင်ရွေးချယ်လို့ရတဲ့ အနာဂတ်ကိုဘဲ စိတ်ဝင်စားတယ်။

ဘဝထဲကိုလူတွေအများကြီး ထပ်ရောက်လာမှာထက်. . . .ကိုယ်တွယ်တာမိတဲ့ တစ်စုံတစ်ယောက်သာကိုယ့်အနားက ထွက်ခွာမသွားရင်ပိုကောင်းမယ်။အတ...
15/02/2026

ဘဝထဲကိုလူတွေအများကြီး ထပ်ရောက်လာမှာထက်. . . .
ကိုယ်တွယ်တာမိတဲ့ တစ်စုံတစ်ယောက်သာ
ကိုယ့်အနားက ထွက်ခွာမသွားရင်ပိုကောင်းမယ်။

အတွေ့အကြုံသစ်နဲ့ အခက်ခဲတွေကို . . . .
ထပ်တွေ့ရလည်းဖြစ်ပေမယ့်
အဲ့လူကသာ ပြောင်းလဲမသွားရင်ပိုကောင်းမယ် "

Address

Yagon

Website

Alerts

Be the first to know and let us send you an email when Mixed Salads posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category