Shwe Lwan Thu

Call Directions Contact the business

Shwe Lwan Thu Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Lwan Thu, Khao San Road, Yangon.

ဖနောင့်အတက်   အသက်.. ၄၀ ကျော်ပြီးနောက်ပိုင်း တော်တော်များများ ဖနောင့်နာလို့ ဖနောင့်အတက်ဖြစ်လို့ ပြောကြတာတွေ့ရသလို ကိုယ့်...
21/10/2026

ဖနောင့်အတက်
အသက်.. ၄၀ ကျော်ပြီးနောက်ပိုင်း တော်တော်များများ ဖနောင့်နာလို့ ဖနောင့်အတက်ဖြစ်လို့ ပြောကြတာတွေ့ရသလို ကိုယ့်အသိမိတ်ဆွေတွေလည်း ဖြစ်ဖူးကြ ဖြစ်နေကြတယ် ။
ကျမအသက် ၄၅ ကျော်လောက်မှာ စဖြစ်တယ်။
မနက်အိပ်ရာထချိန် အဆိုးဆုံးပဲ။ လှုပ်လှုပ်ရှားရှားအရှိန်ရသွားရင် နည်းနည်းသက်သာတယ်။
လမ်းများများလျောက်ရင်တော့နာတယ်။

တိုင်းရင်းဆေးခန်းမှာ ဆေးသွားစည်းတယ် ၃ခေါက်လောက်သွားပေမယ့် သိပ်မသက်သာလို့
အရိုးအကြောအထူးကုနဲ့ပြတယ်
၃ခါမြောက်သွားတယ်
သောက်ဆေးတွေသောက်တယ်..
သိပ်မသက်သာဘူး။

ပိုက်ဆံတွေကုန်ရလွန်းလို့ရယ် အကိုက်အခဲပျောက်ဆေးတွေလည်း အကြာကြီးမသောက်ချင်တော့တာရယ်ကြောင့် ဘယ်မှထပ်သွားမပြတော့ပဲ
ညမအိပ်ခင် ခြေထောက်ကို ဆားရေနွေးစိမ်တယ်
ဖိနပ်ကို ကြုံသလိုမစီးတော့ဘူး
ဖနောင့်အတက်သမားတွေစီးလို့ရတဲ့ ဖိနပ်ကိုပဲစီးတော့တယ်။
အဲ့လိုနဲ့ ဖနောင့်နာတာ သက်သာသွားခဲ့တယ်။

ဖနောင့်နာတဲ့သူက ဖိနပ်အပါးစီးလို့မရဘူး။
ဖနောင့်နေရာ ဖိလိုက်ရင် ပျော့အိနေတဲ့ဖိနပ်မျိုးပဲစီးလို့ရတာ။
သက်သာနေပြီဆိုပြီး ကတ္တီပါဖိနပ်လေးဝယ်စီးတယ်။ ပြန်နာတယ် ။
ခြေဖနောင့်နာတဲ့သူတွေအတွက်သီးသန့်ထုတ်ထားတဲ့ ဖိနပ်မဟုတ်ပဲ အသားလေးအိပါတယ်လေဆိုပြီး
လှတာမက်ပြီး ဝယ်စီးလိုက်ရင် ပြန်နာရော။

. အဓီက က ဖိနပ်ကြောင့် ပြန် ပြန်နာနေတာဆိုတာသိပြီးကတဲက ဖိနပ်ဝယ်ပြီဆိုရင် အနှိပ်သည်ဖြစ်နေပြီ ဖိနပ်တွေကို အိရဲ့လား အရင်နှိပ်ကြည့်ပြီး
အိအိလေးဆိုမှ ကိုယ်နဲ့လိုက်ရဲ့လားလို့ စီးကြည့်ပြီးမှ ဝယ်တော့တယ်။

ဖိနပ်ဝယ်ရင် ကျမစိတ်ကြိုက်အတွေ့ဆုံးက
Lily ဖိနပ်ပဲ။ စျေးလည်းအရမ်းကြီးမကြီးဘူး
ခြောက်သောင်းကျော် ခုနှစ်သောင်း လောက်ဆို
လှတာလေးတွေ ရတယ်။

ကျမမိတ်ဆွေ အစ်မတွေထဲမှာလည်း ဖနောင့်နာနေလို့ လို့ပြောလို့ သူတို့စီးထားတဲ့ဖိနပ်တွေကြည့်လိုက်ရင် ခုံအမာတွေ စီးထားကြတယ်။
အဲ့လိုခုံအမာတွေ စီးနေသရွေ့ ဆေးဘယ်လောက်သောက်သောက် အနာသက်သာရင်
ခဏပဲ သက်သာမယ် အကိုက်အခဲပျောက်ဆေးလွတ်သွားရင် ပြန်နာမှာပါပဲ။

ဖိနပ်ကို ဂရုစိုက်ပြီး ခုံပျော့အိလေးတွေပဲ စီးကြည့် တကယ်သက်သာပါတယ်ရှင်..

Shwe Lwan Thu
21-10-2026

ကရမက်လေး ဝယ်လာတယ်..နွေအရမ်းပူရင် လိမ်းရကောင်းမလား..မိန်းမအသက် ကရမက်လို့ ပြောကြတယ်လေ...  အမေရှိစဥ်ကဆို အမေ့ကျောက်ပြင်နားမ...
19/10/2026

ကရမက်လေး ဝယ်လာတယ်..နွေအရမ်းပူရင် လိမ်းရကောင်းမလား..မိန်းမအသက် ကရမက်လို့ ပြောကြတယ်လေ...
အမေရှိစဥ်ကဆို အမေ့ကျောက်ပြင်နားမှာ ကရမက်တုံး တောင်နံကြီးတုံး သနပ်ခါးအမြစ်တုံးနဲ့ ကွေးကွေးကောက်ကောက်ဆေးမြစ်လေးတွေလည်း တွေ့ရတယ်။
နံ့သာဖြူတုံးသေးသေးလေးကိုတော့ ဘူးလေးနဲ့ထည့်သိမ်းထားလေရဲ့.။
ကိုယ်ဆယ်တန်းအောင်ပြီး ဝင်ငွေလေးတစ်ခုရှိပြီဆိုကတည်းက သီတင်းကျွတ် ရောက်တိုင်း
အမေ့ကို နံ့သာဖြူတုံးလေးနဲ့ ကန်တော့ခဲ့တယ်။
လစာမဖြစ်စလောက်ပဲရသေးတာဆိုတော့
စျေးကြီးလွန်းတဲ့နံ့သာဖြူကို ကြီးကြီးမားမားတော့ ဘယ်ဝယ်နိုင်ပါ့မလဲ ။
ကိုယ့်အမေ သိပ်ကြိုက်မှန်းသိလို့သာ ဝယ်ကန်တော့ခဲ့တာ။ သေးသေးလေးပဲ ဝယ်နိုင်တာပါ။
အမေက သနပ်ခါးတွေဖွေးနေအောင်လိမ်းပြီးရင်
နံ့သာဖြူလေးသွေးပြီး ဂုတ်ကလေးပဲပွတ်လိုက်တာတဲ့..သနပ်ခါးကြိုက်..ပန်းကြိုက်တဲ့..ကျမအမေ။

ကျမအိမ်ထောင်ကျပြီး နောက်ပိုင်းမှာတော့
နံ့သာဖြူတုံးလေးလည်းအမေ့မှာရှိနေပြီဆိုရင်
ပါတိတ်လုံခြည် နဲ့ကန်တော့ဖြစ်တာမျိုးဖြစ်သွားပြီ။
ကျမနဲ့အတူနေပြီး အမေစားချင်တာမှန်သမျှ
ဝယ်ကျွေးချက်ပြုပ်ပေးနေလို့..အမေ့အတွက်
အစားအသောက်အဝတ်အစားပူစရာမလို ပြည့်စုံပါတယ်။
ဒါပေမယ့်
အဲ့ဒီလို သားသမီးအိမ်မှာနေတယ်..
သားသမီးက ပြည့်စုံအောင်ထားပေးတယ်
ပူစရာမလိုဘူးဆိုတဲ့ လူကြီးတွေမှာ..ငွေမလိုဘူးလို့..မထင်လိုက်ပါနဲ့။
သူတို့မှာ ကိုယ်ပိုင်ဝင်ငွေရှိမနေဘူးဆိုရင်
ငွေကြေးလိုအပ်ပါတယ်။
သူတို့ဝယ်ချင်တာလေးဝယ်မယ်။
သုံးချင်တာရှိရင် သားသမီးဆီတောင်းစရာမလိုပဲ သုံးချင်မယ်လေ..
အမေဆိုရင်..သားသမီးကန်တော့ထားတဲ့ငွေလေးနဲ့ ဘုရားပန်းဝယ်တယ်...မနက်ဘက်..ခရေပန်း၊ စပယ်ပန်းသည်လေးတွေဆီက ပန်းဝယ်ပြီး ဘုရားလည်းကပ် ပန်လည်းပန်တယ်။

အလှူခံလာရင်လည်း သူ့ပိုက်ဆံနဲ့သူလှူချင်တယ်။
ကိုယ့်အမျိုးသားကလည်း..ပိုက်ဆံအသစ်လေးတွေ ရလာရင် အမေ့ကို အမြဲပေးပါတယ်။

ခုလို သီတင်းကျွတ်ချိန်ရောက်တော့မယ်ဆိုတော့
အမေ့ကို ပိုသတိရသွားလို့ပါရှင်..

အဘက်ဘက်က ဝိုင်းဝန်းမြင့်တင်ပေးနေကြတဲ့အတွက် ကျေးဇူး တင်စရာအရမ်းကောင်းနေပါပြီ..  မနက်ကစျေးသွားတယ်..ဟင်းချက်စရာတွေဝယ်ပြီးတေ...
18/10/2026

အဘက်ဘက်က ဝိုင်းဝန်းမြင့်တင်ပေးနေကြတဲ့အတွက် ကျေးဇူး တင်စရာအရမ်းကောင်းနေပါပြီ..

မနက်ကစျေးသွားတယ်..ဟင်းချက်စရာတွေဝယ်ပြီးတော့..ပန်ကန်ဆေးဖို့..အစိမ်းဖတ်နဲ့ဖော့အတွဲလေး ဝယ်ဖို့ကို..စျေးအရင်မမေးတော့ဘူး..ဆိုင်ရှေ့ဂျိတ်မှာချိတ်ထားတာလေးဖြုတ်ပြီးမှ ဘယ်လောက်လည်းဆိုတော့..၃၅၀၀ တဲ့..ဟင်..ဆိုပြီး အသံထွက်သွားရော..ဆိုင်ရှင်လေးကလည်း...
ဟုတ်တယ်...အမရယ်..ကျမလည်း..ဝယ်သူမဖြုတ်ခင် စျေးပြောဖို့အမြဲကြည့်ပြီးပြောနေတာ..
စျေးတွေကကြီးနေတော့လေတဲ့....
ပြီးခဲ့တဲ့ နှစ်လလောက်က..ပန်းကန်တိုက်အစိမ်းဖတ်တွေ..ဝယ်တုံးက တစ်ခု..၁၅၀၀ ဆိုလို့..စျေးကြီးလှပြီထင်ခဲ့တာ..ခုကျ..၃၅၀၀.တဲ့..
အချိုမှုန့်..အိုးအသေးလေးက..၁၈၀၀..ပေးခဲ့ရတယ်။

မီးတွေပျက်ပြီဆိုတော့လည်း...
ဂက်စ်စျေးက..အရင်ဆုံးတက်သွားတယ်..
အရင်လက ဘူးသေးတစ်ဘူး ဂက်စ်ဖြည့်ရင်.၁၅၀၀
လွန်ခဲ့တဲ့ ၇ရက်က သွားဖြည့်တော့..၂၅၀၀.
ဒီနေ့.ဖြည့်တာ.. ၃၀၀၀..ဖြစ်သွားပြီတဲ့...
မြှင့်တင်ပေးနေတာ..ကျေနပ်စရာကြီးနော်😐
လူနေမှုဘဝတွေကိုမဟုတ်ဘူး.
ကုန်စျေးနှုန်း တွေကို🤭🤭

အရမ်းစိတ်ချမ်းသာတယ်..သိလား😌😌

ကိုယ်စျေးသွားရင် ကိုယ့်ဘေးနားက လက်ဆွဲခြင်း ကူဆွဲပေးမယ့် အဖော်လေးရှိရင်တော့... ပိုပြည့်စုံတဲ့...နေ့ရက်တွေပေါ့....🥰🥰
15/10/2026

ကိုယ်စျေးသွားရင် ကိုယ့်ဘေးနားက လက်ဆွဲခြင်း ကူဆွဲပေးမယ့် အဖော်လေးရှိရင်တော့...
ပိုပြည့်စုံတဲ့...နေ့ရက်တွေပေါ့....🥰🥰

ငါးကျီး ၂၅ကျပ်သား ၁၀၀၀၀ ဖိုး.ကြော်စားပါတယ်။ နေလို့သိပ်မကောင်း ညှော်တွေလည်း မလုပ်ချင်လို့  ထွေလီကာလီမချက်ချင်ဘူးကွယ်။ရှမ်...
14/10/2026

ငါးကျီး ၂၅ကျပ်သား ၁၀၀၀၀ ဖိုး.ကြော်စားပါတယ်။ နေလို့သိပ်မကောင်း ညှော်တွေလည်း မလုပ်ချင်လို့ ထွေလီကာလီမချက်ချင်ဘူးကွယ်။

ရှမ်းပန်းတစ်ပွင့် ၅၀၀၀ ပေးရတယ်..
အပွင့်မျက်နှာက ထမင်းစားပန်ကန်မျက်နှာလောက်ရှိတယ်။ အဲ့ဒါမှ ညမနက်စားလို့လောက်တာ
အဲ့ဒီ ရှမ်းပန်းတစ်ပွင့်ကို ကြက်ဥ ၂ လုံးနဲ့ကြော်တယ်။
ခရမ်းချဉ်သီး ဆီပြန်ချက်ပြီး တန်ဖိုးကြီးအတို့နဲ့စားလို့ ကောင်းတယ်ရှင်။ တန်ဖိုးကြီး အတို့ဆိုတာ ဘာလဲ..သိလား...။
ကြက်သွန်နီ တို့စားတာ..ချိုနေတာပဲ..စျေးသာမချိုတာနော်။
ရွှေဘိုက အစ်မတွေပို့ပေးတဲ့ သခွပ်ပွင့်ခြောက် ရေနွေးဖျော တို့စားတာ..ဆေးဖက်လည်းဝင် ထမင်းလည်းမြိန်ပါတယ်ရှင်...။

14-10-2026

10/10/2026

ကြည့်ပြီးစားချင်လာလို့..

ခရမ်းသီးနှပ် ဇီးဖြူသီးထောင်း. စားလို့အလွန်ကောင်း...ကိုယ့်အမေက ခရမ်းသီးကို အလုံးမပျက်နှပ်တယ်...အလုံးလိုက်မဟုတ်လဲ နှစ်ပိုင...
09/10/2026

ခရမ်းသီးနှပ် ဇီးဖြူသီးထောင်း. စားလို့အလွန်ကောင်း...ကိုယ့်အမေက ခရမ်းသီးကို အလုံးမပျက်နှပ်တယ်...အလုံးလိုက်မဟုတ်လဲ နှစ်ပိုင်းဖြတ် အခွံမနွှာပဲ နှပ်ကျွေးတယ်။
ယောက္ခမအိမ်ရောက်မှ ခရမ်းသီးကို ခုလို အကြေနှပ်ကျွေးတာ စားခဲ့ရတယ်။
ကိုယ့်ကလေးတွေကလည်း ဒီလိုကြေနေမှကြိုက်ကြတယ်..အခွံတွေနဲ့ဆိုမကြိုက်ကြတော့
သူတို့အကြိုက်ပဲချက်ကျွေးဖြစ်တော့တယ်..

မီးမပျက်ခင် ထမင်းအိုးတည် ဝက်သားနဲ့ခရမ်းသီးချက် ငပိထောင်း နံက်စာပဲပြားသုပ်ကျွေးဖို့ပဲပြားကြော် ရေနွေးအိုးလည်းတည်..ရေလာလား...
09/10/2026

မီးမပျက်ခင် ထမင်းအိုးတည် ဝက်သားနဲ့ခရမ်းသီးချက် ငပိထောင်း နံက်စာပဲပြားသုပ်ကျွေးဖို့ပဲပြားကြော် ရေနွေးအိုးလည်းတည်..ရေလာလားလို့ ရေငုပ်ကိုပြေးကြည့် ရေလာတာမြင်လို့ ရေတင်..
အလုပ်အားလုံးပြီး မီးလည်းပျက် ။
မီးဖိုထဲ ဆေးကြော သန့်ရှင်းပြီးဆိုတော့ အဝတ်လျော်ရင်း ရေတခါတည်းချိုး လိုက်တယ်။
ရေချိုးပြီး အေးဆေးနားရင်း ဖုန်းခဏကြည့်ပြီး
အိမ်မှာ လိုအပ်ချိန်အဆင်သင့်သုံးဖို့ ဝယ်ထားတဲ့
ဆေးတွေကို date ကျော်တာတွေရွေးထုတ်ပြီး အမှိုက်ပစ်ရအောင် ဆေးတွေ အကုန်ထုတ်စစ်
မြဝတီမှာစျေးတွေကြီးလို့
အမျိုးသားအတွက် ဆီးချိုဆေး ၃လစာ
ရန်ကုန်ဆေးဆိုင်ကို မှာတုန်းက ဝယ်ထားတာလေးတွေ..ကျန်နေသေးတဲ့ စီဘစ်နဲ့ ဓာတ်ဆားအထုတ်တွေ date မကျော်သေးလို့တော်သေးတယ်။
အိမ်မှာဆေးတွေအဆင်သင့်ရှိနေတာကို ကိုယ်က သိပ်သဘောကျတာ ။ သူများနေထိုင်မကောင်းလို့ ဆေးသွားဝယ်ဖို့အဆင်မပြေချိန် လာတောင်းရင်လည်း ပေးချင်တာ။ ပါရာစီတမောမျိုး နှာဆေးပျောက်ဆေး ချောင်းဆိုးပျောက်ဆေးလိုမျိုး
မမှားနိုင်တဲ့ဆေးမျိုးကိုပေါ့။

ဆေးအကြောင်းပြောရင်း သတိရသွားလို့
အားလုံးလည်းကျန်းမာရေးဂရုစိုက်ကြပါလို့...

ဟိုရက်က ဆေးသွားပြတော့ ဆရာဝန်ကလည်းသတိပေးလိုက်သေးတယ်။
ကိုဗစ်တွေဖြစ်နေကြတယ်။ အရင်လိုမပြင်းထန်တာကြောင့်သိပ်မသိသာတာ..ဂရုစိုက်ကြပါတဲ့..
ဖျားနာရင် မပေါ့ကြပါနဲ့ တဲ့....နော်..

ရောဂါဘေး ၊စစ်ဘေး ၊ ရေဘေး ၊ ငလျင်ဘေး ၊ တောင်ပြိုမြေပြို ၊ ဒီကြားထဲ သူခိုး ဓားပြ လူမိုက်လည်း ကြောက်ရ..လူတွေလည်း ဒုက္ခမျိုး...
07/10/2026

ရောဂါဘေး ၊စစ်ဘေး ၊ ရေဘေး ၊ ငလျင်ဘေး ၊ တောင်ပြိုမြေပြို ၊ ဒီကြားထဲ သူခိုး ဓားပြ လူမိုက်လည်း ကြောက်ရ..
လူတွေလည်း ဒုက္ခမျိုးစုံ ဘေးမျိုးစုံ ကြုံနေရတယ်။

Fb ပေါ်မှာ တနေ့တနေ့ သတင်းဆိုးတွေ
ဘေးဆိုးမကြုံရရင်တောင် ရုတ်တရက်အသက်ဆုံးရှုံးသွားတဲ့
သတင်းတွေ မြင်ရကြားရတာ..အများကြီးနော်..
တကယ် တရားရစရာတွေပါ။
ဒီဘေးဆိုး က လွတ်ကင်း ရှင်သန်နေနိုင်သေးတဲ့အချိန်မှာ အကုသိုလ်ရှောင်ပြီး ကုသိုလ်တရားနဲ့နေနိုင်ဖို့ သာ။
လက်ရှိဘဝနှင့် နောင်သံသရာဘဝတွေအတွက်
ပြင်ဆင်ချိန်ရနေသေးတာဖြစ်လို့
မမေ့မလျော့သောသတိတရားဖြင့်
နေထိုင်ရမယ် လို့ ဆင်ခြင်စဥ်းစားမိပါတယ်။

အားလုံး ဘေးကင်းကျန်းမာကြပါစေ.
မြန်မာပြည်ကြီးလည်း အမြန်ဆုံးအေးချမ်းပါစေ🙏

Address

Khao San Road
Yangon

Telephone

+959765402266

Website

Alerts

Be the first to know and let us send you an email when Shwe Lwan Thu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Lwan Thu:

Shortcuts

Share