IMAGE coffee

IMAGE coffee Local product

ကော်ဖီဒိတ်ချင်တယ် ☕ဒါပေမဲ့ မိုးကလည်း တော်တော်သည်းနေတော့ အပြင်သွားဖို့လည်း မလွယ်ဘူး🌧️ဒါဆို 𝐈𝐌𝐀𝐆𝐄 ရဲ့ 𝟑 𝐢𝐧 𝟏 𝐂𝐨𝐟𝐟𝐞𝐞 လေးရှိ...
13/07/2026

ကော်ဖီဒိတ်ချင်တယ် ☕
ဒါပေမဲ့ မိုးကလည်း တော်တော်သည်းနေတော့ အပြင်သွားဖို့လည်း မလွယ်ဘူး🌧️

ဒါဆို 𝐈𝐌𝐀𝐆𝐄 ရဲ့ 𝟑 𝐢𝐧 𝟏 𝐂𝐨𝐟𝐟𝐞𝐞 လေးရှိမယ်ဆိုရင် အိမ်မှာပဲ ကော်ဖီဒိတ်လို့ရပါပြီ။

🍒သဘာဝကော်ဖီမှုန့်စစ်စစ်ကိုမှ အသင့်သောက်သုံးနိုင်တဲ့ပုံစံမို့ မြန်မြန်ဆန်ဆန်ဖျော်လို့ရပြီး (၃) မိနစ်လောက်နှပ်ထားမယ်ဆိုရင်တော့ ကော်ဖီစစ်စစ်အရသာတွေ ပျော်ဝင်နေတဲ့ သဘာဝကော်ဖီစစ်စစ်ကို သောက်သုံးရမှာ ဖြစ်ပါတယ်။

ဒါကြောင့် မိုးလေးသည်းတုန်းမှာ ကော်ဖီတစ်ခွက်စီနဲ့ ရင်ထဲထိနွေးထွေးသွားချင်တယ်ဆိုရင်တော့ 𝐈𝐌𝐀𝐆𝐄 ရဲ့ 𝟑 𝐢𝐧 𝟏 𝐂𝐨𝐟𝐟𝐞𝐞 လေးကိုသာ အသင့်ဆောင်ထားပါနော် ☕



ကလက်တစ်ကမ်းမှာ

ညသန်းခေါင်မှာ ကိုယ်ချစ်တဲ့ အသင်းကို အားပေးနိုင်ဖို့ဆိုတာ စိတ်ရောကိုယ်ပါ လန်းဆန်းနေဖို့ လိုတယ်နော် 🪩𝐖𝐨𝐫𝐥𝐝 𝐂𝐮𝐩  မို့ စိတ်က...
09/07/2026

ညသန်းခေါင်မှာ ကိုယ်ချစ်တဲ့ အသင်းကို အားပေးနိုင်ဖို့ဆိုတာ စိတ်ရောကိုယ်ပါ လန်းဆန်းနေဖို့ လိုတယ်နော် 🪩

𝐖𝐨𝐫𝐥𝐝 𝐂𝐮𝐩 မို့ စိတ်ကတော့ ဆူပွက်လန်းဆန်းနေပြီသားဆိုပေမဲ့ ဦးနှောက်ဆဲလ်တွေအထိ လှုံ့ဆော်ပြီး တစ်ကိုယ်လုံးတက်ကြွနေဖို့ဆိုရင် ကော်ဖီကျကျလေး တစ်ခွက်တော့ရှိနေမှ ဖြစ်မှာ….

☕ဒီတော့ မြန်မာ့အကြိုက် 𝐁𝐫𝐞𝐰 𝐂𝐨𝐟𝐟𝐞𝐞 စစ်စစ်ဖြစ်တဲ့ 𝐈𝐌𝐀𝐆𝐄 𝟑 𝐢𝐧 𝟏 ကိုသာ ဖျော်ပြီး ကော်ဖီအမှုန်တွေ ကျသွားတဲ့အထိ နှပ်ထားလိုက်ပါ။

ပွဲချိန်ရောက်ရင် ကော်ဖီလည်းကျနေပြီမို့ ခါးဆိမ့်မွှေးတဲ့ ကော်ဖီလေး သောက်ရင်း အောင်ပွဲခံလိုက်ရုံပဲလေ 💪



မိုးဦးလေးက မကျတကျ ဖြစ်နေချိန်မှာ .....🌧️𝐈𝐌𝐀𝐆𝐄 ရဲ့  ကော်ဖီချစ်သူတွေကတော့ 𝟑𝐢𝐧𝟏 လေးနဲ့ ဇိမ်ယူဖို့ ပြင်နေကြပြီ ဟုတ် ❓☕𝟑 𝐢𝐧 𝟏...
08/07/2026

မိုးဦးလေးက မကျတကျ ဖြစ်နေချိန်မှာ .....🌧️

𝐈𝐌𝐀𝐆𝐄 ရဲ့ ကော်ဖီချစ်သူတွေကတော့ 𝟑𝐢𝐧𝟏 လေးနဲ့
ဇိမ်ယူဖို့ ပြင်နေကြပြီ ဟုတ် ❓

☕𝟑 𝐢𝐧 𝟏 တို့ရဲ့ထုံးစံအတိုင်း ဘယ်နေရာမှာပဲ ဖြစ်ဖြစ်
မြန်မြန်ဆန်ဆန် ဖျော်သောက်လို့ရတော့ ရုံးမှာရော၊ အိမ်မှာရော သိပ်ကို အဆင်ပြေနေရော …

⛰️ရှမ်းကုန်းမြင့် ရွာငံဒေသကနေထွက်ရှိတဲ့ ကော်ဖီစစ်စစ်တွေကို မြန်မာတွေအကြိုက် အရသာအဖြစ် ဖန်တီးထုတ်လုပ်ထားတာမို့ ….

မိုးကလေးရွာမယ်ကြံမယ် ကော်ဖီလေးပြေးဖျော်ပြီး အရသာခံ ဇိမ်ယူတတ်သူတွေအတွက်ကတော့ 𝐈𝐌𝐀𝐆𝐄 ရဲ့ 𝟑 𝐢𝐧 𝟏 လေးက မရှိမဖြစ်ပဲပေါ့။



ကလက်တစ်ကမ်းမှာ

အပြင်မှာလည်း မိုးလေးတဖွဲဖွဲ ရွာနေမယ် 🌧️☕လက်ထဲမှာလည်း အငွေ့တထောင်းထောင်းထနေတဲ့ 𝐈𝐌𝐀𝐆𝐄 ကော်ဖီတစ်ခွက် ရှိနေမယ်ဆိုရင်တော့ ….န...
03/07/2026

အပြင်မှာလည်း မိုးလေးတဖွဲဖွဲ ရွာနေမယ် 🌧️

☕လက်ထဲမှာလည်း အငွေ့တထောင်းထောင်းထနေတဲ့
𝐈𝐌𝐀𝐆𝐄 ကော်ဖီတစ်ခွက် ရှိနေမယ်ဆိုရင်တော့ ….

နားဆင်စရာ သီချင်း (၃) ပုဒ်ရှိပါတယ်။

ဝါဆို
💦တိုင်းရှစ်ခွင်မှိုင်းညို့ဆိုင်းလို့ သစ်ရွက်လေးတွေ ငြိမ်နေချိန် တစ်စုံတစ်ရာကို လွမ်းတဲ့အခါ ပြတင်းပေါက်ဘက် ငေးကြည့်ရင်း ကော်ဖီလေး တစ်ငုံချင်းသောက်ပြီး နားဆင်ရမဲ့ သီချင်းကတော့
ဝါဆိုပါ။

ခေတ္တာ
💦သ်ိဟ်ရာသီ ဝါခေါင်မိုးနဲ့ လှမ်းလာခဲ့တော့ ခေတ္တာရေဆိုပြီး ထွက်သွားသူကို ကော်ဖီသောက်ရင်း တမ်းတချင်ရင်တော့ နားဆင်ရမှာက ခိုင်ထူးရဲ့ "ခေတ္တာ" ပါပဲ။

အခါလွန်မိုး
💦အချိန်လွန်မှ ပြန်တမ်းတမိတဲ့ အချစ်နဲ့ နောင်တတွေအတွက် နက််နက်နဲနဲခံစားချင်တဲ့အခါမှာတော့
ထူးအိမ်သင်ရဲ့ အခါလွန်မိုးကို နားဆင်ကြည့်လိုက်ပါ။

ဒီသီချင်းတွေ နားဆင်ရင်း အလွမ်းရာသီထဲ စီးမျောသွားလို့ ကော်ဖီတွေ အေးသွားမယ်ဆိုရင်တောင်မှ သွန်မပစ်ပါနဲ့နော် .....

🥰𝐈𝐌𝐀𝐆𝐄 𝐂𝐨𝐟𝐟𝐞𝐞 က အေးစက်သွားလည်း အရသာရှိနေဆဲမို့်ပါ …



ဇူလိုင်လ (၃) ရက်နေ့ဟာ ဂုဏ်ယူရတဲ့ မြန််မာအမျိုးသမီးများနေ့ ဖြစ်ပါတယ်။ 👉မြန်မာအမျိုးသမီးထုတစ်ရပ်လုံးကို ကိုယ်စားပြုတဲ့ ဒီလ...
03/07/2026

ဇူလိုင်လ (၃) ရက်နေ့ဟာ ဂုဏ်ယူရတဲ့ မြန််မာအမျိုးသမီးများနေ့ ဖြစ်ပါတယ်။

👉မြန်မာအမျိုးသမီးထုတစ်ရပ်လုံးကို ကိုယ်စားပြုတဲ့ ဒီလိုနေ့ကို ၁၉၉၅ ခုနှစ်မှာ တရုတ်နိုင်ငံ၊ ပေကျင်းမြို့မှာ ကျင်းပခဲ့တဲ့ စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံ ကို မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ခြင်းကနေစတင်ခဲ့တာပါ။

ဒီညီလာခံမှာ ကမ္ဘာ့နိုင်ငံအသီးသီးက အမျိုးသမီးတွေရဲ့ အဆင့်အတန်းမြှင့်တင်ရေးနဲ့ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းတွေကို ထိထိရောက်ရောက်ဆောင်ရွက်ဖို့ သဘောတူခဲ့ကြပါတယ်။

📖ဒီသဘော တူညီချက်ကို အကောင်အထည်ဖော်ဖို့ ၁၉၉၆၊ ဇူလိုင်( ၃) ရက်နေ့မှာ မြန်မာ့အမျိုးသမီးရေးရာကော်မတီကို ဖွဲ့စည်းခဲ့ပြီး ဒီလိုနေ့ကို ဂုဏ်ပြုသောအားဖြင့် "မြန်မာအမျိုးသမီးများနေ့" ကို စတင်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

မြန်မာအမျိုးသမီးများနေ့ တည်ရှိနေရခြင်းရဲ့ ရည်ရွယ်ချက်တွေ အနေနဲ့ .....
1️⃣အစဉ်အလာကို ထိန်းသိမ်းခြင်း
2️⃣စွမ်းဆောင်ရည်မြှင့်တင်ခြင်း
3️⃣အခွင့်အရေး ကာကွယ်ခြင်း
4️⃣မိခင်နှင့်ကလေး စောင့်ရှောက်ခြင်း စတဲ့ ကဏ္ဍတွေပါဝင်ပါတယ်။

ဒီလို သမိုင်းကြောင်း ကြီးမားစွာ၊ ရည်ရွယ်ချက် ခိုင်မာစွာ စတင်ခဲ့တဲ့ မြန်မာအမျိုးသမီးများနေ့ကို 𝐈𝐌𝐀𝐆𝐄 𝐂𝐨𝐟𝐟𝐞𝐞 ကလည်း ဂုဏ်ယူစွာ ကြိုဆိုရင် ကော်ဖီလုပ်ငန်းခွင်ထဲက အမျိုးသမီးတိုင်းကိုလည်း လေးစားချစ်ခင်ပါကြောင်း ပြောပါရစေရှင်။

#မြန်မာအမျိုးသမီးများနေ့

လကုန်ပြီဆိုတာနဲ့... လူတိုင်းက ကိုယ်ကြိုက်တာလေးတွေ ဝယ်ပြီး စုဆောင်းတတ်ကြတယ်မလား❓🌧️ဒါပေမဲ့  မိုးအေးအေး၊ ရာသီဥတုအုံ့မှိုင်း...
30/06/2026

လကုန်ပြီဆိုတာနဲ့... လူတိုင်းက ကိုယ်ကြိုက်တာလေးတွေ ဝယ်ပြီး စုဆောင်းတတ်ကြတယ်မလား❓

🌧️ဒါပေမဲ့ မိုးအေးအေး၊ ရာသီဥတုအုံ့မှိုင်းမှိုင်းမှာ ကော်ဖီချစ်သူတွေ လကုန်တိုင်းစုဆောင်း ဖြစ်တာကတော့ 𝐈𝐌𝐀𝐆𝐄 𝐂𝐨𝐟𝐟𝐞𝐞 တွေပါပဲ။

✨𝐈𝐌𝐀𝐆𝐄 မှာက ကော်ဖီစစ်စစ်ရဲ့ အရသာကိုမှ ခံစားချင်သူတွေအတွက် …..
𝐏𝐮𝐫𝐞 𝐂𝐨𝐟𝐟𝐞𝐞 (𝐌𝐞𝐝𝐢𝐮𝐦 𝐆𝐫𝐢𝐧𝐝 & 𝐅𝐢𝐧𝐞 𝐆𝐫𝐢𝐧𝐝 )

✨အချိန်တိုင်းမှာ လွယ်ကူမြန်ဆန် ဖျော်သောက်ချင်သူတွေအတွက် .....
𝟑 𝐢𝐧 𝟏 𝐂𝐨𝐟𝐟𝐞𝐞 ဆိုပြီး ရှိတဲ့အထဲက ကိုယ့်အကြိုက်နဲ့ကွက်တိကျမဲ့ ကော်ဖီတွေကို ရွေးချယ်ရုံပါပဲ။

ဒီလို မိုးရာသီမှာ 𝐌𝐀𝐆𝐄 ကော်ဖီလေးတွေ အပြည့်အစုံ စုဆောင်းထားပြီးပြီဆိုရင်တော့ အိမ်မှာပဲဖြစ်ဖြစ်၊ ရုံးမှာပဲဖြစ်ဖြစ် 𝐂𝐡𝐢𝐥𝐥 လို့ရပြီပေါ့ 🥰

ဒီတော့ မိုးရာသီမှာ 𝐂𝐡𝐢𝐥𝐥 ဖို့ 𝐂𝐌𝐇𝐋 တွေသွားရင်း 𝐈𝐌𝐀𝐆𝐄 𝐂𝐨𝐟𝐟𝐞𝐞 တွေ စုဆောင်းခဲ့ဖို့
မမေ့နဲ့နော် …




ကော်ဖီလုပ်ငန်းခွင်တွေရဲ့ လည်ပတ်မှုရာခိုင်နှုန်း (၇၀) နီးပါးဟာ အမျိုးသမီးတွေရဲ့ အင်အားနဲ့သာလည်ပတ်တယ်လို့  𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂...
24/06/2026

ကော်ဖီလုပ်ငန်းခွင်တွေရဲ့ လည်ပတ်မှုရာခိုင်နှုန်း (၇၀) နီးပါးဟာ အမျိုးသမီးတွေရဲ့ အင်အားနဲ့သာလည်ပတ်တယ်လို့ 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐟𝐟𝐞𝐞 𝐎𝐫𝐠𝐚𝐧𝐢𝐳𝐚𝐭𝐢𝐨𝐧 (𝐈𝐂𝐎) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ် 🌿

𝐈𝐌𝐀𝐆𝐄 ရဲ့ ကော်ဖီလုပ်ငန်းခွင်တွေမှာလည်း အမျိုးသမီးအင်အား အများအပြားပါဝင်နေတာကြောင့် ဒီအင်အားကို ဂုဏ်ယူသောအားဖြင့် လာမဲ့ 𝐉𝐮𝐥𝐲 (𝟑) ရက်၊ ဝန်ကြီးများရုံးမှာကျင်းပမဲ့ “𝐖𝐨𝐦𝐞𝐧 𝐢𝐧 𝐂𝐨𝐟𝐟𝐞𝐞” ဆွေးနွေးပွဲမှာ ပါဝင်သွားမှာဖြစ်ပါတယ်။

🥉ဒီပွဲကို 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐖𝐨𝐦𝐞𝐧 𝐂𝐨𝐟𝐟𝐞𝐞 𝐍𝐞𝐭𝐰𝐨𝐫𝐤 ကနေ ဦးဆောင်ကျင်းပတာဖြစ်ပြီး 𝐁𝐫𝐨𝐧𝐳𝐞 𝐒𝐩𝐨𝐧𝐬𝐨𝐫 အဖြစ် ဂုဏ်ယူစွာ ပံံ့ပိုးထားတာဖြစ်လို့ ......

𝐈𝐌𝐀𝐆𝐄 ရဲ့ ကော်ဖီချစ်သူ အမျိုးသမီးတွေကိုလည်း နွေးထွေးစွာ ဖိတ်ခေါ်ပါရစေရှင်။

📅 နေ့ရက် : 𝟎𝟑 𝐉𝐔𝐋𝐘 𝟐𝟎𝟐𝟔
⏰ အချိန် : 𝟎𝟗:𝟎𝟎 𝐀𝐌 – 𝟎𝟓:𝟎𝟎 𝐏𝐌
📍 နေရာ : 𝐘𝐚𝐧𝐠𝐨𝐧 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐭𝐲 𝐂𝐨𝐟𝐟𝐞𝐞 𝐇𝐮𝐛, 𝐓𝐡𝐞 𝐒𝐞𝐜𝐫𝐞𝐭𝐚𝐫𝐢𝐚𝐭 𝐘𝐚𝐧𝐠𝐨𝐧

အဖေတိုင်းရဲ့ မိသားစုအပေါ် ထားတဲ့ မေတ္တာတရား၊ ရိုးသားမှုနဲ့  ကြံ့ခိုင်မှုတွေဟာ သားသမီးတိုင်းရဲ့ လမ်းပြတွေပါပဲ 🫅ဒါကြောင့် ...
21/06/2026

အဖေတိုင်းရဲ့ မိသားစုအပေါ် ထားတဲ့ မေတ္တာတရား၊ ရိုးသားမှုနဲ့ ကြံ့ခိုင်မှုတွေဟာ သားသမီးတိုင်းရဲ့ လမ်းပြတွေပါပဲ 🫅

ဒါကြောင့် ဘဝမှာ ဘယ်လိုအခက်အခဲပဲကြုံကြုံ ဒီလိုအသက်အရွယ်မှာ ဖေဖေဟာလည်း အားတင်းကျော်ဖြတ်ခဲ့ရမှာပဲဆိုတဲ့ စိတ်တစ်ခုနဲ့ အကောင်းဆုံးရှေ့ဆက်နိုင်ခဲ့ပါတယ်။

🙏ဒါကြောင့် သားသမီးတိုင်းရဲ့ သူရဲကောင်း ဖေဖေများအားလုံး သက်ရှည်ကျန်းမာပြီး ပျော်ရွှင်အေးချမ်းတဲ့ နေ့ရက်တွေကိုပဲ စဉ်ဆက်မပြတ် ပိုင်ဆိုင်နိုင်ပါစေလို့ 𝐈𝐌𝐀𝐆𝐄 𝐂𝐨𝐟𝐟𝐞𝐞 ကနေလည်း ဆန္ဒပြုလိုက်ပါတယ်။


ကမ္ဘာပေါ်မှာ ပြောဖို့အခက်ဆုံးစကားက ဖေဖေ့ကို ချစ်တယ်ဆိုတာပါပဲ။❣️တကယ်တော့ ဇွန်လရဲ့ တတိယပတ် တနင်္ဂနွေနေ့ဟာ အဖေများနေ့ပါ။ဒီလ...
21/06/2026

ကမ္ဘာပေါ်မှာ ပြောဖို့အခက်ဆုံးစကားက ဖေဖေ့ကို ချစ်တယ်ဆိုတာပါပဲ။

❣️တကယ်တော့ ဇွန်လရဲ့ တတိယပတ် တနင်္ဂနွေနေ့ဟာ အဖေများနေ့ပါ။

ဒီလိုနေ့မျိုးဆို ဖေဖေက ဂရုစိုက်ခဲ့တာတွေ၊ သူ့ချစ်ခြင်းမေတ္တာတွေကို အပြုအမူနဲ့ပြခဲ့တာတွေကို ပိုပြီးတွေးမိကြမယ်လို့ထင်ပါတယ်။

ဒီလိုအချိန်မှာ ကိုယ်ကလည်း ချစ်ကြောင်းပြောဖို့ ခက်ခဲနေခဲ့မယ်ဆိုရင် သူကြိုက်တတ်တာလေးတွေကို ဂရုစိုက်ပြီး လုပ်ပေးတာလေးတွေကလည်း 𝐋𝐨𝐯𝐞 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 တစ်မျိုးလို့ ယူဆလို့ရပါတယ်။

☕ဥပမာ_ 𝐈𝐌𝐀𝐆𝐄 ကော်ဖီခါးခါးလေး ကြိုက်တတ်တဲ့ ဖေဖေ့ကို နေ့တိုင်းသူကြိုက်တဲ့အရသာအတိုင်း ကော်ဖီတစ်ခွက်ဖျော်ပေးလိုက်တာမျိုးပေါ့

ကမ္ဘာပေါ်က ဖေဖေများအားလုံး ကျန်းမာပျော်ရွှင်ပြီး သားသမီးတိုင်းလည်း ချစ်ရတဲဲ့ ဖေဖေနဲ့အတူနေထိုင်ခွင့်တွေ ရကြပါစေလို့ 𝐈𝐌𝐀𝐆𝐄 𝐂𝐨𝐟𝐟𝐞𝐞 က ဆုမွန်ကောင်း တောင်းလိုက်ပါတယ်နော်။



#အဖေများနေ့
်တစ်ကမ်းမှာ

နားနေချိန်ဆို IMAGE 3 in 1 လေး အမြဲလို မိုးရွာလိုက်၊ နေပူလိုက်၊ ကျောင်းသွားလိုက်နဲ့ ကျောင်းဖွင့်ချိန်တွေမှာ ပင်ပန်းနေရပြ...
10/06/2026

နားနေချိန်ဆို IMAGE 3 in 1 လေး အမြဲလို

မိုးရွာလိုက်၊ နေပူလိုက်၊ ကျောင်းသွားလိုက်နဲ့ ကျောင်းဖွင့်ချိန်တွေမှာ ပင်ပန်းနေရပြီလား.....❓

⏰ဒါပေမဲ့ 𝐈𝐌𝐀𝐆𝐄 ရဲ့ 𝟑 𝐢𝐧 𝟏 လေးရှိထားမယ်ဆိုရင်တော့ နားချိန်လေးမှာ ကော်ဖီကောင်းကောင်းလေးကို လွယ်လွယ်ကူကူ သောက်လို့ရပါတယ်နော်

⛰️ရွာငံဒေသကနေလာတဲ့ 𝐇𝐢𝐠𝐡𝐥𝐚𝐧𝐝 𝐂𝐨𝐟𝐟𝐞𝐞 မို့ ကော်ဖီအရသာက စွဲမက်စေသလို …
ရနံ့လေးကလည်း သင်းပျံ့နေရောပါပဲ။

ဒီတော့ ကိုယ်တိုင်လည်း သောက်၊ လုပ်ဖော်ကိုင်ဖက် ဆရာမတွေကိုလည်း
တိုက်လို့ရအောင် အမြဲဆောင်ထားဖြစ်တယ်လေ ☕️



ကလက်တစ်ကမ်းမှာ

Address

ရွာငံမြို့
Yangon

Telephone

+959420712394

Website

Alerts

Be the first to know and let us send you an email when IMAGE coffee posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category