16/01/2023
👍👍👍
☝️စိတ်ညစ်တာ အဖြေမဟုတ်ဘူး
ပန်းခင်းလမ်းကို လျှောက်နေချိန်မှာထက်
ဆူးခင်းလမ်းကို လျှောက်နေချိန်မှာပြုံးနိုင်ဖို့က
ပို အ ရေး ကြီး တယ်
လက်တွေ့ဘဝက ရုပ်ရှပ်မဟုတ်တော့
အမြဲအဆင်ပြေသာယာနေဖို့တော့ မလွယ်ဘူးပေါ့
ရုန်းနိုင်သူတွေသာ လွတ်မြောက်နိုင်ပြီး
လှမ်းနိုင်သူတွေသာ ရှေ့ရောက်ပါလိမ့်မယ်
အမြဲတမ်းပျော်နေဖို့ မဖြစ်နိုင်ပေမယ့်
အချိန်တော်တော်များများမှာ ပျော်ဖို့တော့
ဖြစ်နိုင်ပါတယ် , အရေးကြီးတာက
ကိုယ်တကယ် ပျော်ချင်စိတ် ရှိဖို့ပါဘဲ
ဥပမာ အလုပ်ကို ပျော်အောင်လုပ်မယ်ဆိုပါစို့
ဒါဆို အချိန်အများစုမှာ မင်း ပျော်ရမှာပါ
ဘာလို့လဲဆိုတော့ လူ့ဘဝရဲ့၈၀ရာခိုင်နှုန်းက
စား ဝတ် နေရေး လုပ်ကိုင်ရှာဖွေခြင်းဆိုတဲ့
အလုပ်တွေနဲ့ ဖွဲ့စည်းထားလို့ပါဘဲ
နောက်ထပ် ပျော်စေမယ့်အရာတွေကတော့
မလိုတာတွေကို ခေါင်းထဲမထည့်တက်တာ
အဖြစ်အပျတ်တွေအပေါ် ခံစားမလွယ်တာ
အတိတ်ကို ပြန်ပြန်သွားပြီးတော့
နာကျင်စရာတွေကို ပြန်မတွေးဘဲမေ့ပစ်လိုက်တာ
အရမ်းကြီး စိတ်နစ်ပြီး ပုံချစ်မထားတက်တာ
အများကြီး မျော်လင့်ချက်တွေ မထားတက်တာ
ကိုယ့်တန်ဖိုးနားမလည်တဲ့သူတွေနားမှာ
အချိန်အကြာကြီး တွယ်ကပ်မနေတက်တာ
နောက် ပြီး တော့
ပြီးခဲ့တာတွေကို တစ်ဖန်နောင်တ ရမနေဘဲ
စိတ်ကို လေးလံစေတဲ့အရာမှန်သမျှကို
ပြတ်ပြတ်သားသား လွှတ်ချထားနိုင်ခဲ့တာ
ဒါတွေဟာ ကိုယ်မပူလောင်စေဖို့အတွက်နဲ့
အချိန်အများစုမှာ ပျော်နေနိုင်ဖို့အတွက်ပါ
ဘ ဝ မှာ
နေရာကောင်းကောင်း ရဖို့ထက်
ရောက်တဲ့နေရာမှာ ကောင်းအောင်နေဖို့က
ပိုပြီး အရေးကြီးပါတယ်
ဘယ်သူ့ကိုမှ အားကျနေစရာ မလိုသလို
ကိုယ့်ဘဝကို သူများနဲ့နှိုင်ယှဉ်ပြီးတော့လည်း
အားငယ် စိတ်ပျက်နေစရာ မလိုဘူး
ရှိတာလေးနဲ့ လှအောင် ဝတ်မယ်
ရတာလေးနဲ့ ဝအောင် စားမယ်
ပြောင်းလဲသွားတာတွေကို လက်ခံပြီး
ကိုယ့်ဖြစ်တည်မှုကို ကိုယ့်ချစ်ပြီးတော့
ကိုယ့်ဘဝအတွက်သာ ကိုယ်ရှိနေဖို့ပါဘဲ
ဒီအခက်အခဲပြီးသွားရင်
နောက်အခက်အခဲတစ်ခု လာဦးမှာဘဲ
ဒီပြဿနာတစ်ခု ဖြေရှင်းပြီးသွားရင်လဲ
ပုံစံမတူတဲ့ နောက်ပြဿနာတစ်ခုလာဦးမှာပါ
ဘဝကြီးက အရာရာအဆင်ပြေနေမှဆိုရင်တော့
ဘယ်တော့မှ အဆင်ပြေလာမှာမဟုတ်သလို
ဘယ်တော့မှလဲ ပျော်ရမှာမဟုတ်ဘူး
အမှားတွေထဲက သင်ခန်းစာယူ
လဲကျသွားရင် ကိုယ့်ဘာသာ ပြန်ထ
ခက်ခက်ခဲခဲရှင်သန်မှုတွေထဲကနေပြီးတော့
အားတင်းပြီး ပြုံးထားနိုင်မှသာ
ဘဝဟာ ပြိုလဲမသွားဘဲ ရှေ့ဆက်နိုင်မှာပါ
တစ်ခါတလေကျတော့
အဆိုးဆုံးအခြေအနေတွေကို
ကြိုကြိုတင်တင် လက်ခံဖို့ တွေးထားရတယ်
အဆိုးဆုံးတွေကိုတောင် လက်ခံနိုင်တဲ့အတွက်
ကိုယ့်မှာ နောက်ထပ်
ဘာမှ ဆုံးရှုံးစရာ ထပ်မရှိတော့ပါဘူး
အခါခါပြိုလဲရ အကြိမ်ကြိမ်ကျရှုံးရ
လောကဓံတရားတွေအောက်မှာ
နာကျင် ကြေကွဲ ဝမ်းနည်းခြင်းတွေဟာ
ကိုယ်နဲ့ရင်းနှီးပြီး နေသားကျလာတဲ့အခါ
တကယ်တမ်း အဆိုးတွေနဲ့ကြုံလာတော့
ကိုယ်ဟာ သန်မာနေပြီးသား
ရင်ဆိုင်ဖို့ အသင့်ရှိနေပြီးသား ဖြစ်နေပါလိမ့်မယ်
တန်းဖိုးမသိလို့ စွန့်ပစ်ခံလိုက်ရပေမယ့်
တန်ဖိုးထားတက်သူလက်ထဲမှာတော့
ကိုယ်ဟာ အဖိုးတန်ရတနာ ဖြစ်နေပါလိမ့်မယ်
သူ့ကြောင့်ငိုရလွန်းလို့
နာကျင်နေရတဲ့ မျက်ဝန်းတွေဟာလဲ
တစ်ခြားသူရဲ့ ချစ်ခြင်းမေတ္တာတွေကြောင့်
အလှပဆုံး ပြုံးပျော်လာနိုင်ပါသေးတယ်
အဆိုးဆုံးတွေဆိုတာ
ကိုယ်က ရုန်းမထွက်သေးလို့ပါ
တကယ်တမ်း ကိုယ်ကလက်မခံတော့တဲ့အခါ
ဘယ်လိုအရာတွေကမှ
ကိုယ့်ကိုပြိုလဲသွားအောင် အနိုင်မယူနိုင်ပါဘူး
ကိုယ့်နာမည်ကို
ကိုယ့်စိတ်ထဲကနေ အခါခါပြန်ရွတ်ပါ
ပြီးရင် ကိုယ့်ကိုယ်ကို ဒီလိုသေချာပြောပြပါ
ကဲ ငါဟာ ဒီနေ့ကစပြီး
လူသစ် စိတ်သစ်နဲ့ ရှင်သန်မယ်
အကောင်းဆုံးတွေကို ရှာဖွေပြီး
အဆိုးတွေကနေ ရုန်းထွက်မယ်
ငါဟာ ငါဘဲမို့
ငါ့ကိုယ်ငါ နားလည်ရမယ်
ငါ့ကိုယ်ငါ ချစ်တဲ့စိတ် မွေးရမယ်
ငါ့အတွက်ဘဲ ငါအကောင်းဆုံး ရှင်သန်မယ်
ခွင့်လွှတ်သင့်တာတွေကို ငါခွင့်လွှတ်ပြီး
စွန့်လွှတ်သင့်တာတွေကို ငါ စွန့်လွှတ်မယ်
မေ့ပြစ်လိုက်ခြင်းကသာ
ဒဏ်ရာကို သက်သာစေမယ့်
အကောင်းဆုံးနည်းလို့ ငါထင်တယ်
ဘယ်လောက်ခက်ခက် ငါစိတ်မပျက်ဘူး
မိသားစုအတွက် ငါအကောင်းဆုံးရပ်တည်မယ်
ချစ်တဲ့သူတွေကို ငါ တန်ဖိုးထားတယ်
မုန်းတဲ့သူတွေကို လျစ်လျူရှုလိုက်မယ်
မေတ္တာတရားကသာ အေးချမ်းစေနိုင်ပြီးတော့
ရိုးသားခြင်းကသာ လူပီသမှုဖြစ်တယ်
ပျက်နေတဲ့စိတ်နဲ့တော့
အိမ်မက်ဟာ လက်တွေ့ဖြစ်မလာနိုင်သလို
ကျနေတဲ့စိတ်ဓာတ်နဲ့လဲ
ဘဝဟာ ရှေ့ဆက်ဖို့ မဖြစ်နိုင်ပါဘူး
ဖြစ်ချင်တာတွေ များစွာရှိနေပေမယ့်
ဖြစ်သင့်တာလောက်ကိုဘဲ
လောကကြီးက အခွင့်အရေးပေးပါတယ်
လုပ်တိုင်းမဖြစ်တဲ့အရာတွေကို စိတ်ညစ်ပြီး
အချိန်တွေ မဖြုန်းတီးပါနဲ့
အားအင်တွေကို အလကားမလုပ်ပါနဲ့
ကိုယ့်ကိုယ်ကိုလဲ မနှိပ်စက်ပါနဲ့
တ ကယ် တော့
စိတ်ညစ်တာ အဖြေမဟုတ်ပါဘူး
ဘာဆက်လုပ်မလဲဆိုတာကသာ အဖြေပါခင်ဗျာ။
__________________________________
𝙒𝙧𝙞𝙩𝙚𝙧
✍✍✍✍✍✍✍✍✍