01/11/2026
🥰ဟလို မင်မင်တို့ရဲ့ ချစ်ခင်တန်ဖိုးထားရပါသော
ကာစတန်မာများရှင်
🥰မင်မင်တို့ အန်ကယ်တုတ် ဆိုင်လေး ရပ်တည်လာတာ ခုဆိုရင် ၆ နှစ်ကျော် ကာလတခုကိုဖြတ်သန်းလာခဲ့ပြီးပါပြီရှင်
🍀ဒီကာလတွင်း မှာ ဝယ်ရတဲ့ ကုန်ကြမ်းစျေးနှုန်းတွေ
အဆမတန် မြင့်တက်လာတဲ့တွက်ရော
ဆိုင်ခန်းခ တွေ မြင့်တက်လာတာတွေရော
အဖက်ဖက်က ရင်ဆိုင်နေရတဲ့တွက်
မင်မင်တို့ အနေနဲ့လဲ အစားသောက်ဖြစ်တဲ့တွက်
အရသာပိုင်း / အရည်သွေးပိုင်းတွေကို ထိခိုက်နိုင်တဲ့ကိစ္စ မျိုးတွေကို လုံးဝ အဖြစ်မခံနိုင်တဲ့အတွက်
သုံးနေတဲ့ ingredients တွေကို လုံးဝ မလျှော့နိုင်တဲ့အတွက် လျှော့ချလို့ရမယ့် တခြားသော ဝန်တွေကိုသာ လျှော့ချဖို့ဆုံးဖြတ်လိုက်ရပါတယ်ရှင် 🙏
🙏ဒါကြောင့် ကမာရွတ်ဆိုင် တဆိုင်ထဲကနေပဲ
ကာလတို တခုထိကို Delivery စနစ် ဖြင့်သာ
ဝန်ဆောင်မှု ပေးသွားပါအုံးမယ်ဆိုတာကို
လေးစား စွာဖြင့်အသိပေးလိုက်ရပါတယ်ရှင်
🙏ထိုင်စားဝန်ဆောင်မှုကို ခေတ္တ ခန ရပ်လိုက်ရခြင်းက
မီးပျက်တဲ့အချိန်က တနေကုန်ဖြစ်နေတော့
တရက် တရက်ကို ဒီဇယ်ဖိုးနဲ့တင် နလန်
မထူ တော့လို့ပါရှင် 🥲
✅ဒါကြောင့် ကာစတန်မာများကိုလဲ 2ရက်နေ့မှ 5 ရက်နေ့ထိ 30000 ကျပ်ဖိုး နှင့်အထက် မှာယူပါက
Free delivery ဝန်ဆောင်မှု ပေးသွားပါမယ်ရှင်🥰
🍀အန်ကယ်တုတ် ဆိုင်ခွဲ အသေးလေးတွေ အတွက်
စီစဉ်နေတာလေးတွေလဲ ရှိပါတယ်ရှင်
စိတ်ဝင်စားသူများလဲ ဆက်သွယ်စုံစမ်း
မေးမြန်းနိူင်ပါတယ်ရှင် 🥰