16/10/2026
မတွေ့ရတာ ကြာပြီဖြစ်တဲ့ ကာကာတို့ရေ… အားလုံးပဲ သတိရနေကြလားရှင်။ ပျောက်သွားတဲ့ အတောအတွင်း စိတ်ရှည်ရှည်နဲ့ မေးပေး၊ စောင့်ပေးကြလို့ အရမ်းကျေးဇူးတင်သလို သတင်းလေးလည်း ပါးချင်လို့ပါ။
ခဏနားပြီး ပြန်ဖွင့်ဖို့ လုပ်ခဲ့ပေမဲ့ ထင်သလောက် အဆင်မပြေခဲ့တာမို့ သေချာလေး ပြန်ပြင်ဆင်ဖို့ အချိန်ယူလိုက်ရတာပါ။ ဒီတစ်ခါ ပြန်စရင် အစစအရာရာ အရင်ထက် ပိုမိုက်၊ ပိုစုံအောင် အကောင်းဆုံးလေး ဖြစ်စေချင်လို့ပါ။
လောလောဆယ် ဆိုင်ပြန်ဖွင့်မယ့်ရက် အတိအကျ မပြောနိုင်သေးပေမဲ့ ဒါဟာ လုံးဝ ပစ်ထားလိုက်တာ မဟုတ်ပါဘူးနော်။ လက်မလျှော့ဘဲ အဖွဲ့သားအသစ်၊ အိုင်ဒီယာအသစ်တွေနဲ့ နောက်ကွယ်ကနေ နေ့တိုင်း အသစ်ကနေ အစချီပြီး ကြိုးစားပြင်ဆင်နေပါတယ်။
အားလုံးနဲ့ ပြန်ဆုံဖို့ကိုလည်း တကယ် စိတ်လှုပ်ရှားနေပါပြီ။ သတင်းကောင်းလေးတွေ ထပ်ပြောပြပေးမှာမို့ စောင့်မျှော်ပေးကြပါဦးနော်။ မကြာခင် ပြန်တွေ့ကြမယ်။ ☕✨