Steak Village

Call Directions

Steak Village Taste By Heart

ဟိုစျေး ဒီစျေးတွေ ကမောက်ကမ ဖြစ်ပြီးတော့ လက်ရှိအချိန်မှာ ဗိုလ်စွဲနေတာကတော့ ကြက်သွန်နီပဲ ဖြစ်ပါတယ်ခင်ဗျ 🥇🥇👏👏👏လက်ကားစျေးတင်...
12/11/2026

ဟိုစျေး ဒီစျေးတွေ ကမောက်ကမ ဖြစ်ပြီးတော့ လက်ရှိအချိန်မှာ ဗိုလ်စွဲနေတာကတော့ ကြက်သွန်နီပဲ ဖြစ်ပါတယ်ခင်ဗျ 🥇🥇
👏👏👏
လက်ကားစျေးတင် တစ်ပိသာ ၂၀၀၀၀ ဆိုတော့ ရပ်ကွက်စျေးကတော့ သေချာပေါက် ၂၅၀၀၀ ဝန်းကျင်ပေါ့ဗျာ😅

ခါတိုင်းလို ပိသာ ၃၀ တစ်အိတ်ဝယ်ရင်တောင် ၆ သိန်း ဖြစ်နေပြီ🥹

Steak Village ရဲ့ ဧည့်သည်တော်များ မိတ်မပျက်ကြစေရန် ကြက်သွန်ချဉ် များများထည့်ပေးပါလို့ မတောင်းဆိုကြဖို့ မျှော်လင့်ပါတယ်🤣🤣
စတာပါဗျာ😂

ရန်ကုန်မြို့ရဲ့ လူကြိုက်အများဆုံး ဖက်ခေါက်ဆွဲကြော် “Steak Village ဖက်ခေါက်ဆွဲကြော်”ခေါက်ဆွဲကြော်ကို ဖက်နဲ့ ထုပ်ပေးလိုက်တ...
12/11/2026

ရန်ကုန်မြို့ရဲ့ လူကြိုက်အများဆုံး ဖက်ခေါက်ဆွဲကြော် “Steak Village ဖက်ခေါက်ဆွဲကြော်”

ခေါက်ဆွဲကြော်ကို ဖက်နဲ့ ထုပ်ပေးလိုက်တာနဲ့ ဖက်ခေါက်ဆွဲကြော် ဖြစ်သွားရောလားဗျ..?
အဲဒီလောက်တော့ မရိုးရှင်းလှပါဘူးနော်..
မီနူးတစ်ခုကို စတင်ဖန်တီးကတည်းက ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ ဘယ်လိုအရသာမျိုးကို ဖန်တီးမှာလဲ..? ဧည်သည်တော်တွေကို ဘာတွေ ပေးမှာလဲ.? ဆိုတာ သေသေချာချာ စဉ်းစားပြီးမှ ကိုယ့်ရဲ့ signature ဖြစ်အောင် ဖန်တီးယူရတာမျိုးပါ

ကျွန်တော်တို့ ဒီမီနူးကိုစတင်ကတည်းက သုံးတဲ့ခေါက်ဆွဲကနေစလို့ ပါဝင်ပစ္စည်းတွေ၊ အသားနဲ့ အသဲအမြစ်၊ ကြက်အူချောင်းတွေရဲ့ ပါဝင်မှု. အရသာနဲ့ quality တွေကို သေချာရွေးချယ်ပြီး အဲဒီအရသာကိုလဲ အမြဲထိန်းသိမ်းနိုင်အောင်လဲ ကြိုးစားရပါတယ်

Steak Village ရဲ့ ဖက်ခေါက်ဆွဲကြော်မှာ အိစက်နူးညံ့နေတဲ့ ဂျုံခေါက်ဆွဲအလုံးကြီးကို သေချာရွေးချယ်သုံးစွဲပေးထားပါတယ်

ဖက် ကိုဖွင့်လိုက်တဲ့အခါတိုင်း စိတ်ပျက်သွားစေတယ်ဆိုတာ တခါမှ မရှိခဲ့ဖူးပါဘူးနော်
အသားတွေ အသဲအမြစ်တွေနဲ့ ကြက်အူချောင်းတွေက နိုင်းချင်းပဲရော..?
အနံ့နဲ့တင် ဆွဲဆောင်မှုက ဒီလောက်ရှိနေပြီ..
စားပြီးရင်တော့ Steak Village ရဲ့ ဖက်ခေါက်ဆွဲကြော်ဆိုတာ ရန်ကုန်မြို့မှာ ပြိုင်ဘက်ကင်း ဘာလို့ဖြစ်နေတာလဲဆိုတာ အားလုံး သိသွားကြမှာပါနော်

ဖက်စိမ်းနံ့သင်းသင်းလေးကြားထဲကနေ ထွက်လာတဲ့ ခေါက်ဆွဲကြော်ပူပူနွေးနွေးရဲ့ မွှေးပျံ့တဲ့ အနံ့...
တူလေးနဲ့ တစ်လုတ်ညှပ်ပြီး ပါးစပ်ထဲ ထည့်လိုက်တာနဲ့... အိစက်နေတဲ့ ခေါက်ဆွဲသား၊ အရသာစိမ့်ဝင်နေတဲ့ အသားတုံးလေးတွေ၊ မွှေးကြိုင်နေတဲ့ ကြက်အူချောင်းနဲ့ နူးအိနေတဲ့ အသဲအမြစ်တွေရဲ့ ပေါင်းစပ်မှုက ဘာနဲ့မှ မလဲနိုင်တဲ့ အရသာတစ်ခုပါပဲ။
ပြောနေရင်းနဲ့တောင် သွားရည်ကျချင်စရာပါဗျာ! 🤤

သူ့ရဲ့အရသာက ကြက်အူချောင်းကြောင့် အနည်းငယ်ချိုတယ်လို့ ခံစားရပေမယ့် အရသာအချိုးအစား ကွက်တိဖြစ်နေတော့ တလုပ်စားပြီးသွားတာတောင် ဆက်စားချင်လောက်အောင် ဆွဲဆောင်မှုရှိလွန်းပါတယ်။ နေ့လယ်စာပဲ စားစား၊ ညနေခင်း ဗိုက်ဆာတဲ့အချိန်ပဲ ဆွဲဆွဲ Steak Village ရဲ့ ဖက်ခေါက်ဆွဲကြော်က အမြဲတမ်း အသင့်ရှိနေပါတယ်နော်။

ကဲ... ဒီPost လေးကို မြင်လိုက်ရလို့ ဗိုက်ဆာသွားပြီဆိုရင်တော့ အခုပဲ ပြေးလာခဲ့လိုက်တော့နော်! 🏃‍♂️💨
👇 Steak Village ဖက်ခေါက်ဆွဲကြော် စားဖူးတဲ့ ချစ်မိတ်ဆွေတို့ရေ... အကြိုက်ဆုံး အချက်လေးကို Comment မှာ ဝင်ရောက်ပြောပြပေးသွားကြပါဦးခင်ဗျာ!
(မစားရသေးတဲ့ သူငယ်ချင်းတွေကိုလည်း Mention ခေါ်ပြီး လာစားဖို့ ချိန်းလိုက်ကြတော့နော် 😉)

ဆိုင်ဖွင့်ချိန်
နေလည် ၁၁:၃၀ မှ ည ၉:၃၀ အထိ

Steak Village
အမှတ် ၅၂၉၊ ဦးဝိစာရလမ်း၊ ၄၁ ရပ်ကွက်၊ မြောက်ဒဂုံ
09776685122
09895094245

Steak Village ရဲ့ distribution ကနေထုတ်တဲ့ အသားတွေနဲ့ ဆိုင်ဖွင့်ပြီး စျေးရောင်းတာ မြတ်ရော မြတ်ရဲ့လား..?အဲလိုမေးရင် တောင်က...
08/11/2026

Steak Village ရဲ့ distribution ကနေထုတ်တဲ့ အသားတွေနဲ့ ဆိုင်ဖွင့်ပြီး စျေးရောင်းတာ မြတ်ရော မြတ်ရဲ့လား..?

အဲလိုမေးရင် တောင်ကြီးမြို့က Mr. KyawGyi က ပြုံးပြနေပါလိမ့်မယ် 😊
ဆိုင်ဖွင့်တာ ပထမဆုံး လမှာတင် အရင်းကျေပြီး ဒုတိယလကစလို့ အမြတ်ထွက်ခဲ့တာဆိုတော့...

အလုပ် လုံးဝ မရှုပ်ပါဘူး
ညနေ ၃:၃၀ လောက်မှာ ဆိုင်သွားခင်းတယ်၊ ည ၈:၃၀ လောက်ဆို သိမ်းပြီ။
များများလဲ ရောင်းစရာမလိုပါဘူး၊ တစ်နေ့ ပွဲ ၂၀ - ၃၀ လောက် ရောင်းရင်ကို တစ်လ သိန်း ၂၀ လောက် အသားတင်အေးဆေး မြတ်နေတာကို 😅
ပိုရောင်းရရင်တော့ ပြောမနေနဲ့တော့🤗
ဒီကြားထဲ စိတ်မပါရင် ဆိုင်က ပိတ်သေးတာ 🤣
တခါတလေ Marketing လုပ်ပေးလို့ လူကျလာရင်တောင် ဝန်ထမ်းမရှိလို့၊ လူမနိုင်လို့ဆိုပြီး စိတ်ဆိုးသေးတာ 😂

ဘာလို့ ဒီလောက် အေးဆေး အဆင်ပြေရတာလဲ..?
Steak Village Distribution ကနေ Ready-to-Grill Marinated အသားတွေကို အရသာ ပြည့်စုံစွာ Pack လုပ်ပြီး အဆင့်သင့် ပို့ပေးတာဖြစ်လို့ဘာအလုပ်မှ ရှုပ်မနေဘူး။ မီးဖိုပေါ် ဒါမှမဟုတ် အကင်ဗန်းပေါ်တင်တာနဲ့ အကင်ဖြစ်တယ်။ Chef သီးသန့် ငှားစရာမလိုဘဲ ဝန်ထမ်း ၁ ယောက်/၂ ယောက်နဲ့တင် အေးဆေး လည်ပတ်နိုင်လို့ပါ။

မိတ်ဆွေတို့ရော ကိုယ့်မြို့ကိုယ့်အရပ်မှာ အေးအေးဆေးဆေးလေးနဲ့ ဝင်ငွေတစ်ခု မလိုချင်ဘူးလား..?
ဒီလို အချက်အလက်တွေနဲ့ ပြည့်စုံရင် Steak Village ကို ဆက်သွယ်နိုင်ပါတယ် -

1️⃣ ကိုယ်နေတဲ့မြို့ဟာ Population သင့်တင့်သလောက်ရှိတယ်။ အထူးသဖြင့် လူလတ်တန်းစား များတယ်၊ စားနိုင် သောက်နိုင်တဲ့ အခြေအနေ ရှိတယ်။
2️⃣ သွားရလာရ အဆင်ပြေတဲ့ နေရာလေးမှာ သင့်တင့်လျှောက်ပတ်တဲ့ အကျယ်အဝန်းရှိတဲ့ ဆိုင်နေရာ (သို့) ညစျေးတန်းလို စျေးရောင်းလို့ရတဲ့ Space လေး ရှိမယ်။
3️⃣ အရမ်းမများတဲ့ ကိုယ်ပိုင် အရင်းအနှီးလဲ ရှိတယ်။
4️⃣ ကိုယ်ပိုင်ဆိုင်လေးတစ်ဆိုင်ကို ကိုယ်ပိုင် Brand နဲ့ တည်ဆောက်ဖို့ ဆန္ဒရှိတယ်။

ဒီအချက်တွေအပြင် ကိုယ့်ပတ်ဝန်းကျင်မှာ ငွေ ၁၅,၀၀၀ ဝန်းကျင်နဲ့ အမဲသား Steak ကောင်းကောင်း လိုက်ရှာစားကြည့်ပါ - မရှိဘူးဆိုရင် Competitor မရှိတာဖြစ်လို့ သေချာပေါက် ဈေးကွက်မှာ ရပ်တည်နိုင်ပါပြီ။

ဒါ့အပြင် Steak Village ရဲ့ အောင်မြင်ခဲ့တဲ့ Marketing Strategy တွေနဲ့ Menu Preparation Support တွေကိုပါ အကြံပြုပေးမှာဆိုတော့ ဘာမှ သိပ်မစဉ်းစားပါနဲ့။ မြို့တစ်မြို့မှာ ဦးသူစနစ်နဲ့ လက်တွဲပေးသွားမှာဖြစ်လို့ သင့်မြို့မှာ ပထမဆုံး Steak ဆိုင်ပိုင်ရှင် ဖြစ်ဖို့ အခုပဲ ဆက်သွယ်လိုက်ပါ။

Page Messenger သို့ စုံစမ်းရန် သို့မဟုတ်
📞 ဖုန်းနံပါတ်: 09790962713 သို့ တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

"ငယ်ငယ်က သဘောကျခဲ့ဖူးတဲ့ အရသာတစ်ခုကို ကြီးလာမှ ပြန်ရှာဖူးပါသလား…?" 💭✨စိတ်ကူးထဲမှာတော့ "ကြီးလာရင် ကြိုက်သလောက် ဝယ်စားမယ်"...
07/11/2026

"ငယ်ငယ်က သဘောကျခဲ့ဖူးတဲ့ အရသာတစ်ခုကို ကြီးလာမှ ပြန်ရှာဖူးပါသလား…?" 💭✨

စိတ်ကူးထဲမှာတော့ "ကြီးလာရင် ကြိုက်သလောက် ဝယ်စားမယ်" လို့ တွေးခဲ့ဖူးကြပေမဲ့… တကယ်တမ်း ကြီးလာတဲ့အခါ အဲ့ဒီတုန်းကလို အရသာ၊ အဲ့ဒီတုန်းကလို ပျော်ရွှင်မှုကို ပြန်မတွေ့တော့တာမျိုး ခံစားဖူးကြမှာပါ။
ပါ…✨

အခုမှပဲ သဘောပေါက်လာရတယ်…
ပျော်ရွှင်မှုဆိုတာ "ငွေအများကြီး ရှိမှ" မဟုတ်ဘဲ "တန်ဖိုးရှိတဲ့သူတွေနဲ့ အတူတူရှိနေတဲ့ လက်ရှိအချိန်လေး" မှာပဲ ရရှိနိုင်တာပါ..💫

Steak Village မှာ Premium Quality local အသားတွေကို နူးညံ့အောင် သေချာ ပြုလုပ်ထားတဲ့ Signature Steak တွေအပြင် —
💕 Spicy & Mala အရသာခေါက်ဆွဲတွေ
💕အသားကင်ဆလပ်ဗန်းတွေ
💕 တမူထူးခြားတဲ့ ဖက်ခေါက်ဆွဲကြော်
💕 Signature မီနူးတွေ
💕 ဆာတေးမျိုးစုံ
💕 ငါးမီနူးမျိုးစုံ
💕 ပုဇွန်မီနူးတွေ
💕 အထောင်းမီနူးတွေ
💕 အကြော်အလှော်မျိုးစုံ
💕 အရည်သောက်မီနူးတွေ
နဲ့ အချစ်သူနဲ့အတူ… မိသားစုနဲ့အတူ…
အေးချမ်းလှတဲ့ ညပိုင်းတစ်ညကို အတူတူ ဖြတ်သန်းနိုင်ပါတယ်။

အရသာကောင်းတဲ့ အစားအသောက်တွေနဲ့အတူပျော်ရွှင်မှုအမှတ်တရတွေကို ဖန်တီးဖို့
👉 Steak Village ကို လာခဲ့ပါ…

ဆိုင်ဖွင့်ချိန်
နေလည် ၁၁:၃၀ မှ ည ၉:၃၀ အထိ

Steak Village
အမှတ် ၅၂၉၊ ဦးဝိစာရလမ်း၊ ၄၁ ရပ်ကွက်၊ မြောက်ဒဂုံ
09776685122
09895094245

Editedအားလုံး ကုန်ပါပြီခင်ဗျာမရလိုက်သူတွေလဲ စိတ်မဆိုးကြပါနဲ့နော် 🥰🥰Steak Village မိသားစုများအတွက် Grab တာဝန်ရှိသူတွေဘက်က...
06/11/2026

Edited
အားလုံး ကုန်ပါပြီခင်ဗျာ
မရလိုက်သူတွေလဲ စိတ်မဆိုးကြပါနဲ့နော် 🥰🥰

Steak Village မိသားစုများအတွက် Grab တာဝန်ရှိသူတွေဘက်ကနေ သီတင်းကျွတ်ကာလလက်ဆောင် promo code လေးတွေ ပေးထားပါတယ်🥰🥰
ဧည့်သည်တော်တွေဆိုတာလဲ Steak Village ရဲ့ မိသားစုဝင်တွေပဲမို့လို့ ဧည့်သည်တော်တွေကို လက်ဆောင် ပြန်ပေးပါမယ်ခင်ဗျ

အမှန်တကယ် grab အသုံးပြုသူမှသာ လက်ဆောင်ဝင်ယူပေးပါခင်ဗျာ🙏
Grab Food အတွက် ၁၀ စောင်နဲ့ Grab Transport အတွက် ၁၀ စောင်ပါ
တစ်စောင်ကို promo တန်ဖိုး ၅၀၀၀ ကျပ်ပါ
(တစ်ဦးကို တစ်မျိုးစီသာ ယူပေးပါရန်)

Voucher Code များနှင့် အချက်အလက်များ -
-Grab Taxi Voucher(50,00 ကျပ်) x 10 စောင်
-Grab Food Voucher(50,00 ကျပ်) x 10 စောင်
အသုံးပြုနိုင်သည့် ကာလ: November 1, 2026 မှ December 31, 2026 အထိ

ရယူချင်တဲ့ voucher အမျိုးအစားလေး Comment မန့်ပေးပါ
Cb ကနေ လာပေးပါမယ်ခင်ဗျာ

လက်ဆောင်ပေးတဲ့ Grab ဖက်မှ တာဝန်ရှိသူများအား Steak Village မိသားစုများမှ ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် လုပ်ငန်းများပိုမိုတိုးတက်ပါစေကြောင်း ဆန္ဒပြုပါတယ်ခင်ဗျာ

Steak Village ရဲ့ တပိုင်တနိုင် ဆိုင်ဖွင့်ချင်တဲ့သူတွေကို ဖိတ်ခေါ်တဲ့ post ရဲ့ နောက်ဆက်တွဲအနေနဲ့ လုပ်ငန်းရှင်တွေရဲ့ စိုးရ...
05/11/2026

Steak Village ရဲ့ တပိုင်တနိုင် ဆိုင်ဖွင့်ချင်တဲ့သူတွေကို ဖိတ်ခေါ်တဲ့ post ရဲ့ နောက်ဆက်တွဲအနေနဲ့ လုပ်ငန်းရှင်တွေရဲ့ စိုးရိမ်မှုတွေ၊ အမေးများတဲ့ အကြောင်းလေးတွေကို သေချာရှင်းပြထားပါတယ်

"ဆိုင်တော့ ဖွင့်ချင်တယ်... ဒါပေမဲ့ ဘာမှလည်း သေချာ မတတ်ထားဘူး၊ စိုးရိမ်တယ်" ဆိုတဲ့ မိတ်ဆွေတွေအတွက် 🤝

လုပ်ငန်းသစ်တစ်ခု စတင်တော့မယ်ဆိုရင် ရင်ထဲမှာ စိုးရိမ်ပူပန်မှုတွေ ရှိနေတာ သဘာဝပါပဲ။ "အဆင်ပြေပါ့မလား၊ အလကားဖြစ်သွားမလား" ဆိုပြီး တွေးပူနေတဲ့ မိတ်ဆွေတွေကို Steak Village ဘက်ကနေ "ကိုယ့်လုပ်ငန်းလိုမျိုး စိတ်ရင်းမှန်နဲ့ အစအဆုံး လက်တွဲဖော်ဆောင်ပေးဖို့" အသင့်ရှိပါတယ်။
ကျွန်တော်တို့နဲ့ လက်တွဲဖို့ ဘာမှ ကျွမ်းကျင်စရာ မလိုပါဘူး။ မိတ်ဆွေမှာ လုပ်ချင်တဲ့စိတ်နဲ့ နေရာလေးတစ်ခုပဲ ရှိဖို့လိုပါတယ်။ ကျန်တာတွေကို Steak Village က အောက်ပါအတိုင်း အနီးကပ် တာဝန်ယူကူညီပေးသွားမှာပါ -
🔥 "ဘာမှ မတတ်သေးရင် ဘယ်လိုလုပ်မလဲ?" ဆိုပြီး မပူပါနဲ့
အသင့်ကင်ရုံ အသားများကို အရည်အသွေးမှန်ကန်စွာနဲ့ ပုံမှန် Supply လုပ်ပေးပါမယ်။
အသားကင်နည်း၊ အရသာထည့်တဲ့ Sauce ဖျော်စပ်နည်းကစလို့ ပန်းကန်ပေါ် အလှဆင်တဲ့ Plating ခင်းနည်းအထိ တစ်ဆင့်ချင်း လက်တွေ့သင်ကြားပေးပါတယ်။
ဆာတေးလို မီနူးမျိုးဆိုရင်လည်း မူရင်း Recipe ပါ ပေးပြီး အမှားအယွင်းမရှိ တတ်မြောက်အောင် အသေအချာ သင်ပေးပါတယ်။

📈 "အရောင်းအဝယ် ဖြစ်ပါ့မလား၊ Marketing ဘယ်လိုလုပ်ရမလဲ?" ဆိုတာလည်း စိတ်မပူပါနဲ့

ကိုယ်ပိုင် အရင်းအနှီးနဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး
(၁) Street Food ပုံစံ၊
(၂) Full-setup Steakhouse ပုံစံ၊
(၃) လက်ရှိဆိုင်မှာ မီနူးထပ်တိုးမယ့် ပုံစံ ဆိုပြီး အသင့်တော်ဆုံး လမ်းကြောင်းကို အကြံပေးဆွေးနွေးပေးပါတယ်။
ရေရှည် ရောင်းအားတက်စေမယ့် Marketing Plans တွေနဲ့ လူကြိုက်များမယ့် မီနူးအပြင်အဆင်တွေကိုပါ အမြဲ ဉာဏ်ပေးကူညီသွားမှာပါ။

🛡️ "ကိုယ့်မြို့မှာ ကိုယ်တစ်ယောက်တည်း ရုန်းကန်ရမှာလား?"
လုံးဝ မဟုတ်ပါဘူး။ မိတ်ဆွေရဲ့ ဧရိယာမှာ စီးပွားရေး ရေရှည်ခိုင်မာဖို့နဲ့ စျေးကွက် လွှမ်းမိုးနိုင်ဖို့ မြို့တစ်မြို့ကို (၁) ဆိုင်တည်းသာ သီးသန့်ခွင့်ပြုပေးမှာ ဖြစ်ပါတယ်။ ကိုယ့်လုပ်ငန်းကို တန်ဖိုးထားပြီး တစ်ဖက်သတ် ပြိုင်ဆိုင်မှုတွေ မဖြစ်အောင် အစစအရာရာ ကာကွယ်ပေးထားပါတယ်။
လမ်းစရှာနေချိန်မှာ တစ်ယောက်တည်း မဟုတ်ဘဲ အားကိုးရမယ့် လက်တွဲဖော် တစ်ယောက် ရှိနေပါတယ်။
ကိုယ်က ဘယ်လိုပုံစံလေး စတင်ချင်လဲ၊ ဘယ်လိုလေး ပုံဖော်ချင်လဲဆိုတာကို ရင်ဖွင့်ဆွေးနွေးဖို့ Steak Village ရဲ့ Messenger ဆီကို အချိန်မရွေး လွတ်လွတ်လပ်လပ် လာရောက်ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။ 📲✨

31/10/2026

9 week ရှိပြီ.. တင်ထားတာ
အခုထိ မှန်နေဆဲ
😅😅

25/10/2026

မနက်ဖန် ၂၆ ရက်နေ့ တနင်္လာနေ့ (လပြည့်နေ့) ရန်ကုန်မြို့တွင် delivery way ရှိပါတယ်

ရန်ကင်း၊ တောင်ဥက္ကလာ၊ သုဝဏ္ဏ၊ စမ်းချောင်း၊ ဗဟန်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ စမ်းချောင်း၊ အလုံ၊ မြို့ထဲဘက်က ဧည့်သည်များ delivery မှာလို့ရပါမယ်

ခန့်မှန်းရောက်ရှိချိန် ၁၁:၃၀ ကနေ ၁:၃၀ အတွင်ပါ
Delivery fee 5000-7000 ဝန်းကျင်ပါ

လပြည့်နေမှာ မိသားစုနဲ့ အိမ်မှာ နေ့လည်စာ အေးအေးဆေးဆေး သုံးဆောင်ချင်တဲ့ ဧည့်သည်များ ကြိုတင်မှာကြားလို့ရပါပြီခင်ဗျာ
Page messenger ကနေ မှာလို့ရသလို ဆိုင်ဖုန်း 09776685122 / 09895094245 ကို ဖုန်းဆက်မှာယူလို့ ရပါတယ်ခင်ဗျာ

သီတင်းကျွတ်အခါသမယလေးမှာ အားလုံး ပျော်ရွှင်ကြပါစေနော်❤️❤️

🌕✨ သီတင်းကျွတ် မီးထွန်းပွဲတော်မှာ ချစ်ရသူတွေနဲ့အတူ နွေးထွေးစုံလင်တဲ့ ညစာပွဲတော်လေး ဖန်တီးလိုက်ပါ ✨🕯️ဆီမီးရောင်ထိန်ထိန် လ...
24/10/2026

🌕✨ သီတင်းကျွတ် မီးထွန်းပွဲတော်မှာ ချစ်ရသူတွေနဲ့အတူ နွေးထွေးစုံလင်တဲ့ ညစာပွဲတော်လေး ဖန်တီးလိုက်ပါ ✨🕯️

ဆီမီးရောင်ထိန်ထိန် လင်းလက်နေတဲ့ သီတင်းကျွတ်လပြည့် အခါသမယမှာ မိသားစုဝင်တွေ၊ ချစ်ခင်ရတဲ့ မိတ်ဆွေအပေါင်းအသင်းတွေနဲ့အတူ ပျော်ရွှင်ချမ်းမြေ့စွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း Steak Village မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ 🙏💛

သီတင်းကျွတ်ညချမ်းရဲ့ လေပြေအေးအေးလေးထဲမှာ လူကြီးမိဘတွေကို ပူဇော်ကန်တော့ရင်း၊ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောရင်း... မီးရောင်လှလှလေးတွေအောက်မှာ ပူပူနွေးနွေး အရသာရှိလှတဲ့ ဟင်းလျာတွေကို ဝိုင်းဖွဲ့စားသောက်ရတာဟာ ရင်ထဲမှာ အနွေးထွေးဆုံးနဲ့ အပျော်ဆုံး အမှတ်တရပါပဲ။ 🕯️✨

Steak Village မှာ မိသားစုနဲ့အတူသုံးဆောင်နိုင်ဖို့
🥩နူးညံ့ပြီး အရသာရှိတဲ့ steak မျိုးစုံ
🔹Signature ဖက်ခေါက်ဆွဲကြော်
🥬Signature အသားကင်ဆလပ်မီနူးတွေ
🌶️Spicy & Mala အရသာမီနူးမျိုးစုံ
🍤ပုဇွန်မီနူး 🐠ငါးမီနူးတွေ
🍜တရုတ်အကြော်အလှော်မီနူးတွေ
🥗အထောင်းမီနူးတွေ
🥣အရည်သောက်မီနူးမျိုးစုံတွေနဲ့
🥔Appetizer မီနူးတွေ အစုံအလင်နဲ့ဆိုတော့ လူများလဲ စိတ်ကြိုက်ရွေးလို့ရတာပေါ့နော်

Steak Village ဖြစ်တဲ့အတွက်ကြောင့် အရသာပိုင်း၊ ပေးရတဲ့စျေးနှုန်းနဲ့ ဝန်ဆောင်မှုအတွက်ကတော့ မတန်မှာ စိတ်မပူပါနဲ့နော်

ပျော်ရွှင်စရာ အချိန်အခါ သီတင်းကျွတ်ကာလလေးမှာ မိသားစု၊ မိတ်ဆွေ၊ ချစ်ရသူတွေနဲ့ အတူဆုံစည်းရင်း အကောင်းဆုံး အစားအသောက်တွေနဲ့ အမှတ်တရကောင်းတွေကိုဖန်တီးဖို့ Steak Village ကို ကြွရောက်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ

ဆိုင်ဖွင့်ချိန်
နေလည် ၁၁:၃၀ မှ ည ၉:၃၀ အထိ

Steak Village
အမှတ် ၅၂၉၊ ဦးဝိစာရလမ်း၊ ၄၁ ရပ်ကွက်၊ မြောက်ဒဂုံ
09776685122
09895094245


#သီတင်းကျွတ်

အမဲမစားတဲ့ ကာကာတွေ ရန်လာတွေ့လို့ မင်မင်တို့ အပြေးအလွှား ပြင်ဆင်ပေးလိုက်ပါပြီနော်! 🥹❤️ပြီးခဲ့တဲ့တစ်ခေါက် အမဲအူ မီနူးလေး တ...
23/10/2026

အမဲမစားတဲ့ ကာကာတွေ ရန်လာတွေ့လို့ မင်မင်တို့ အပြေးအလွှား ပြင်ဆင်ပေးလိုက်ပါပြီနော်! 🥹❤️

ပြီးခဲ့တဲ့တစ်ခေါက် အမဲအူ မီနူးလေး တင်လိုက်တုန်းက "ဝက်အူနဲ့လုပ်ရင်အမဲမစားသူ​တွေ​ပျော်သွားမှာစိုးလို့လားရှင်" ဆိုပြီး ချစ်ရတဲ့ ကာကာတို့က စိတ်ဆိုးပြီး ရန်လာတွေ့ကြလို့ မင်မင်တို့လည်း မနေနိုင်တော့ပါဘူး။ 😂
(ဒီတစ်ခေါက်ရော ကြက်သားသီးသန့် စားတဲ့ ကာကာတို့ ထပ်ပြီး ရန်လာတွေ့ဦးမလားတော့ မသိဘူးနော်... 🫣)

ကဲ... အမဲမစားလို့ စိတ်ကောက်နေကြတဲ့ ကိုကို မမတို့ Steak Village ကိုသာ အပြေးအလွှား ကြွခဲ့ကြတော့နော်!
အထူးဂရုစိုက် သေချာသန့်စင်ထားတဲ့ ဝက်အူမကြီးနဲ့ အူချိုလေးတွေကို နူးအိနေအောင် သေချာပြုတ်ပြီး အရသာ ရှယ်ထိမိအောင် ဖန်တီးပေးထားတာမို့ အရသာကတော့ တကယ်ကို ရှယ်ပါပဲ။ 🤤🔥

🍜 စိတ်ကြိုက် ရွေးချယ်နိုင်မယ့် မီနူးသစ်များ -
ခေါက်ဆွဲအရည် ကြိုက်သူများအတွက် -
ဝက်အူမာလာ ခေါက်ဆွဲအရည်
ဝက်အူ Spicy ခေါက်ဆွဲအရည်
အသုပ်/ အကြော် ကြိုက်သူတွေအတွက် -
ဝက်အူမာလာ
ဝက်အူ Spicy

မင်မင်တို့ကိုယ်တိုင် ချက်ရင်း မြည်းရင်းနဲ့တင် တော်တော်ကို စွဲသွားရတဲ့ မီနူးလေးမို့ အရသာပိုင်းကတော့ အာမခံပါတယ်လို့စ်! 🤗✨
👉 ကာကာတို့ရော... မာလာအရည် ပူပူစပ်စပ်လေး သောက်မလား၊ Spicy အနှစ်လေးနဲ့ မြည်းမလား?
Comment မှာ ဘာအရင်လာစားချင်လဲ ပြောပြခဲ့ကြပါဦးနော်! 👇

⏰ ဆိုင်ဖွင့်ချိန်: မွန်းလွဲ ၁၂:၀၀ နာရီ မှ ည ၉:၃၀ နာရီအထိ
📍 လိပ်စာ: Steak Village (အမှတ် ၅၂၉၊ ဦးဝိစာရလမ်း၊ ၄၁ ရပ်ကွက်၊ မြောက်ဒဂုံ)
📞 ဆက်သွယ်ရန်: 09-776685122 / 09-895094245

Address

No 529, U Wisara Road, 41 Quarter, North Dagon
Yangon
11211

Opening Hours

Monday 12:00 - 21:30
Tuesday 12:00 - 21:30
Wednesday 12:00 - 21:30
Thursday 12:00 - 21:30
Friday 12:00 - 21:30
Saturday 12:00 - 21:30
Sunday 12:00 - 21:30

Telephone

+959776685122

Website

Alerts

Be the first to know and let us send you an email when Steak Village posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category