Super Wonder Bowl Restaurant

Super Wonder Bowl Restaurant Restaurant

SWBစားသောက်ဆိူင်(ရန်ကုန်မြို့အတွင်း)တွင်တာဝန်ထမ်းဆောင်ရန်ဓါးကိုင် (၂)ဦးwaiter (၂) ဦးwaitress (၂) ဦးkitchen helper (၂) ...
04/12/2023

SWBစားသောက်ဆိူင်(ရန်ကုန်မြို့အတွင်း)တွင်တာဝန်ထမ်းဆောင်ရန်

ဓါးကိုင် (၂)ဦး
waiter (၂) ဦး
waitress (၂) ဦး
kitchen helper (၂) ဦး
ပန်းကန်ဆေး (၁) ဦး
အလိုရှိပါသည်။

လျှောက်ထားလိုပါက messenger သို့ CV ပေးပို့လျှောက်ထားနိုင်ပါသည်။

မှတ်ချက် - နေ/စားငြိမ်းဖြစ်ပါသည်၊ တစ်လ ၂ရက် နားရက်ပေးပါသည်။ ဆိုင်မန်နေဂျာနှင့် ညှိနှိုင်း၍ အဆင်ပြေသောရက်တွင် ယူရပါမည်။ ယူနီဖောင်းရှိပါသည်။ တကယ်ကြိုးစားပြီး အရည်အချင်းတိုးတက်လာပါက (၃)လအတွင်း ရာထူးတိုး၊ လစာတိုးပေးပါသည်။

ကွမ်းမစား၊ အရက်မသောက်သူ၊ အလုပ်မှပေးသော အဆောင်နေနိုင်သူသာလျှောက်ထားနိုင်ပါသည်။ အလုပ်လိုချင်သူထက် ရိုးသားကြိုးစားပြီး အလုပ်လုပ်ချင်သူကိုဦးစားပေးပါမည်။ ကျေးဇူးတင်ပါသည်။

ရွေးချယ်ခံရပါက အင်တာဗျူးချိန်းဆိုပေးပါမည်။

Hello📢📢 📢  🍜🍜🍜SWB မှာ ၀န်ထမ်းတွေ ခေါ်နေပြီနော်🍝🍝🍝🍜 စားပွဲထ်ိုး--- (၅)ဦး        (💁‍♂️ကျား-၂ ဦး/ 🙋မ-၃ဦး)🍜  မီးဖိုချောင်...
22/11/2023

Hello📢📢 📢

🍜🍜🍜SWB မှာ ၀န်ထမ်းတွေ ခေါ်နေပြီနော်🍝🍝🍝

🍜 စားပွဲထ်ိုး--- (၅)ဦး
(💁‍♂️ကျား-၂ ဦး/ 🙋မ-၃ဦး)

🍜 မီးဖိုချောင်အကူ--- 💁‍♂️ကျား ၂ဦး
🍜 ပန်းကန်ဆေး--💁‍♂️ကျား ၂ဦး

🍝 နယ်မှလာသူ ဦးစားပေးပါမည်။
🍝 ယောကျ်ားလေး/ နေစားငြိမ်းနေနိုင်ရမည်။
🍝 ရိုးသားကြိုးစားရမည်။
🍝 သန့်ရှင်းသပ်ရပ်စွာနေထိုင်တတ်ပြီး ဆိုင်မှ ချမှတ်ထားသောစည်းကမ်းများကို လိုက်နာနိုင်ရပါမည်။
🍝 အသက် ၂၅အောက် ဖြစ်ရမည်။

👕👚 ယူနီဖောင်းရှိပါသည်။

🙆 ပိတ်ရက်ရှိပါသည်။ ဆိုင်မန်နေဂျာနဲ့ ညှိနှိုင်း၍ အလှည့်ကျ ပိတ်ရက်ရှိပါသည်။

💵 လစာ-ညှိနှိုင်း
အရည်အချင်းပေါ်မူတည်၍ ထိုက်ထန်စွာပေးပါမည်။

Chat Boxတွင် မိမိကိုယ်ရေးအချက်အလက်ဖြည့်ထားသော CVဖောင်ပေးပို့လျှောက်ထားနိုင်ပါသည်။

08/09/2022

SWBမှာ​ကြော်ငြာလိုက်ရိုက်​ပေးသွားတဲ့ ...အရမ်းချစ်စရာ​ကောင်းတဲ့ model ​လေးHtet ​ရေ​ကျေးဇူးပါ​နော်

07/07/2022

အမြန်အလုပ်ဆင်းနိူင်သူ ဦးစားပေးပါမည်။
အင်တာဗျူးပြီး အဆင်ပြေပါက တန်းခန့်ပါမည်။


စားပွဲထိုး ကျား (၁)ဦး
ပန်းကန်ဆေး၀န်ထမ်း ကျား(၁)ဦး

*နယ်မှလာသူ ဦးစားပေးပါမည်။
*နေစားငြိမ်းနေနိုင်ရမည်။
*ရိုးသားကြိုးစားရမည်။
လစာ ညှိနှိုင်း

အသက် ၂၅အောက် ဖြစ်ရမည်။
နေစားငြိမ်း။

အမှန်တကယ်လုပ်မည့်သူများသာ လျှောက်ထားပါရန်။

cbတွင် မိမိကိုယ်ရေးအချက်အလက်ဖြည့်ထားသော CVဖောင်ပေးပို့လျှောက်ထားနိုင်ပါသည်။

SWB ရဲ့ အရမ်းတန် ..အရမ်းလန်းတဲ့ အကင်မျိုးစုံရပြီဗျို့ ...အစစအရာရာ ​စျေးတက်​ပေမဲ့  ..SWB မှာ​တော့ ​စေတနာ​တေပဲ ပိုတင်ထားပါ...
03/07/2022

SWB ရဲ့ အရမ်းတန် ..အရမ်းလန်းတဲ့ အကင်မျိုးစုံရပြီဗျို့ ...အစစအရာရာ ​စျေးတက်​ပေမဲ့ ..SWB မှာ​တော့ ​စေတနာ​တေပဲ ပိုတင်ထားပါတယ် ..😍😍
မိုး​အေး​အေးနဲ့ ..ဘီယာ​လေးနဲ့ အကင်​လေးနဲ့သုံး​ဆောင်ဘို့ အ​ရောက်လှမ်းခဲ့​တော့ဗျို့ 😘😘

မကြာခင်မှာ  ..SWB ရဲ့ ရှယ်တန် အကင်လေးတေ လာတော့မယ်ဗျို့.. အားပေးကျဦးနော် 😍😍😍မင်မင်က promotion တေလဲ ပေးမယ်နော် 😘😘
04/04/2022

မကြာခင်မှာ ..SWB ရဲ့ ရှယ်တန် အကင်လေးတေ လာတော့မယ်ဗျို့.. အားပေးကျဦးနော် 😍😍😍
မင်မင်က promotion တေလဲ ပေးမယ်နော် 😘😘

အိမ်မှာသာ ကန်စွန်းရွက်ကြော်ဆို ထမင်းမစားတာ..ဆိုင်သွားရင်တော့... ဘီယာလေး နဲ့ ကန်စွန်းပလိန်းလေးနဲ့ မှမှတ်လား ☺☺ငါးခူလေးကို...
31/03/2022

အိမ်မှာသာ ကန်စွန်းရွက်ကြော်ဆို ထမင်းမစားတာ..
ဆိုင်သွားရင်တော့... ဘီယာလေး နဲ့ ကန်စွန်းပလိန်းလေးနဲ့ မှမှတ်လား ☺☺
ငါးခူလေးကို ကြွပ်ကြွပ်လေးကြော်ပြီး သုပ်ထားတာနဲ့ဆို...
ဝါး... ဆွေးမျိုးတေရော အိမ်ကမိန်းမိန်းပါ မေ့မယ်သာမှတ် 😝😝

🎊🎇 နှစ်သစ်ဆုတောင်း 🎇🎊နှစ်သစ်အခါသမယမှာ SWBရဲ့ customersများနှင့်  မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး ရောဂါဘယကင်းဝေးပြီ...
31/12/2021

🎊🎇 နှစ်သစ်ဆုတောင်း 🎇🎊

နှစ်သစ်အခါသမယမှာ SWBရဲ့ customersများနှင့် မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး ရောဂါဘယကင်းဝေးပြီး ကိုယ်စိတ်နှစ်ဖြာရွှင်လန်း ကျန်းမာချမ်းမြေ့ကြပါစေကြောင်း ကျွန်မတို့ Super Wonder Bowl မိသားစုမှ‌ တောင်းဆုပြုလိုက်ပါတယ်ရှင်🥰🥰


မင်္ဂလာပါရှင့် ကျမတို့ SWB မှ မိတ်ဟောင်း မိတ်သစ်များအတွက် ဗမာကြက်စစ်စစ်နဲ့ ပေါင်းထားတဲ့ကြက်ပေါင်းစွပ်ပြုတ်ကလေးကို မိတ်ဆက...
27/07/2021

မင်္ဂလာပါရှင့်

ကျမတို့ SWB မှ မိတ်ဟောင်း မိတ်သစ်များအတွက် ဗမာကြက်စစ်စစ်နဲ့ ပေါင်းထားတဲ့ကြက်ပေါင်းစွပ်ပြုတ်ကလေးကို မိတ်ဆက်ပါရစေ။
"Simple Is Best" ဆိုတဲ့ စကားပုံအတိုင်း ရိုးရိုးရှင်းရှင်း အရသာရှိရှိ ခွန်အားဖြစ်စေဖို့ပါရှင်၊ ဈေးကလည်း (၃၀၀၀)ကျပ် သာမို့ မိတ်ဆွေများအားလုံး ခွန်အားဖြစ်ပြီး enjoy လုပ်နိုင်ဖို့ အဓိကပါရှင့်....

အခြားဟင်းလျာများကိုလည်း foodpanda, Door2Door, GrabFood တို့မှတဆင့် မှာနိုင်ပါတယ်ရှင်။

ဆိုင်မှတိုက်ရိုက် မှာယူခြင်းများအတွက်ကိုတော့ ဝန်ထမ်းအင်အားနည်းနေတာကြောင့် ဆိုင်မှ ၄-၅မိနစ် လမ်းလျှောက် အကွာအဝေး အတွင်းရှိ မိတ်ဆွေများကိုသာ ဝန်ဆောင်မှုပေးနိုင်ပါတယ်၊ Pick-up (ပါဆယ်ယူ) ဝန်ဆောင်မှုအတွက်ကိုတော့ အောက်မှာရေးထား ဖုန်းကို ဆက်သွယ်ပြီး ကြိုတင်မှာယူလို့ ရပါပြီရှင်။

အားလုံးဘဲ ခွန်အားအပြည့် ကျန်းကျန်းမာမာ နဲ့ ဒီရောဂါကပ်ဆိုးကြီးကို ကျော်ဖြတ်နိုင်ကြပါစေ။

ဆက်သွယ်ရန်ဖုန်းနံပါတ် ...

01 838 9664
09 970 886 603

ယခုကာလ အတွက် အော်ဒါမှာယူရန် အချိန်
(10am - 9pm (last order))

SWB ဆိုင်လေး ပြန်ဖွင့်ပါပြီနော်။ Covid-19 နှိမ်နင်းရေးကာလဖြစ်စဲ ဖြစ်တဲ့အတွက် ၀န်ထမ်းအနည်းငယ်နဲ့ ပါဆယ်သာ ရောင်းချပေးသွားမ...
23/11/2020

SWB ဆိုင်လေး ပြန်ဖွင့်ပါပြီနော်။

Covid-19 နှိမ်နင်းရေးကာလဖြစ်စဲ ဖြစ်တဲ့အတွက် ၀န်ထမ်းအနည်းငယ်နဲ့ ပါဆယ်သာ ရောင်းချပေးသွားမှာပါ။

Stay Home ကာလမှာ ကျန်းမာရေးနဲ့ညီညွတ်ပြီး သန့်ရှင်းလတ်ဆက် အရသာရှိတဲ့ အစားအသောက်တွေကို စားသုံးပြီး ကိုယ်ခံအားမြှင့်တင်နိုင် စေရန်အတွက် SWB မှ “Covid နှိမ်နင်းရေးကာလ အထူး Menu” လေး စီစဉ်ထားပါတယ်ရှင်။

ဒါကြောင့် ဒီနေ့ကစပြီး SWB ရဲ့ "Covid နှိမ်နင်းရေးကာလ အထူး Menu" လေးကို အိမ်ထဲကနေဘဲ ဖုန်းဆက််ပြီးသာ မှာလိုက်ပါ … SWB က ခပ်သွက်သွက်လေး ပို့ဆောင်ပေးမှာပါနော်။

ဘီယာသောက်ချင်ရင်လည်း ရပြီနော် 😉

☎️
09-970 886 603
01 389 664

ချစ်ခင်ရပါသော Super Wonder Bowl မိတ်ဟောင်း မိတ်သစ်များရှင် ... ကျွန်မတို့၏စားသောက်ဆိုင်ကို ၂၀၂၀၊ အောက်တိုဘာ ၁ ရက်မှစ၍ စတ...
08/10/2020

ချစ်ခင်ရပါသော Super Wonder Bowl မိတ်ဟောင်း မိတ်သစ်များရှင် ...

ကျွန်မတို့၏စားသောက်ဆိုင်ကို ၂၀၂၀၊ အောက်တိုဘာ ၁ ရက်မှစ၍ စတင်ပိတ်ထားမည်ဖြစ်ပါကြောင်း အကြောင်းကြားအပ်ပါသည်။

ကျွန်မတို့၏ ဧည့်သည်များနှင့် ၀န်ထမ်းများ၏ကျန်းမာရေးသည် ကျွန်မတို့အတွက် အဓိက ဦးစားပေးဖြစ်သည့် အလျှောက် စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်ရန် စိတ်ချလုံခြုံ သင့်တော်သည့်အချိန်တွင် ပြန်လည်ဆုံတွေ့ကြပါစို့နော်။

အားပေးမှုကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်။

ဆိုင်ပြန်လည်ဖွင့်လှစ်မည့်ရက်ကိုလည်း မဖွင့်လှစ်မှီ ယခုကဲ့သို့ပင် ကြိုတင် အသိပေး ကြေငြာသွားပေးမည်ဖြစ်ပါတယ်ရှင်။

Covid နှိမ်နင်းရေးကာလမှာ မိတ်သင်္ဂဟ အားလုံး လုံခြုံစိတ်ချ ဘေးကင်းစေဖို့ ဆုတောင်းပေးပါရစေရှင့်။

Super Wonder Bowl 🥣🥣🥣 မိသားစု

SWB မှ Covid ကာလအတွင်း စားသုံးသူများအတွက် လုံခြုံစိတ်ချစွာ စားသုံးနိုင်ရန် Cover လေးတွေ ပြင်ဆင်ထားပြီး 6 ပေ အကွာ စားပွဲမ...
28/05/2020

SWB မှ Covid ကာလအတွင်း စားသုံးသူများအတွက် လုံခြုံစိတ်ချစွာ စားသုံးနိုင်ရန် Cover လေးတွေ ပြင်ဆင်ထားပြီး 6 ပေ အကွာ စားပွဲများလဲ ခင်းပေးထားပါတယ်ရှင်💐💐

Address

226/228, Maha Bandoola Park
Yangon
11182

Opening Hours

Monday 10:00 - 21:00
Tuesday 10:00 - 21:00
Wednesday 10:00 - 21:00
Thursday 10:00 - 21:00
Friday 10:00 - 21:00
Saturday 10:00 - 21:00
Sunday 10:00 - 21:00

Telephone

+959970886603

Website

Alerts

Be the first to know and let us send you an email when Super Wonder Bowl Restaurant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category