21/06/2026
ချစ်ခင်လေးစားရပါသော Customer များရှင့်
Hot Pot Diary ဆိုင်အား စတင်ဖွင့်လှစ်ခဲ့သည့်နေ့မှစ၍ ယနေ့အချိန်အထိ အားပေးခဲ့ကြသော Customer များ၊ Page မှတစ်ဆင့် မေးမြန်းစုံစမ်းပေးခဲ့ကြသော မိတ်ဆွေများအားလုံးကို Hot Pot Diary မိသားစုမှ အထူးကျေးဇူးတင်ရှိပါကြောင်း ဦးစွာ ပြောကြားလိုပါသည်။
အကြောင်းအမျိုးမျိုးကြောင့် Hot Pot Diary ဆိုင်အား ယခုမှစ၍ အပြီးတိုင် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ဆိုင်ဖွင့်လှစ်ခဲ့သည့် ကာလတစ်လျှောက်လုံးတွင် အားပေးမှုများ၊ အကြံပြုမှုများနှင့် ချစ်ခင်မှုများပေးခဲ့ကြသော Customer များအားလုံး၏ ကျေးဇူးကို အမြဲအမှတ်တရရှိနေမည် ဖြစ်ပါသည်။
Page မှတစ်ဆင့် လာရောက်မေးမြန်းပေးခဲ့ကြသူများ၊ Like & Follow လုပ်၍ အားပေးခဲ့ကြသူများအားလုံးကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါသည်။
Hot Pot Diary နှင့်အတူ ဖြတ်သန်းခဲ့သည့် အမှတ်တရကောင်းများအတွက် ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် မိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင်၍ အစစအရာရာ အဆင်ပြေကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။