22/10/2026
Last week of Otto Cafe - 29th October will be our last day🙌🏼☕️
ဒီတစ်ပတ်ဟာ ရန်ကင်း Otto Cafe လေး ဖွင့်လှစ်မယ့် နောက်ဆုံးအပတ် ဖြစ်ပါတယ်😔
သူငယ်ချင်း ၃ ယောက် အတူစတင်ခဲ့တဲ့ ဒီဆိုင်လေးမှာ ၃ နှစ်တာအတွင်း အမှတ်တရတွေရော၊ သင်ယူမှုတွေပါ အများကြီး ရရှိခဲ့ပါတယ်။ အမြဲအားပေးခဲ့ကြတဲ့ ဧည့်သည်တွေ၊ ရုပ်ရှင်လာရောက်ရိုက်ကူးကြသူတွေနဲ့ ဆိုင်လေး ချောမောစွာ လည်ပတ်နိုင်အောင် အတူကြိုးစားပေးခဲ့ကြတဲ့ ဝန်ထမ်းအားလုံးကို ကျေးဇူးတင်ပါတယ်🙏🏼
ဆိုင်လေးမပိတ်ခင် ဒီနောက်ဆုံးအပတ်မှာ Otto Cafe လေးဆီ အမှတ်တရ အလည်လာရင်း နှုတ်ဆက်ဖို့ ဖိတ်ခေါ်ပါတယ်နော် ☺️
Thank you for all the love and support throughout these years! 🫶🏻