Genius Shan Highlands Coffee

Call Directions Website Contact the business

Genius Shan Highlands Coffee Fresh Coffee from Shan Highlands. Plantation in Ywar Ngan Tsp. Roasted & Packed in Yangon.
(270)

Genius Coffee plantations grow in the mountains of Shan State at an average altitude of 4,000 feet (1,220 m). The year round cool temperature and sloping hills provide the ideal conditions in which to grow our Arabica beans.
Our traditional farming practices help to preserve local biodiversity; we grow our trees among the indigenous shade trees of the forest. We follow artisanal practices, handpicking our tree-ripened coffee cherries at their peak and processing using a chemical-free dry or semi-washed process. Then we roast them naturally, just as the Danu hill tribes that work the plantations roast them. This preserves the aroma and local character of the bean, and most important, produces a rich and delicious coffee.

Our plantations and processing facilities are located in Shan State, Taunggyi District, Ywarngan Township. Danu Hill tribes live in this area and grow sustainable seasonal crops and coffee trees. Genius Coffee will donate 10% of sales to Education, Social Welfare and Health to the Danu hill tribes who live in and around our plantations.

Something is coming... 👀ကော်ဖီတစ်ခွက်နဲ့အတူအပန်းဖြေစရာ အတွေ့အကြုံအသစ်တစ်ခု။MAHAR × GENIUSမကြာခင်မှာ သင့်အတွက် စိတ်ဝင်စား...
14/11/2026

Something is coming... 👀

ကော်ဖီတစ်ခွက်နဲ့အတူ
အပန်းဖြေစရာ အတွေ့အကြုံအသစ်တစ်ခု။

MAHAR × GENIUS

မကြာခင်မှာ သင့်အတွက် စိတ်ဝင်စားစရာ အစီအစဉ်တစ်ခုကို မိတ်ဆက်ပေးတော့မှာပါ။

Stay Tuned! ☕🎬

☕ ကြိတ်ရောင်းကောင်တာမှာ ဝယ်ပါ။ ကြိတ်ခါစ ကော်ဖီရဲ့ လတ်ဆတ်မှုကို ခံစားပါ။ကော်ဖီကြိတ်ပြီးသားအထုပ်ကို ဝယ်ယူတာနဲ့ မတူတဲ့ အတွေ...
13/11/2026

☕ ကြိတ်ရောင်းကောင်တာမှာ ဝယ်ပါ။ ကြိတ်ခါစ ကော်ဖီရဲ့ လတ်ဆတ်မှုကို ခံစားပါ။

ကော်ဖီကြိတ်ပြီးသားအထုပ်ကို ဝယ်ယူတာနဲ့ မတူတဲ့ အတွေ့အကြုံတစ်ခုကို Genius ရဲ့ ကြိတ်ရောင်းကောင်တာတွေမှာ ရရှိနိုင်ပါတယ်။

GENIUS SHAN HIGHLANDS COFFEE ကော်ဖီစေ့ကို ကြိတ်ရောင်းကောင်တာမှာ ဝယ်ယူပြီး ကိုယ်နှစ်သက်တဲ့ ကြိတ်အရွယ်အစားအတိုင်း ချက်ချင်းကြိတ်ယူနိုင်ပါတယ်။

ကောင်တာမှာ ကြိတ်ပေးဖို့ ဝန်ထမ်းသီးသန့်လည်း ရှိတာကြောင့် ကိုယ်တိုင်ကြိတ်စရာမလိုပါဘူး။

ကြိတ်ခါစ ကော်ဖီမှုန့်ရဲ့ မွှေးပျံ့တဲ့ရနံ့နဲ့ လတ်ဆတ်တဲ့အရသာကို ကိုယ်တိုင်ဖျော်သောက်ကြည့်လိုက်ပါ။ ❤️

📍 Genius Coffee ကြိတ်ရောင်းကောင်တာများကို

- Genius ဆိုင်ခွဲများ
- City Mart ဆိုင်များ
- Genius ကြိတ်ရောင်းကောင်တာရှိသော Market များမှာ ဝယ်ယူနိုင်ပါတယ်။

ကြိတ်ရောင်းကောင်တာကို လာခဲ့ပါ။ ကိုယ်ကြိုက်တဲ့ Genius Coffee ကို ကိုယ်နှစ်သက်တဲ့ပုံစံအတိုင်း ကြိတ်ယူလိုက်ပါ။

⛰️ အမြင့်ပေ ၄,၀၀၀ ကျော်က ပေးစွမ်းတဲ့ လက်ဆောင်Ywangan Terroir & Microclimate | ရွာငံဒေသ၏ သဘာဝမြေဆီနှင့် ရာသီဥတုဘာကြောင့် ...
10/11/2026

⛰️ အမြင့်ပေ ၄,၀၀၀ ကျော်က ပေးစွမ်းတဲ့ လက်ဆောင်

Ywangan Terroir & Microclimate | ရွာငံဒေသ၏ သဘာဝမြေဆီနှင့် ရာသီဥတု

ဘာကြောင့် ရွာငံဒေသထွက် ကော်ဖီတွေဟာ နိုင်ငံတကာ Specialty Coffee စင်မြင့်မှာ အသိအမှတ်ပြုခံလာရတာလဲ။

အဖြေကတော့ ကော်ဖီစိုက်ပျိုးတဲ့ ဒေသရဲ့ ထူးခြားတဲ့ သဘာဝပတ်ဝန်းကျင်ဖြစ်တဲ့ 'Terroir' မှာ ရှိနေပါတယ်။

ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၄,၀၀၀ ကျော်ရှိတဲ့ ရွာငံဒေသရဲ့ အေးမြတဲ့ တောင်ပေါ်ရာသီဥတု၊ မြေဆီလွှာအခြေအနေ၊ သဘာဝမိုးရေနဲ့ နေ့ညအပူချိန် ကွာခြားမှုတွေဟာ ကော်ဖီပင်တွေရဲ့ ကြီးထွားမှုနဲ့ ကော်ဖီသီးရင့်မှည့်မှုအပေါ် သက်ရောက်မှုရှိပါတယ်။

အထူးသဖြင့် အေးမြတဲ့ရာသီဥတုကြောင့် ကော်ဖီသီးတွေဟာ ဖြည်းဖြည်းချင်း ရင့်မှည့်လာပြီး ကော်ဖီစေ့အတွင်းရှိ အရသာဆိုင်ရာ ဓာတ်ပေါင်းများ ဖွံ့ဖြိုးလာဖို့ အထောက်အကူပြုပါတယ်။

ဒါကြောင့်ပဲ ရွာငံဒေသထွက် ကော်ဖီတချို့မှာ သဘာဝချိုမြိန်မှု၊ Floral ရနံ့၊ Citrus ဆန်တဲ့ အနံ့အရသာနဲ့ ထူးခြားတဲ့ Flavor Complexity တွေကို တွေ့မြင်ခံစားနိုင်တာ ဖြစ်ပါတယ်။

ကော်ဖီတစ်ခွက်ရဲ့ ထူးခြားမှုဟာ စိုက်ပျိုးတဲ့မြေက စတင်ပါတယ်။

Genius Shan Highlands Coffee မှာတော့ ရွာငံမြေရဲ့ သဘာဝအရင်းအမြစ်နဲ့ ဒေသခံတောင်သူတွေရဲ့ ကြိုးစားအားထုတ်မှုကို တန်ဖိုးထားပြီး ကော်ဖီခွက်တိုင်းဆီ ရောက်ရှိစေဖို့ ကြိုးပမ်းလျက်ရှိပါတယ်။

☕ From Ywangan to Your Cup.

🌏 မြန်မာ့ဒေသထွက်ကုန်များမှသည် အရှေ့တောင်အာရှဒေသတွင်းသို့… 🇲🇲ALiSEA Regional General Assembly 2026 မှာ Genius Shan Highla...
10/11/2026

🌏 မြန်မာ့ဒေသထွက်ကုန်များမှသည် အရှေ့တောင်အာရှဒေသတွင်းသို့… 🇲🇲

ALiSEA Regional General Assembly 2026 မှာ Genius Shan Highlands Coffee ရဲ့ ထုတ်ကုန်များကို ခင်းကျင်းပြသ မိတ်ဆက်နေပါပြီ။ ☕🏔️

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်မှ ၁၂ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၊ Siem Reap မြို့မှာ ကျင်းပပြုလုပ်နေတဲ့ ALiSEA Regional General Assembly 2026 ဟာ အရှေ့တောင်အာရှဒေသတွင်း စိုက်ပျိုးရေးဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနဲ့ သက်ဆိုင်ရာမိတ်ဖက်များ စုစည်းပြီး အသိပညာ၊ အတွေ့အကြုံနဲ့ ရေရှည်တည်တံ့သော စိုက်ပျိုးရေးဆိုင်ရာ အမြင်များကို ဖလှယ်ကြတဲ့ ဒေသတွင်းတွေ့ဆုံပွဲတစ်ခု ဖြစ်ပါတယ်။

ဒီလို အရေးပါတဲ့ Regional Meeting မှာ Genius ရဲ့ ကော်ဖီထုတ်ကုန်များအပြင် မြန်မာ့ဒေသထွက် ထုတ်ကုန်များကိုပါ ခင်းကျင်းပြသ မိတ်ဆက်နိုင်ခြင်းဟာ ကျွန်ုပ်တို့အတွက် ဂုဏ်ယူစရာ အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။

ရွာငံ၊ ရှမ်းပြည်နယ်တောင်ပိုင်းက စတင်ခဲ့တဲ့ Genius ရဲ့ ခရီးလမ်းမှာ ဒေသခံကော်ဖီစိုက်ပျိုးသူများနဲ့အတူ လက်တွဲပြီး ဒေသထွက်ကုန်တွေရဲ့ တန်ဖိုးကို မြှင့်တင်ဖို့ အစဉ်တစိုက် ကြိုးပမ်းလာခဲ့ပါတယ်။

ယခုလို ဒေသတွင်းအဆင့် တွေ့ဆုံပွဲတွေကတစ်ဆင့် မြန်မာ့ထုတ်ကုန်တွေရဲ့ အရည်အသွေး၊ ဒေသရဲ့ အလားအလာနဲ့ ထုတ်လုပ်သူတွေရဲ့ ကြိုးစားအားထုတ်မှုတွေကို ပိုမိုကျယ်ပြန့်တဲ့ အသိုင်းအဝိုင်းဆီ မိတ်ဆက်နိုင်ဖို့ မျှော်လင့်ပါတယ်။

From Ywangan to the Regional Stage. မြန်မာ့မြေက ထွက်ရှိလာတဲ့ တန်ဖိုးတွေကို ကမ္ဘာ့ဈေးကွက်ဆီ ဆက်လက်မိတ်ဆက်သွားပါမယ်။ ❤️

☕ MONDAY MOTIVATION | တစ်ပတ်တာကို GENIUS နဲ့ အားဖြည့်လိုက်ပါ။တနင်္လာနေ့ရဲ့ အလုပ်တာဝန်တွေကြားမှာ ခဏတာအနားယူရင်း ကိုယ်နှစ်...
09/11/2026

☕ MONDAY MOTIVATION | တစ်ပတ်တာကို GENIUS နဲ့ အားဖြည့်လိုက်ပါ။

တနင်္လာနေ့ရဲ့ အလုပ်တာဝန်တွေကြားမှာ ခဏတာအနားယူရင်း ကိုယ်နှစ်သက်တဲ့ ကော်ဖီတစ်ခွက်နဲ့ စိတ်ကို ပြန်လည်အားဖြည့်လိုက်ပါ။ ✨

တစ်ပတ်တာရဲ့ အစနေ့မှာ လုပ်စရာတွေ ဘယ်လောက်များနေပါစေ ကိုယ့်ရဲ့ ရည်မှန်းချက်တွေဆီ ဆက်လက်လျှောက်လှမ်းဖို့ အားအင်အသစ်တွေ လိုအပ်ပါတယ်။

ရှမ်းတောင်တန်းဒေသထွက် GENIUS Coffee ရဲ့ Roast Profile မတူညီတဲ့ ကော်ဖီတွေထဲက ကိုယ်နှစ်သက်ရာတစ်မျိုးကို ရွေးချယ်လိုက်ပါ။ 🏔️

ကဲ… ဒီတစ်ပတ်မှာ သင်က ဘယ် Roast Team လဲ? 👇

🌿 Light Roast
☕ Medium Roast
🔥 Dark Roast

ကိုယ်ကြိုက်တဲ့ Roast Profile လေးကို Comment မှာ ရွေးချယ်ပြီး မျှဝေပေးခဲ့ပါဦး။

တစ်ပတ်တာလုံး အလုပ်အကိုင်အဆင်ပြေပြီး ရည်မှန်းချက်တွေ အောင်မြင်ကြပါစေ။ ❤️

GENIUS SHAN HIGHLANDS COFFEE
From Shan Highlands to Your Cup.

🏆 GENIUS SHAN HIGHLANDS GEISHA — ACF GOLD AWARD (ARABICA) 2026ကော်ဖီတစ်ခွက်ရဲ့ ထူးခြားမှုကို သိရှိဖို့ တစ်ခါတစ်ရံ အမည်တပ...
08/11/2026

🏆 GENIUS SHAN HIGHLANDS GEISHA — ACF GOLD AWARD (ARABICA) 2026

ကော်ဖီတစ်ခွက်ရဲ့ ထူးခြားမှုကို သိရှိဖို့ တစ်ခါတစ်ရံ အမည်တပ်ထားတဲ့ Label ထက် အရသာနဲ့ ရနံ့က ပိုပြီးပြောပြနိုင်ပါတယ်။

Cupping ပြုလုပ်တဲ့အချိန်မှာ ကော်ဖီမြည်းကြည့်ရုံနဲ့ မြန်မာနိုင်ငံထွက် Genius Coffee ဖြစ်ကြောင်း ခွဲခြားသိရှိနိုင်ခဲ့တယ်ဆိုတဲ့ အသိအမှတ်ပြုစကားတွေဟာ Genius Team တစ်ခုလုံးအတွက် ဂုဏ်ယူစရာပါပဲ။

ဒီတစ်ကြိမ်မှာတော့ Genius Shan Highlands Geisha ဟာ Asian Coffee Federation (ACF) မှ ကြီးမှူးကျင်းပတဲ့ ACF Coffee Excellence Awards 2026 ရဲ့ Public Cupping မှာ ACF Gold Award (Arabica) ကို ဆွတ်ခူးရရှိခဲ့ပြီ ဖြစ်ပါတယ်။ 🥇

ဒီဆုဟာ ကော်ဖီတစ်မျိုးတည်းရဲ့ အောင်မြင်မှုမဟုတ်ပါဘူး။

ရွာငံဒေသရဲ့ မြေဆီလွှာနဲ့ ရာသီဥတုအောက်မှာ ကော်ဖီစိုက်ပျိုးပေးခဲ့သူတွေ၊ ကော်ဖီရိတ်သိမ်းခြင်း၊ ကျိတ်ခွဲခြင်း၊ Processing ပြုလုပ်ခြင်း၊ အရည်အသွေးစစ်ဆေးခြင်းနဲ့ နိုင်ငံတကာအထိ ရောက်ရှိနိုင်ဖို့ ဝိုင်းဝန်းကြိုးစားပေးခဲ့သူအားလုံးရဲ့ လက်ရာတွေ ပေါင်းစပ်ထားတဲ့ ရလဒ်တစ်ခုပါ။

ကော်ဖီကောင်းတစ်ခွက်ဖြစ်လာဖို့ ပညာ၊ နည်းပညာ၊ အတွေ့အကြုံ၊ စေတနာနဲ့ အချိန်များစွာ ရင်းနှီးမြှုပ်နှံရပါတယ်။ အထူးသဖြင့် မူလစိုက်ပျိုးထုတ်လုပ်ရာဒေသရဲ့ အရည်အသွေးကောင်းမွန်မှုဟာ အရေးအကြီးဆုံး အခြေခံတစ်ခုဖြစ်ပါတယ်။

From Ywar Ngan to the World.

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံဒေသထွက် Geisha ကော်ဖီတစ်မျိုးကို နိုင်ငံတကာအဆင့်မှာ ဂုဏ်ယူစွာ ပြသခွင့်ရခဲ့ခြင်းဟာ Genius အတွက် အဖိုးတန်တဲ့ မှတ်တိုင်တစ်ခုပါ။

ဒီအောင်မြင်မှုမှာ ပါဝင်ပေးခဲ့သူအားလုံးနဲ့ Genius ကို ယုံကြည်အားပေးပြီး အမြဲတမ်း ရပ်တည်ပေးခဲ့ကြတဲ့ မိတ်ဆွေ၊ Customer အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။

We Never Stop Growing. Genius is Always Genius. ☕🏔️

နိုဝင်ဘာရဲ့ မနက်ခင်းတွေမှာ GENIUS နဲ့ လန်းဆန်းကြမယ် ☕🏔️နိုဝင်ဘာလရဲ့ မနက်ခင်းတွေဟာ လေအေးအေးလေးတွေကြားမှာ တစ်နေ့တာကို အေးအ...
07/11/2026

နိုဝင်ဘာရဲ့ မနက်ခင်းတွေမှာ GENIUS နဲ့ လန်းဆန်းကြမယ် ☕🏔️

နိုဝင်ဘာလရဲ့ မနက်ခင်းတွေဟာ လေအေးအေးလေးတွေကြားမှာ တစ်နေ့တာကို အေးအေးဆေးဆေး စတင်ချင်စရာကောင်းတဲ့ အချိန်လေးတွေပါ။

ပြတင်းပေါက်ကနေ ဝင်လာတဲ့ လေအေးလေး၊ မနက်ခင်းရဲ့ တိတ်ဆိတ်အေးချမ်းမှုနဲ့ လက်ထဲမှာ ကိုင်ထားတဲ့ ကော်ဖီပူပူတစ်ခွက်… ဒီလိုရိုးရှင်းတဲ့ အခိုက်အတန့်လေးတွေကပဲ တစ်နေ့တာအတွက် စိတ်ကြည်လင်လန်းဆန်းမှုကို ပေးစွမ်းနိုင်ပါတယ်။

အဲဒီလို မနက်ခင်းလေးတွေအတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံဒေသ အမြင့်ပေ ၄,၀၀၀ ကျော်ကနေ ထွက်ရှိတဲ့ GENIUS 100% ARABICA COFFEE ကို သတိရလိုက်ပါ။

တောင်ပေါ်ဒေသရဲ့ အေးမြတဲ့ ရာသီဥတုနဲ့ သဘာဝပတ်ဝန်းကျင်အောက်မှာ ဖြစ်ထွန်းလာတဲ့ Arabica ကော်ဖီစေ့တွေကို လက်ရွေးစင်ရွေးချယ်ခူးဆွတ်ပြီး စနစ်တကျ ပြုပြင်ထုတ်လုပ်ထားတာဖြစ်ပါတယ်။

ကော်ဖီတစ်ခွက်ထဲမှာ ပါဝင်နေတဲ့ သဘာဝအမွှေးရနံ့၊ ကော်ဖီရဲ့ ကိုယ်ပိုင်လက္ခဏာနဲ့ သောက်သုံးသူတစ်ဦးချင်းစီအတွက် ရရှိလာမယ့် အခိုက်အတန့်လေးတွေဟာ GENIUS ရဲ့ တန်ဖိုးထားမှုတွေပါပဲ။

ဒီနိုဝင်ဘာလမှာလည်း မနက်ခင်းတိုင်းကို အလျင်စလိုမဖြတ်သန်းဘဲ ကိုယ်နှစ်သက်တဲ့ ကော်ဖီတစ်ခွက်နဲ့ အေးအေးချမ်းချမ်း စတင်လိုက်ပါ။

GENIUS နဲ့အတူ နေ့သစ်တိုင်းကို ရနံ့သင်းသင်း၊ စိတ်ကြည်ကြည်နဲ့ ဖြတ်သန်းကြရအောင်။ ❤️

☕ မိတ်ဆွေတို့ရဲ့ နိုဝင်ဘာမနက်ခင်းလေးမှာ ဘယ်လိုကော်ဖီတစ်ခွက်က အဖော်ပြုပေးနေပါသလဲ? Comment မှာ ပြောပြခဲ့ပါဦး။

☕ ကော်ဖီမှုန့်တိုင်းက တူညီတာမဟုတ်ပါဘူး။ ကြိတ်သားအရွယ်အစားကလည်း အရေးကြီးပါတယ်။ကော်ဖီတစ်ခွက်ကို အနံ့အရသာကောင်းကောင်းနဲ့ ဖျ...
06/11/2026

☕ ကော်ဖီမှုန့်တိုင်းက တူညီတာမဟုတ်ပါဘူး။ ကြိတ်သားအရွယ်အစားကလည်း အရေးကြီးပါတယ်။

ကော်ဖီတစ်ခွက်ကို အနံ့အရသာကောင်းကောင်းနဲ့ ဖျော်စပ်နိုင်ဖို့ ကော်ဖီစေ့ရဲ့ အရည်အသွေးအပြင် ကြိတ်သားအရွယ်အစား (Grind Size) ကိုလည်း ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

Genius 100% Arabica Coffee မှာတော့ အသုံးပြုမယ့် Brewing Method အလိုက် ရွေးချယ်နိုင်ဖို့ Ground Coffee ကို အဓိကအားဖြင့် နှစ်မျိုး ထုတ်လုပ်ထားပါတယ်။

🫘 1. COARSE GROUND – ကြမ်းကြမ်းကြိတ်ထားသော ကော်ဖီမှုန့်

ကော်ဖီမှုန့်အမှုန်လေးတွေကို အရွယ်အစားအနည်းငယ် ကြမ်းကြမ်းကြိတ်ထားတဲ့ ပုံစံဖြစ်ပါတယ်။

French Press နဲ့ Cold Brew လို ရေနဲ့ ကော်ဖီမှုန့်ကို အချိန်ကြာကြာ ထိတွေ့စေတဲ့ Brewing Method တွေအတွက် သင့်တော်ပါတယ်။

☕ 2. FINE GROUND – နူးညံ့စွာ ကြိတ်ထားသော ကော်ဖီမှုန့်

ကော်ဖီမှုန့်အမှုန်လေးတွေကို ပိုမိုသေးငယ်နူးညံ့အောင် ကြိတ်ထားတဲ့ ပုံစံဖြစ်ပါတယ်။

Espresso Machine နဲ့ ဖိအားအသုံးပြုပြီး ဖျော်စပ်တဲ့ နည်းလမ်းတွေအတွက် သင့်တော်ပါတယ်။

ဒါဆို ဘယ်အမျိုးအစားကို ရွေးချယ်သင့်လဲ?

ကိုယ်အသုံးပြုမယ့် ကော်ဖီဖျော်စပ်နည်းလမ်းပေါ် မူတည်ပြီး ကြိတ်သားအရွယ်အစားကို ရွေးချယ်သင့်ပါတယ်။

ကြိတ်သားမှန်ကန်မှုက ရေစီးဆင်းပုံနဲ့ Extraction ကို သက်ရောက်စေပြီး ကော်ဖီတစ်ခွက်ရဲ့ အရည်အသွေးကိုလည်း အထောက်အကူပြုပါတယ်။

သင့်ရဲ့ Coffee Brewing အတွက် မှန်ကန်တဲ့ Grind Size ကို ရွေးချယ်လိုက်ပါ။ ❤️

GENIUS SHAN HIGHLANDS COFFEE From Farm to Cup.

☕ GOOD COFFEE STARTS WITH GOOD BEANS! 🌿ကော်ဖီကောင်းကောင်းတစ်ခွက် ဖျော်ဖို့ဆိုရင် ကော်ဖီစေ့ကောင်းကောင်းကို ရွေးချယ်ဖို့လည...
05/11/2026

☕ GOOD COFFEE STARTS WITH GOOD BEANS! 🌿
ကော်ဖီကောင်းကောင်းတစ်ခွက် ဖျော်ဖို့ဆိုရင် ကော်ဖီစေ့ကောင်းကောင်းကို ရွေးချယ်ဖို့လည်း လိုအပ်ပါတယ်။
အိမ်မှာပဲဖြစ်ဖြစ်၊ ရုံးမှာပဲဖြစ်ဖြစ် ကိုယ်တိုင်ကြိတ်ဖျော်ပြီး Fresh ဖြစ်တဲ့ Coffee Aroma လေးကို ခံစားချင်သူတွေအတွက်…

✨ GENIUS 100% ARABICA COFFEE BEANS ✨
ရှမ်းတောင်တန်းဒေသထွက် မြန်မာ့ကော်ဖီစေ့များကို အသုံးပြုထားပြီး
☕ 100% Arabica Coffee

🔥 Medium Roast

🌿 Full Washed Processing

ကော်ဖီစေ့ရဲ့ မူလအနံ့အရသာနဲ့ Freshness ကို ကိုယ်တိုင်ကြိတ်ဖျော်ရင်း ခံစားနိုင်မယ့် Genius Coffee Beans လေးပါ။

ဘာကြောင့် Bean ကိုရွေးသင့်လဲ?
✔️ ကိုယ်ကြိုက်တဲ့အနေအထားအတိုင်း ကြိတ်နိုင်တယ်။
✔️ Brewing Method အလိုက် ကြိတ်သားအရွယ်အစား ချိန်ညှိနိုင်တယ်။
✔️ ဖျော်ခါနီးမှ ကြိတ်ပြီး Fresh Coffee Aroma ကို ပိုမိုခံစားနိုင်တယ်။

ကော်ဖီကို တကယ်နှစ်သက်သူတွေအတွက် Genius Coffee Beans တစ်ထုပ်နဲ့ ကိုယ့်စိတ်ကြိုက် Coffee Experience ကို စတင်လိုက်ပါ။
📩 မှာယူလိုပါက Page Messenger မှတစ်ဆင့် ဆက်သွယ်မှာယူနိုင်ပါပြီ။
GENIUS SHAN HIGHLANDS COFFEE
From Shan Highlands to Your Coffee Cup. ❤️

☀️☕ ရာသီဥတုပူလို့ ကော်ဖီရဲ့ အနံ့အရသာတွေ ပျောက်ဆုံးမသွားစေနဲ့နော်!ကော်ဖီကောင်းတစ်ခွက်ရဖို့ ကော်ဖီအရည်အသွေးကောင်းဖို့အပြင်...
03/11/2026

☀️☕ ရာသီဥတုပူလို့ ကော်ဖီရဲ့ အနံ့အရသာတွေ ပျောက်ဆုံးမသွားစေနဲ့နော်!

ကော်ဖီကောင်းတစ်ခွက်ရဖို့ ကော်ဖီအရည်အသွေးကောင်းဖို့အပြင် ကော်ဖီစေ့နဲ့ ကော်ဖီမှုန့်တွေကို မှန်ကန်စွာ သိမ်းဆည်းတတ်ဖို့လည်း အရေးကြီးပါတယ်။ 🤎
အထူးသဖြင့် ပူပြင်းတဲ့ရာသီမှာ ကော်ဖီကို ဘယ်လိုသိမ်းဆည်းသင့်လဲ? အခုပဲ လေ့လာကြည့်ရအောင်။ 👇

🌡️ ၁။ အပူနဲ့ နေရောင်ကို ရှောင်ပါ
ကော်ဖီစေ့နဲ့ ကော်ဖီမှုန့်တွေကို နေရောင်တိုက်ရိုက်ထိတဲ့နေရာ၊ မီးဖိုနဲ့ အပူထွက်တဲ့ပစ္စည်းတွေအနီးမှာ မထားပါနဲ့။ အေးမြပြီး ခြောက်သွေ့တဲ့နေရာမှာ သိမ်းဆည်းပါ။

🔒 ၂။ လေလုံတဲ့ဘူး၊ အိတ်တွေနဲ့ သိမ်းပါ
လေနဲ့ထိတွေ့မှုများလာရင် ကော်ဖီရဲ့ အနံ့အရသာတွေ တဖြည်းဖြည်းလျော့နည်းလာနိုင်ပါတယ်။ ဒါကြောင့် အဖုံးလုံတဲ့ဘူး ဒါမှမဟုတ် ပြန်ပိတ်လို့ရတဲ့ ကော်ဖီအိတ်တွေကို အသုံးပြုပေးပါ။

💧 ၃။ အစိုဓာတ်ကို ကာကွယ်ပါ
ကော်ဖီထဲကို ရေဝင်တာ၊ ရေငွေ့စိုထိုင်းမှုဖြစ်တာတွေကို သတိထားပါ။ ကော်ဖီကိုင်တွယ်တဲ့အခါလည်း ဇွန်းခြောက်ခြောက်ကို အသုံးပြုပေးပါ။

☕ ၄။ ကော်ဖီမှုန့်ကို အချိန်ကြာကြာ ဖွင့်မထားပါနဲ့
ကြိတ်ပြီးသား ကော်ဖီမှုန့်တွေဟာ ကော်ဖီစေ့တွေထက် အနံ့အရသာ ပိုမြန်မြန်ဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့် လိုအပ်သလောက်ပဲ ထုတ်ယူပြီး အသုံးပြုပြီးတာနဲ့ ဘူးကို ပြန်ပိတ်ထားပါ။

🧊 ၅။ ရေခဲသေတ္တာထဲ ထည့်သိမ်းရမလား?
နေ့စဉ်သုံးကော်ဖီတွေကို ရေခဲသေတ္တာထဲ ထည့်ဖို့ မလိုအပ်ပါဘူး။ ရေခဲသေတ္တာထဲက အနံ့တွေ စုပ်ယူနိုင်သလို အပူချိန်ပြောင်းလဲတဲ့အခါ ရေငွေ့စိုထိုင်းမှုလည်း ဖြစ်နိုင်ပါတယ်။

✨ ၆။ အနံ့အရသာ လတ်ဆတ်နေဖို့ ပမာဏနည်းနည်းစီ ဝယ်ပါ
ကော်ဖီကို အချိန်ကြာကြာဖွင့်ထားရတာထက် ကိုယ်သောက်သုံးမယ့်ပမာဏနဲ့ ကိုက်ညီအောင် ဝယ်ယူပြီး သင့်တော်တဲ့နည်းလမ်းနဲ့ သိမ်းဆည်းတာက ပိုကောင်းပါတယ်။

━━━━━━━━━━━━━━
🤎 ကော်ဖီကောင်းတစ်ခွက်ရဲ့ လျှို့ဝှက်ချက်က ဖျော်နည်းတစ်ခုတည်း မဟုတ်ပါဘူး။ မှန်ကန်စွာ သိမ်းဆည်းတတ်ခြင်းကလည်း အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။
ဒီနည်းလမ်းလေးတွေကို လိုက်နာပြီး ကိုယ်ကြိုက်နှစ်သက်တဲ့ ကော်ဖီရဲ့ အနံ့အရသာကို ပိုမိုထိန်းသိမ်းလိုက်ရအောင်။ ☕🌿

Address

No. 168-1, Myin Thar (10) Street, 14/1 Quarter, South Okkalapa Township
Yangon
11091

Alerts

Be the first to know and let us send you an email when Genius Shan Highlands Coffee posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Genius Shan Highlands Coffee:

Shortcuts

Share

Nearby restaurants