Aung Nan Thit Store And Restaurant

Aung Nan Thit Store And Restaurant စားသောက်ကုန် လုပ်ငန်း

16/09/2024

ရေဘေးအတွက် အလှူငွေ လှမ်းပို့သူများ ငွေလွှဲဝန်ဆောင်ခ ပေးစရာမလိုပါဘူးနော်
🙏🙏🙏

16/09/2024

ကြယ်ငါးလေးတွေ ကောက်ကြရအောင်
🙏🙏🙏

11/09/2024

11.9.24
ညနေ ငွေစျေး
၁၁၂၀

07/09/2024

၈.၉.၂၄
ယနေ့ ငွေစျေး
၁၁၄၅

😍😍😍သတိရနေတယ် ညီလေးတွေတချိန်က care gloves အသင်းသားတွေ နဲ့ ရန်ပုံငွေပွဲ ဒိုင်းယူခဲ့ကြစဥ်ကပေါ့အသင်းသားတွေ တဦးချင်းစွမ်းရည်...
25/07/2024

😍😍😍
သတိရနေတယ် ညီလေးတွေ
တချိန်က care gloves အသင်းသားတွေ နဲ့ ရန်ပုံငွေပွဲ ဒိုင်းယူခဲ့ကြစဥ်ကပေါ့
အသင်းသားတွေ တဦးချင်းစွမ်းရည်က ပြိုင်ဘက်အသင်းထက်လျော့နည်းခဲ့ပေမယ်...
တသင်းလုံးရဲ့ ညီညွတ်တဲ့ စွမ်းရည်က အကောင်းဆုံးရလဒ်တခုကို ယူဆောင်ခဲ့ကြတဲ့ အချိန် ကပေါ့...
သတိရနေတယ် ညီလေးတွေရေ...

05/06/2024

5.6.24
ယနေ့ငွေစျေး
840

04/06/2024

4.6.24
ညနေငွေစျေး
830

31/05/2024

ဒီတစ်ပတ်မှာတော့ တုပ်ကွေးကာကွယ်ဆေးအကြောင်း ရှင်းပြပေးချင်ပါတယ်။

၁။ တုပ်ကွေးကာကွယ်ဆေးဆိုတာ ဘာလဲ။

Influenza (တုပ်ကွေး) ကာကွယ်ဆေး ဆိိုတာကတော့ လာမယ့်ရာသီအတွင်း အဖြစ်အများဆုံးဖြစ်မယ်လို့ ပညာရှင်တွေက သုတေသနပြုထားတဲ့ တုပ်ကွေးဗိုင်းရပ်စ်လေးမျိုးကို ကာကွယ်တဲ့ ကာကွယ်ဆေးကို တုပ်ကွေးကာကွယ်ဆေးလို့ သတ်မှတ်ကြပါတယ်။

၂။ ဘယ်လိုထိုးနှံကြသလဲ

တုပ်ကွေးကာကွယ်ဆေးအများစုကို များသောအားဖြင့် လက်မောင်းမှာ ဆေးထိုးအပ်နဲ့ ထိုးပေးလေ့ရှိပါတယ်။ နှာခေါင်းဖြန်းရတဲ့ တုပ်ကွေးကာကွယ်ဆေးမျိုးလည်း ရှိပါတယ်။

၃။ ကာကွယ်ဆေးက တုပ်ကွေးအမျိုးအစား တစ်မျိုးထက်ပို၍ ကာကွယ်နိုင်ပါသလား။

တုပ်ကွေး ကာကွယ်ဆေး အမျိုးမျိုး ရှိပြီး
အများစုကတော့ လေးမျိုးစပ်တုပ်ကွေးကာကွယ်ဆေးကို ထိုးနှံကြတာပဲ ဖြစ်ပါတယ်။ သူဖော်ပြထားတဲ့ တုပ်ကွေးမျိုးစိတ်တွေအတွက် အတိုင်းအတာတစ်ခုထိ ကာကွယ်ပေးနိုင်ပြီး တခြားမျိုးစိတ်တွေကိုတော့ ကာကွယ် မပေးနိုင်ပါဘူး။

၄။ ဘယ်သူတွေ ထိုးနှံကြမလဲ

ရွေးချယ်စရာ တုပ်ကွေးကာကွယ်ဆေးတွေ အများအပြားရှိပေမယ့် အရေးကြီးဆုံးကတော့
၆ လနှင့်အထက် လူအားလုံးအတွက် တုပ်ကွေးကာကွယ်ဆေးကို နှစ်စဉ်နှစ်တိုင်း ထိုးနှံသင့်ပါတယ်။
ကိုယ့်အတွက် ဘယ်ကာကွယ်ဆေးက အကောင်းဆုံးလဲဆိုတာကိုတော့ သင့်ဆရာဝန် ဒါမှမဟုတ် ပညာရှင်တွေနဲ့ ဆွေးနွေးလို့ ရပါတယ်။

၅။ ဘယ်သူတွေက တုပ်ကွေးကာကွယ်ဆေး ပိုပြီး လိုအပ်သလဲ

တုပ်ကွေးရဲ့ နောက်ဆက်တွဲဆိုးကျိုးကို ပြင်းထန်စွာခံစားရနိုင်သူတွေအတွက် တုပ်ကွေးကာကွယ်ဆေးကို ပိုလိုအပ်ပါတယ်။

- အသက် ၆၅ နှစ်နဲ့အထက်လူကြီးများ
- ကလေးငယ်များ
- ရင်ကြပ် နှလုံး သွေးတိုးနဲ့ ဆီးချိုဝေဒနာရှင်များ
- ကင်ဆာရောဂါဝေဒနာရှင်
- ကျောက်ကပ်ရောဂါဝေဒနာရှင်
- HIV နဲ့ ခုခံအားရောဂါ ရှိသူများ

စတဲ့သူတွေဟာ တုပ်ကွေးကာကွယ်ဆေးကို ပိုလိုအပ်ပါတယ်။

၆။ ဘယ်သူတွေက တုပ်ကွေးကာကွယ်ဆေး မထိုးသင့်ဘူးလဲ

- အသက် ၆ လအောက် ကလေးများ
- ကာကွယ်ဆေးတွင် ပါသော ပါဝင်ပစ္စည်းတစ်ခုခုနှင့် အသက်အန္တရာယ်ရှိနိုင်သော ပြင်းထန်ဓာတ်မတည့်သူများ
- ကာကွယ်ဆေးတွေမှာ gelatinနဲ့ ပဋိဇီဝသို့မဟုတ် အခြားပါဝင်ပစ္စည်းများ ပါဝင်နိုင်ပြီး အဲဒီပစ္စည်းတွေနဲ့ ဓာတ်မတည့်သူများ
- အရင်တစ်ခါထိုးနှံချိန်မှာ တုပ်ကွေးကာကွယ်ဆေး ပြင်းထန်စွာ ဓါတ်မတည့်ဖူးသူများ

ယခင်က တုပ်ကွေးကာကွယ်ဆေးကို ပြင်းထန်စွာ ဓာတ်မတည့် တုံ့ပြန်ဖူးပါက၊ ကာကွယ်ဆေးထိုးရန် သင့်လျော်မှုရှိမရှိ ဆုံးဖြတ်ဖို့ သင့်ကျန်းမာရေးစောင့်ရှောက်မှုပေးသူ/ ဆရာဝန်နဲ့ ဆွေးနွေးရန် အရေးကြီးပါတယ်။

၇။ တုပ်ကွေးဆေးမထိုးမီ ဆရာဝန်နှင့် ဆွေးနွေးသင့်သူများကတော့

ကာကွယ်ဆေးထိုးခြင်းက သင့်အတွက် သင့်လျော်မှု ရှိ၊ မရှိ ဆုံးဖြတ်ဖို့ သင့်အခြေအနေအတွက် အကောင်းဆုံး ကာကွယ်ဆေးကို ရွေးချယ်ဖို့ လိုအပ်သူတွေကတော့

- Guillain-Barré Syndrome (GBS ဟုလည်း ခေါ်တဲ့ ပြင်းထန်သော လေဖြတ်ရောဂါ)

GBSရှိဖူးပါက သင့်GBS မှတ်တမ်းအကြောင်းကိုဘသင့်ဆရာဝန်နဲ့ ဆွေးနွေးပါ။ GBS ရာဇဝင်ရှိသူအချို့ဟာ တုပ်ကွေးကာကွယ်ဆေး မထိုးသင့်ပါဘူး။

- အကယ်၍ သင်ဟာ တုပ်ကွေးကာကွယ်ဆေးကို အရင်တစ်ခါက ပြင်းထန်သော ဓါတ်မတည့်မှုဖြစ်ဖူးရင် ဆရာဝန်နဲ့ ဆွေးနွေးပါ။

- နေမကောင်းဖြစ်နေပါကလည်း ရောဂါလက္ခဏာများအကြောင်းကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

#ခွန်းညိုသွေး

31/05/2024

အတူရုန်းကန်နေကြရတဲ့ စုံတွဲတွေအတွက် အားပေးစကားပါ

၂၀၂၁ ဧပြီလမှာ ကျနော်အိမ်ကနေထွက်ခဲ့ရတယ်။ မဖြစ်မနေ ထွက်မှရမယ်ဆိုတဲ့အခြေအနေကြောင့်ပါ။ မိတ်ဆွေတစ်ဦးရဲ့ကောင်းမှုနဲ့ သူ့အိမ်မှာနေခွင့်ရခဲ့တယ်။ ကျနော်နဲ့အတူ စန္ဒကူးလည်း လိုက်လာတယ်။ အဲဒီတုန်းက ကျနော်တို့ လက်မထပ်ရသေးဘူး။ အတူနေတုန်းပဲရှိသေးတယ်။ သိတဲ့အတိုင်း ကျနော့်အလုပ်တွေကလည်း လူအများနဲ့လုပ်ရတာမျိုးတွေဆိုတော့ အလုပ်တွေအကုန်ရပ်သွားတယ်။ နိုင်ငံရေးမှုနဲ့နွယ်နေတော့ ကျနော်လုပ်တဲ့ကုမ္ပဏီကလည်း ကျနော့်ကို ဆက်မလုပ်ခိုင်းစေချင်ဘူး။ တခြားအလုပ်တွေလည်း လက်ခံလို့မရဘူး။ ဝင်ငွေက လုံးဝမရှိ။ ထွက်ငွေကတော့ ပုံမှန်အတိုင်းပဲ။

အဲဒီတုန်းက ကျနော်တို့နှစ်ဦးသား အခန်းကျဉ်းလေးထဲမှာပဲ အလုပ်စုံလုပ်ခဲ့တယ်။ ကျနော်က အွန်လိုင်းက အလုပ်တွေလိုက်ရှာ။ အင်တာဗျူးတွေဖြေ။ အချိန်ပိုင်းရတဲ့ ဘာသာပြန်အလုပ်လေးတွေ လိုက်လုပ်ရတယ်။ ပုံထဲကဟာက အချိန်ပိုင်းဘာသာပြန်လုပ်ဖို့အတွက် အင်တာဗျူးဖြေနေရတာပါ။ ဒီကြားထဲ ၂နာရီလောက်ကြာတဲ့အင်တာဗျူးဖိုင်ကို ဘာသာပြန်ပေးပြီးတော့ ပိုက်ဆံမရလိုက်တာက ရှိသေးတယ်။ အဲဒီမှာလည်း အလုပ်က မည်မည်ရရ ပိုက်ဆံမရတော့ တခြားဟာတွေ တစ်ခုချင်းစီ လိုက်လုပ်ကြည့်ကြပြန်ရော။ ဘယ်လောက်ထိလဲဆိုရင် ကျနော်တို့နှစ်ဦးသား ခွေးစာတောင် ချက်ရောင်းကြသေးတယ်။ ပိုက်ဆံဘယ်ကရရဆိုပြီးလေ။ ဒါပေမယ့်လည်း မအောင်မြင်ပါဘူး။ ချွေးတွေသံတွေနဲ့ ခွေးစာချက်နေတဲ့ စန္ဒကူးကိုတော့ အာရုံထဲမှာ မှတ်မှတ်ရရရှိနေတယ်။ ပြန်တွေးတိုင်းစိတ်မကောင်းဘူး။ ကိုယ်လည်းဘာအမှားမှ မလုပ်ခဲ့ဘဲ ဘဝတွေပျက်ခဲ့ရတဲ့အတွေ့အကြုံပေါ့။

အဲဒီနောက် ကိုဗစ် တတိယလှိုင်းဖြစ်တယ်။ ဒီတစ်ခါကျ နှစ်ဦးသားအရေးပေါ်ဆေးသေတ္တာတွေရောင်းပြန်ရော။ ကျနော်ကအပြင်ထွက်မရတော့ စန္ဒကူးက တနေကုန် ဆေးဆိုင်တွေပတ်ပြီးဆေးတွေဝယ်၊ ကျနော်က အွန်လိုင်းကနေရောင်း။ စန္ဒကူးပြန်လာရင် ကျနော်တို့ ဆေးဘူးလေးတွေခင်းပြီး ဆေးတွေထည့်၊ Delivery အပ်ရတယ်။ မနက်ဆိုထွက်သွားတဲ့ စန္ဒကူးကို ခွေးလေးတစ်ကောင်နဲ့ အခန်းလေးထဲမှာ ကျနော်တနေကုန်စောင့်တယ်။ ရောဂါတွေတအားဖြစ်နေချိန်ဆိုတော့ အရမ်းလည်းစိုးရိမ်တာပေါ့။ ဒါပေမယ့် အလုပ်ကလည်း လုပ်နေမှဖြစ်မယ်ဆိုတော့ လုပ်ရတာပဲ။ မှတ်မှတ်ရရ ဆေးသေတ္တာတစ်ဘူးရောင်းရင် ငါးထောင်မြတ်တယ်။ အဲဒီတုန်းက ဆယ်ဘူးလောက်ရောင်းရရင် တော်တော်ပျော်နေကြပြီ။

အခုတော့ ကျနော်တို့နှစ်ဦးသား တော်တော်တည်ငြိမ်တဲ့အခြေအနေရောက်ပြီလို့ ပြောနိုင်ပါပြီ။ အဲဒီတုန်းက စလုပ်ခဲ့တဲ့အလုပ်လေးက တဖြည်းဖြည်းနဲ့ အခုဆိုစီးပွားရေးလုပ်ငန်းတစ်ခုအဖြစ်ရောက်လာပြီ။ ကျနော်နဲ့ စန္ဒကူးရဲ့ အိမ်ထောင်ရေးကလည်း နှစ်ဦးကြားမှာ စိတ်ညစ်စရာဆိုတာမရှိသလောက်ပဲ။ ရုန်းကန်နေရတဲ့အတွဲတွေကို တွေ့တဲ့အခါ ကျနော်တို့အမြဲအားပေးဖြစ်တယ်။ ရုန်းကန်ရတာကိုမကြောက်နဲ့။ နှစ်ဦးသားရုန်းကန်ရတဲ့အခါ ကြုံတွေ့ရတဲ့လောကဓံတွေနဲ့ ချစ်ခြင်းတွေပိုခိုင်မြဲတယ်။ တဦးနဲ့တဦး နားလည်မှုတွေပိုရှိကြတယ်။ ဆက်ဆံရေးတစ်ခု ခိုင်မြဲနေဖို့ဆိုတာ အကောင်းတွေရော အဆိုးတွေရော ကျော်ဖြတ်ဖူးမှလို့ ကျနော်တို့ထင်တယ်။ စာမေးပွဲစစ်ပြီးသားဖြစ်တာပေါ့နော်။ နှစ်ဦးကြားမှာ နားလည်မှုနဲ့ ချစ်ခြင်းမေတ္တာရှိပြီး အတူတူရုန်းကန်ချင်စိတ်သာရှိရင် ဘာမဆိုကျော်ဖြတ်နိုင်မယ်လို့ ကျနော်တို့ယုံတယ်။ အဲဒီလိုစမ်းသပ်ခံပြီး ကျော်ဖြတ်လာနိုင်တဲ့စုံတွဲတွေက ပိုလည်းခိုင်မြဲကြတယ်။

31/05/2024
29/05/2024

29.5.24
ယနေ့ငွေစျေး
910

Address

No. 1185-A, Jalan Jasmin 21, Taman Jasmin
Senawang
70450

Opening Hours

Monday 07:00 - 13:00
17:00 - 22:00
Tuesday 07:00 - 13:00
17:00 - 22:00
Wednesday 07:00 - 13:00
17:00 - 22:00
Thursday 07:00 - 13:00
17:00 - 22:00
Friday 07:00 - 13:00
17:00 - 22:00
Saturday 07:00 - 13:00
17:00 - 22:00
Sunday 07:00 - 13:00
17:00 - 22:00

Telephone

+60189754326

Website

Alerts

Be the first to know and let us send you an email when Aung Nan Thit Store And Restaurant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share