21/04/2026
ငယ်ဘ၀မှာ မေ့မရနိုင်တဲ့ အမှတ်တရတွေ
အစားအသောက်တွေရှိကြတယ်မှတ်လား ???🥰🥹
Halal Hub ရဲ့ ဖက်ထမင်းလေးကလဲ
ငယ်ဘ၀ရဲ့ မေ့မရတဲ့ အမှတ်တရ တစ်ခုထဲမှာ ပါ၀င်ခဲ့ပါတယ်
ရထားကြီးစီးပြီး မွန်ပြည်နယ်ကို
နွေရာသီကျောင်းပိတ်ရက်တိုင်း
ခရီးသွားတဲ့အခါ ဖက်ထမင်းလာရောင်းမဲ့
စျေးသည်ကို
ဘူတာစဥ်တွက်ပြီး မျှော်ရတာပါပဲ
ဖက်ထမင်းရောင်းမဲ့ စျေးသည်ရထားပေါ်ခြေချတာနဲ့
တစ်လမ်းလုံး ဗိုက်ဆာလာတဲ့ ကိုယ်တွေအတွက်
နတ်သုဒ္ဓါရသလို ပျော်ရွှင်ရတဲ့ အမှတ်တရကနေ
Halal Hub ရဲ့ ဖက်ထမင်းလေးကို
ရောင်းချဖို့တွေးမိခဲ့တာပါပဲ
Halal Hub ရဲ့ ဆောင်ပုဒ်အတိုင်း
ကောင်းမွန်တဲ့ အစားအသောက်ဟာ
တကယ့်ကို ပျော်ရွှင်မှုပါပဲ
သင်ရော ငယ်ဘ၀မှာမေ့မရတဲ့ အစားအသောက်ရှိခဲ့လား
ဖက်ထမင်းထဲမှာဆိုရင်ရော ဘာဟင်းနဲ့ စားချင်လဲ ပြောခဲ့ပါဦး 🍛🍛
........
✨ ကောင်းမွန်တဲ့ အစားအသောက်ဟာ
ပျော်ရွှင်မှုပါပဲ ✨
📍 2km အတွင်း Free Delivery နဲ့ အလျင်အမြန်ပို့ဆောင်ပေးနေပါတယ်!
☎️ 081-160-5848
📍 48 Soi Ramkhamhaeng 24 Yaek 30, Hua Mak, Bangkapi, Bangkok 10240
(Just straight from Assumption University – Tower of David exit, near Ramkhamhaeng University)