Kogyi entertainment

Kogyi entertainment Entertainment center

17/02/2024
ရန်ကုန်စစ်ဌာနချုပ် PDF တပ်သားသစ်ခေါ်ယူမှု နာရီပိုင်းအတွင်း လျှောက်ထားသူ ထောင်ချီရှိဖေဖော်ဝါရီလ ၁၃ ရက်အမျိုးသားညီညွတ်ရေးအ...
13/02/2024

ရန်ကုန်စစ်ဌာနချုပ် PDF တပ်သားသစ်ခေါ်ယူမှု နာရီပိုင်းအတွင်း လျှောက်ထားသူ ထောင်ချီရှိ

ဖေဖော်ဝါရီလ ၁၃ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန ရန်ကုန်တိုင်းစစ်ဌာနချုပ်က PDF (ပြည်သူ့ကာကွယ်ရေးတပ်မတော်) တပ်သားသစ်ခေါ်ယူမှု ၁၂ နာရီအတွင်း လျှောက်ထားသူ ထောင်ချီရှိတယ်လို့ ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒီနေ့ ဖေဖော်ဝါရီ ၁၃ မှာ ထုတ်ပြန်ပါတယ်။

အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း ကျန်းမာရေးအထူး ကောင်းမွန်သူစတဲ့ အချက် ၇ ချက်ပါတဲ့ တပ်သားတပ်စုဆောင်းမှုကို မနေ့ ဖေဖော်ဝါရီ ၁၂ ရက်မှာ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ခေါ်ယူခဲ့ပြီးနောက် နာရီပိုင်းအတွင်း လျှောက်ထားသူ ထောင်ချီရှိတယ်လို့ ရန်ကုန်တိုင်းစစ်ဌာနချုပ်က ထုတ်ပြန်တာပါ။
#နွေဦးတော်လှန်ရေ

ရရှိတဲ့ လျှောက်လွှာတွေကို လုံခြုံရေးနဲ့ အချက်အလက်များ စိစစ်နေပြီး အချက်အလက် မှန်ကန်ခြင်းမရှိတဲ့ လျောက်လွှာများ၊ သတ်မှတ်ချက်နဲ့ ကိုက်ညီခြင်းမရှိတဲ့ လျှောက်လွှာတွေကိုတော့ ထည့်သွင်းစဥ်းစားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

13/02/2024

- မပေါ့ဆ ကြနဲ့နော်
ခွေးက တကယ်ဆွဲးနေတာ

- အခုချိန်ကိုယ်အိမ် ကိုယ်နေလဲး
မိမိအသက်ကို စောက်ပုစောင့်နေပါတယ်
😌😌🤣🤣🤣

ရန်ကုန်မှ မန္တလေးသို့ ပြန်လာသည့် တန့်ဆည်မြို့သား လူငယ် ၄ ဦးကို စစ်တပ်က ခရီးသည်တင်ကားပေါ်အထိ တက်၍ ဖမ်းဆီးရန်ကုန်၊ ဖေဖော်ဝ...
13/02/2024

ရန်ကုန်မှ မန္တလေးသို့ ပြန်လာသည့် တန့်ဆည်မြို့သား လူငယ် ၄ ဦးကို စစ်တပ်က ခရီးသည်တင်ကားပေါ်အထိ တက်၍ ဖမ်းဆီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

ရန်ကုန်မှ မန္တလေးသို့ ပြန်လာသည့် တန့်ဆည်မြို့သား လူငယ် ၄ ဦးကို စစ်တပ်က ခရီးသည်တင်ကားပေါ်အထိ တက်၍ ဖမ်းဆီးသွားကြောင်း အဆိုပါလူငယ်များနှင့်နီးစပ်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်း ရန်ကုန်-မန္တလေးပြေးဆွဲနေသော ခရီးသည်တင် Express ကားပေါ်တွင် လိုက်ပါသော ကိုကောင်းထက်စိုး၊ ကိုသွင်စိုးထွန်း၊ ကိုတင်ထွဋ်ဝင်း၊ ကိုဇော်ဇော်အောင်တို့ ၄ ဦးကို စစ်တပ်က တံတားဦးဂိတ်အနီးတွင် ကားပေါ်တက်၍ ဖမ်းဆီးသွားကြောင်း သိရှိရသည်။

"ရန်ကုန်- မန္တလေး express ကားပေါ် (တံတားဦး ဂိတ်အနီး) တန့်ဆည် ကံထူးမ ရွာသား လူငယ် ၄ ဦးကို စစ်တပ်က ဖမ်းဆီးသွားပါတယ်။ လူငယ် ၄ ဦးက အသက် ၂၃-၂၄ နှစ်ခန့်တွေဖြစ်ပြီး ရန်ကုန်မှ မန္တလေးသို့ ကားတစ်စီးတည်း အတူ ပြန်လာကြတာတဲ့ သူငယ်ချင်းတွေဖြစ်ပါတယ်" ဟု နီးစပ်သော သတင်းရပ်ကွက်က ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီက ခရီးသွားပြည်သူများထဲမှ လူငယ်များကို လမ်းခရီးများတွင် တားဆီးစစ်ဆေး ဖမ်းဆီးမှုများကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှစတင်၍ အရှိန်တိုးမြှင့်လုပ်ဆောင်လာကြောင်း စစ်ကိုင်းနှင့်မကွေးတိုင်းဘက်မှ သတင်း ရင်းမြစ်များ၏ ပြောဆိုချက်အရ သိရှိရသည်။

ဓာတ်ပုံ- ခရီးသည်တင်ကားများပေါ်တက်၍ စစ်ဆေးနေသော အကြမ်းဖက်စစ်သားတစ်ဦး။ (ပုံအဟောင်းဖြစ်ပါသည်။)
Photo- CJ
#နွေဦးတော်လှန်ရေ

13/02/2024

ပအိုဝ်းအချင်းချင်းမတိုက်လို၍ ရှေ့တန်းသွားရန်ငြင်းဆန်သူ ၁၂ ဦးကို စစ်​ကောင်စီကသ-တ်ဖြတ်ခြင်းအပါအဝင် စစ်ရာဇ
ဝတ်မှု ကျူးလွန်မှုများအား PNFC ရှုံ့ချ

ဖေဖော်ဝါရီလ ၁၃ ရက်
#နွေဦးတော်လှန်ရေ

ဆီဆိုင်မြို့နယ်ဘက်သို့ ဆင်းလာသည့် စစ်တပ်နှင့်PNO စစ်ကြောင်းကို တိုက် ခိုက်မှု PNO ဗိုလ်မှူး ခွန်အောင်ဆန်းအပါအဝင် စစ်တပ်ဘ...
13/02/2024

ဆီဆိုင်မြို့နယ်ဘက်သို့ ဆင်းလာသည့် စစ်တပ်နှင့်PNO စစ်ကြောင်းကို တိုက် ခိုက်မှု PNO ဗိုလ်မှူး ခွန်အောင်ဆန်းအပါအဝင် စစ်တပ်ဘက်မှ သေဆုံးမှုများပြား၊ ကားတစ်စီးနှင့်လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

ရှမ်းပြည်နယ်တောာင်ပိုင်း၊ ဆီဆိုင်မြို့နယ်ဘက်သို့ ဆင်းလာသည့် စစ်တပ်နှင့်PNO စစ်ကြောင်းကို တိုက်ခိုက်ရာ PNO ပြည်သူ့စစ် ဗိုလ်မှူး ခွန်အောင်ဆန်းအပါအဝင် စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး ကားတစ်စီးနှင့်လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း PNLA သတင်းရင်းမြစ်က ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဆီဆိုင်မြို့နယ်နှင့် ဆိုက်ခေါင်အကြား ကျေးရွာတစ်ခုတွင် စစ်ကြောင်းထိုးလာသော စစ်တပ်နှင့် လက်အောက်ခံ PNO စစ် ကြောင်းကို PNLA နှင့် မဟာမိတ်တပ်များက ၀ိုင်းဝန်းတိုက်ခိုက်ရာ စစ်တပ်ဘက်မှ သေဆုံးမှုများပြား ကြောင်း၊ စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ် ၏ ဗိုလ်မှူး ခွန်အောင်ဆန်း တိုက်ပွဲတွင် သေဆုံးသွားကြောင်း ၊ လက်ရှိတွင် PNLA နှင့် မဟာမိတ်တပ်များက ဆီဆိုင်မြို့နယ်တစ်ခုလုံးကို အလုံးစုံထိန်းချုပ်ထားနိုင်ကြောင်း သိရှိရသည်။

"ဆီဆိုင်ကိုတော့ အပြည့်အဝထိန်းချုပ်လိုက်ပြီ ။ အခုမနက် တောင်ကြီးက စစ်ကားအစီး ၂၀ ဟိုပုံးတပ်ထဲဝင်တယ်။ စစ်တပ်က ခံစစ်ကို ဟိုပုံးမှာပြင်မယ့်သဘောလို့ ယူဆရတယ်။ ဆုဲင်ခေါဝ်ထဲလည်း ဘုန်းကြီးကျောင်းထဲ လက်နက် ကြီးတွေနဲ့ တပ်ဝင်စွဲထားတယ်။ မနေ့က ဆီဆိုင်နဲ့ ဆိုက်ခေါင်အကြားတိုက်ပွဲမှာ PNO ဗိုလ်မှူး သေတယ်။ ကားတစ်စီးနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိတယ်။ အခုက စစ်ရေးနယ်မြေက ကျယ်ပြန့်လာတယ်" ဟု PNLA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လက်ရှိတွင် အကြမ်းဖက်စစ်တပ်က ဆီဆိုင်နှင့် ဆိုက်ခေါင်မြို့အပါအဝင် ပအိုဝ်းတိုင်းရင်း သားများနေထိုင်သော မြို့၊ ကျေးရွာများကို လေယာဉ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ဘာသာရေးအဆောက်အအုံများအပါအဝင် ပြည်သူတို့၏ မြို့ရွာအိုးအိမ်များ ပျက်စီးမှုများဖြစ်ပေါ်နေကြောင်း သိရှိရသည်။
#နွေဦးတော်လှန်ရေ

မင်းပြားမြို့နယ်တွင် စစ်ကောင်စီ၏ စစ်သင်္ဘောတစ်စီး AA ၏တိုက်ခိုက်မှုကြောင့် ထပ်မံ နစ်မြုပ်သွား၊ AA ၏ တိုက်ခိုက်မှုကြောင့်...
13/02/2024

မင်းပြားမြို့နယ်တွင် စစ်ကောင်စီ၏ စစ်သင်္ဘောတစ်စီး AA ၏တိုက်ခိုက်မှုကြောင့် ထပ်မံ နစ်မြုပ်သွား၊ AA ၏ တိုက်ခိုက်မှုကြောင့် ရေထဲ နစ်မြုပ်သွားသော စစ်သင်္ဘော ၄ စီးအထိရှိလာ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် စစ်ကောင်စီ၏ စစ်သင်္ဘောတစ်စီး AA ၏တိုက်ခိုက်မှုကြောင့် ထပ်မံ နစ်မြုပ်သွားကြောင်း AA က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့ နှင့် ၈ ရက်နေ့ များတွင် စစ်ကောင်စီ၏ စစ်ရေယာဉ်၊ စစ်သင်္ဘော ၃ စီးကို မြစ်ထဲတွင် အပြတ်အသတ်ချေမှုန်းတိုက်ခိုက်နိုင်သကဲ့သို ယမန်နေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်လည်း မင်းပြားမြိုနယ်အတွင်း နောက်ထပ်စစ်သင်္ဘော ၁ စီးကို ထပ်မံ၍ တိုက်ခိုက်နှစ်မြှုပ်နိုင်ခဲ့ကြောင်း AA က ဓာတ်ပုံနှင့်တကွ ထပ်မံသတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ အပေါက်၀ကျေးရွာအနီးတွင် စစ်ကောင်စီစစ်သင်္ဘော ၃ စီးကို AA က နစ်မြှုပ်လိုက်ကြောင်း ဓာတ်ပုံ သက်သေများနှင့်တကွ ထုတ်ပြန်ခဲ့သည်။

ဖေဖော်ဝါရီလ ပထမရက်သတ္တပတ်အတွင်းဖြစ်ပွားခဲ့သော ရေကြောင်းတိုက်ပွဲတွင် ရန်သူ၏ စစ်သင်္ဘောများအား မိမိတို့ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့မှ ဗျူဟာမြောက်စွာ တိုက်ခိုက်ထားနိုင်ခဲ့ကြောင်း၊ ဖေဖော်ဝါရီလ (၇/၈) ရက်များအတွင်း၌ စစ်ကောင်စီ၏ စစ်သင်္ဘော (၂) စီး၊ ဇက်သင်္ဘော (၁) စီးတို့အား ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး၌ အပြတ်အသတ် တိုက်ခိုက်နိုင်ခဲ့ပြီး အဆိုပါ သင်္ဘော ၃ စီးစလုံးအား ရေထဲနစ်မြုပ်အောင် ပြုလုပ်နိုင်ခဲ့ကြောင်း၊ ထို့ပြင် စစ်သင်္ဘော ၃ စီးကို ကယ်တင်ရန်ထပ်မံ၍ လာခဲ့သော အခြားသော စစ်သင်္ဘော ၄ စီးကိုလည်း အနားကပ်၍ မရနိုင်အောင် လမ်းခုလတ်၌ပင် တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

AA က ရေထဲနစ်မြုပ်ခဲ့သော စစ်သင်္ဘော ၃ စီးအပြင် နောက်ထပ်အထိနာခဲ့သော စစ်သင်္ဘော ၄ စီးအထိ ရှိခဲ့ကြောင်း၊ ဤရေကြောင်းတိုက်ပွဲအတွင်း ရန်သူ၏ လေကြောင်းမှ ရဟတ်ယာဉ်၊ ဒရော့ဗုံးများဖြင့် မရပ်မနား တောက်လျှောက်တိုက်ခိုက်နေခဲ့သည့်ကြားမှ စစ်တပ်၏ စစ်သင်္ဘောများကို မိမိတို့မှ အပြတ်အသတ်တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ရက္ခိုင့်တပ်တော်၏သမိုင်းတွင် ဖေဖော်ဝါရီလ ၈ ရက်နေ့သည် အာရက္ခ ရေပြင်ထက်တွင် စစ်တပ်သင်္ဘောများကို အလဲထိုးပြီး အောင်ပွဲရယူနိုင်ခဲ့သော နေ့တစ်နေ့ဖြစ်ခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီ၏‌ ရေတပ်စစ်သင်္ဘော (Navy) ၊ ဇက်သင်္ဘောများသည် ၎င်းတို့ချီတက်ရာလမ်းကြောင်း တစ်လျှောက်ရှိ မြစ်၊ ချောင်း နံဘေးရှိ မိမိတို့၏ ကျေးရွာများအား စစ်သင်္ဘောများပေါ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခြင်း၊ တမင်တကာရည်ရွယ်ချက်ရှိရှိ နေ့၊ ည အချိန်မရွေး ပစ်ခတ်တိုက်ခိုက်ခြင်းများကို နှစ်ရှည်လများပြုလုပ်လာခဲ့သည့် မှတ်တမ်းများ ရှိခဲ့ကြောင်း၊ ယခုလည်း ယခင်နည်းတူ ရပ်ရွာများအတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း၊ ထို့ကြောင့် အရပ်သားပြည်သူလူထုများ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုများမှာ နေ့တိုင်းရှိခဲ့သည်။ AA ကလည်း ပြည်သူလူထုအား နေ့စဉ် သတ်ဖြတ်နေသော စစ်ကောင်စီ၏ရေတပ်အား လက်တုံ့ပြန်ခဲ့ခြင်းလည်း ဖြစ်ကြောင်း သိရှိရသည်။
#နွေဦးတော်လှန်ရေ

ကောလင်းမြို့ထဲတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ အထိနာ၍ မြို့ပေါ်ရပ်ကွက်များကို စစ်သားများက မီးရှို့ဖျက်ဆီးရန်ကုန်၊ ဖေဖော...
13/02/2024

ကောလင်းမြို့ထဲတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ အထိနာ၍ မြို့ပေါ်ရပ်ကွက်များကို စစ်သားများက မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့တွင် တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှု များပြား အထိနာနေသဖြင့် အကြမ်းဖက်စစ်တပ်က မြို့ပေါ်ရပ်ကွက်များကို မီးရှို့ဖျက်ဆီးနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၂ရက် နံနက် ၆နာရီမှစ၍ ကောလင်းမြို့ကို လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများ အသုံးပြု၍ စစ်သား အင်အားထောင်ချီဖြင့် ကောလင်းမြို့တစ်ခုလုံးကို ဝင်ရောက်နိုင်ရန် စစ်ကောင်စီတပ်က ကြိုးစားလာကြောင်း၊ ထို့ကြောင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့ကြောင်း၊ ယမန်နေ့ နေ့လယ်ပိုင်းတွင် ကောလင်းမြို့မဈေး၊ ကားကြီးကွင်း၊ ကျော်ဇေယျာရပ်ကွက်နှင့် အောင်သီရိရပ်ကွက်တို့ကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

"ကောလင်းမြို့ထဲကို ဒီကောင်တွေ ဝင်နိုင်ဖို့ကြိုးစားနေတာ။ ကိုယ့်ဘက်ကလည်း အတတ်နိုင်ဆုံး အစွမ်းကုန်တိုက်ထုတ်နေတယ်။ ဖေဖော်ဝါရီလ ၈ ရက်နေ့ကတည်းက မြို့အစွန်ကို စဝင်လာပြီး တိုက်ပွဲဖြစ်လိုက် အထိနာတော့ ပြန်ဆုတ်ပြီး မြို့နားကရွာတွေကို မီးရှို့လိုက် လုပ်နေတာ။ ဒီတစ်ခါတော့ မြို့မဈေးနဲ့ မြို့အစွန်ရပ်ကွက်တွေက အိမ်တွေကို မီးရှို့နေပြီ။ တွေ့သမျှ ပြည်သူတွေကိုလည်း သတ်ပစ်တယ်လို့ သိရတယ်"ဟု ကောလင်းမြို့မှ ကာကွယ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က ကောလင်းမြို့ကို ပြန်လည်ရရှိရေးအတွက် အင်အားတစ်ထောင်နီးပါး အသုံးပြု၍ ထိုးစစ်ဆင်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်း၊ ဟောင်းဝစ်ဇာအမြှောက်ကြီးများဖြင့် ပစ်ခတ်ခြင်း စသည့် နည်းမျိုးစုံ အသုံးပြု၍ ကြိုးပမ်းနေဆဲဖြစ်သော်လည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်၏ ရွပ်ရွပ်ချွံချွံ ခုခံတိုက်ထုတ်မှုကြောင့် ၁၀ရက် ကြာသည်အထိ မြို့မကျသေးဘဲ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားလျက်ရှိကြောင်း သူက ဆက်ပြောသည်။

ကောလင်းမြို့ မြေပြင်တိုက်ပွဲများတွင် အထိနာနေသော အကြမ်းဖက်စစ်တပ်က စစ်ကူအဆင်သင့် ခေါ်နိုင်ရန်အတွက် မိုင်၄၀ခန့်သာ ကွာဝေးသည့် ကန့်ဘလူအခြေစိုက် တင့်ကားတပ်ရင်း-၆၀၀၆တွင် စစ်သားနှင့် ပျူစောထီးများကို အသင့်အနေအထား ထားရှိကြောင်း၊ ရဟတ်ယာဉ်များ အသင့်ပြင်ဆင်ထားလျက်ရှိကြောင်း ကန့်ဘလူမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရှိရသည်။

တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့် ရင်ဆိုင်တိုက်ပွဲများတွင် အရှက်တကွဲအရေးနိမ့်နေသည့် စစ်ကောင်စီတပ်က ဂုဏ်သိက္ခာပြန်ဆယ်နိုင်ရန်အတွက် ရှိသမျှအင်အားကို သုံး၍ ကောလင်းမြို့ကို ရရှိရေး အပြင်းအထန် ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း ကောလင်းမြို့ခံတစ်ဦးက သုံးသပ်ပြောဆိုသည်။
#နွေဦးတော်လှန်ရေ

ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မြန်မာနိုင်ငံသို့ ပြန်ပို့မည်ဖြစ်သော်လည်း လုံခြုံရေးအရ ပြန်ပ...
13/02/2024

ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မြန်မာနိုင်ငံသို့ ပြန်ပို့မည်ဖြစ်သော်လည်း လုံခြုံရေးအရ ပြန်ပို့မည့်ရက်နှင့်အချိန်ကို ဘင်္ဂလားဒေ့ရှ်က လျှို့ဝှက်ထား

■ စစ်တွေမြို့ရှိ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးကို လုံခြုံရေးစိတ်မချရ၍ ရန်ကုန်မြို့သို့ ယာယီပြောင်းရွှေ့

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးသွားသော မြန်မာ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မကြာမီ မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်တော့မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဟာဆန်မာမွတ်က ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ပြောဆိုလိုက်သည်။

“ဒါက ကျွန်တော်တို့ရဲ့ ဦးစားပေးက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြန်ပို့ဖို့ပါပဲ။ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်ဖက်စလုံးက မကြာခင် ပြန်ပို့မယ်လို့ သဘောတူညီမှု ရခဲ့ပါတယ်” ဟု ၎င်းက ယမန်နေ့ နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

မြန်မာ နိုင်ငံခြားရေးဝန်ကြီးက ၎င်းတို့၏ လုံခြုံရေး ဝန်ထမ်းများကို ပြန်လည်ခေါ်ယူလိုသည်ဟု ပြောဆိုကြောင်း၊ သို့ရာတွင် ပြန်ပို့မည့် ရက်စွဲကို လုံခြုံရေးကိစ္စအဖြစ် လျှို့ဝှက်ထားကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

" ပြန်ပို့မယ့် ရက်ကိုတော့ မပြောနိုင်ပါဘူး။ လုံခြုံရေးကိစ္စတွေပါ ပါဝင်နေတာကြောင့် လျှို့ဝှက်ထားပါတယ်" ဟု ၎င်းက ပြောသည်။

မြန်မာပြည်တွင်း ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ်၏ လုံခြုံရေးကို အလျှော့အတင်း အလျှော့အတင်း မလုပ်လိုကြောင်း ၊ ဒါကာမြို့ရှိ စစ်ကောင်စီ မြန်မာသံအမတ်ကို ဆင့်ခေါ်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးက ဆက်လက်ပြောဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ရိုဟင်ဂျာ ၁ ဒသမ ၂ သန်းကျော်ကို လက်ခံထားရှိပြီး လုံခြုံရေး၊ ရာသီဥတုနှင့် တရားမဝင် မူးယစ်ဆေးဝါး မျက်နှာစာများတွင် ပြဿနာများစွာ ရင်ဆိုင်နေရကြောင်း နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့သည်။

လက်ရှိတွင် လုံခြုံရေး အခြေအနေကြောင့် မြန်မာနိုင်ငံ စစ်တွေမြို့ရှိ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးကို ရန်ကုန်မြို့သို့ ယာယီ ပြောင်းရွှေ့ထားကြောင်း သိရသည်။
#နွေဦးတော်လှန်ရေ

AA က သိမ်းပိုက်ထားသည့် မြို့များကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲမှုကြောင့် တစ်ရက်တည်းတွင်ပင် ပြည်သူ ၉ ဦးသေဆုံးရန်ကုန်|...
13/02/2024

AA က သိမ်းပိုက်ထားသည့် မြို့များကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲမှုကြောင့် တစ်ရက်တည်းတွင်ပင် ပြည်သူ ၉ ဦးသေဆုံး

ရန်ကုန်| ဇန်နဝါရီ ၁၃

ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ထားသည့် ပလက်ဝမြို့နယ်နှင့် ကျောက် တော် မြို့ကို စစ်တပ်က လေကြောင်းမှတစ်ဆင့် ဗုံးကြဲမှုကြောင့် တစ်ရက် တည်း အတွင်း အရပ်သား ၉ ဦးသေဆုံးခဲ့ပြီး ၁၁ ဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ရခိုင်တွင် စစ်ရှုံးနေသည့် စစ်ကောင်စီသည် လေကြောင်းအပါအဝင် လက်နက်ကြီးများဖြင့် ပစ်ခတ်လာမှုကြောင့် အရပ်သားပြည်သူများမှာ ယခု ရက်ပိုင်းအတွင်း သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများ မြင့်တက်လာကြောင်း ဒေသခံများက ပြောဆိုသည်။

ရက္ခိုင့်တပ်တော်မှ အလုံးစုံထိန်းချုပ်ထားပြီဖြစ်သည့် ပလက်ဝကို ဖေဖော်ဝါရီ ၁၁ ရက်နေ့ ညနေ ၅ နာရီ အချိန်ခန့်တွင် ဂျက်ဖိုက်တာ ၁ စီးဖြင့် ၂ ကြိမ်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည့် အပြင် လေယာဉ်ပေါ်မှ စက်သေနတ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်ခံရမှုဖြစ်စဉ်အတွင်း အသက် ၈ နှစ်အရွယ်ကလေးငယ် ၁ ဦးအပါအဝင် ဒေသခံအရပ်သား ၂ ဦးတိုမှာ နေရာတွင် သေဆုံးခဲ့ပြီး ၄ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ညီနောင်မဟာမိတ်အဖွဲ့က ထုတ်ပြန်သည်။

အလားတူ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညဉ့် ၉ နာရီအချိန်တွင် ဂျက်ဖိုက်တာနှင့် ကျောက်တော်မြို့ ပိုက်သည်ရပ်ကွက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား ၇ ဦးနေရာတွင် သေဆုံးသွားကြောင်း ကျောက်တော်ဒေသခံများက ပြောသည်။

"ညဉ့် အချိန် လာကြဲတာပါ။ ကျောက်တော်မြို့ကို ဗုံးလာကြဲတယ်။ အဲ့ဒီမှာ ပိုက်သည် ရပ်ကွက်က ၇ ယောက် သေဆုံးသွားပါတယ်။ ၆ ယောက်လောက် ဒဏ်ရာ ရပါတယ်။ နေအိမ်တော်တော်များများလည်း ပျက်စီးသွားတယ်။ တစ်ချို့ လူတွေက ထွက်ပြေးနေကြရပါတယ် "ဟုပြောသည်။
ထိုရပ်ကွက်မှာ မွတ်ဆလင်များနေထိုင်သည့် ရပ်ကွက်ဖြစ်ပြီး ၎င်းဂျက်ဖိုက်တာသည် ရန်ကုန်- စစ်တွေ ကားလမ်းမရှိ ကစ္ဆပနဒီတံတားကို ဗုံးခွဲတိုက်ခိုက်ခဲ့မှုကြောင့် လူသွားလာသည့် လမ်း ပျက်စီးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ကျောက်တော်ဒေသခံတစ်ဦးက "ကျောက်တော်က ပိုက်သည်ရပ်ကွက် (မွတ်ဆလင်) ရပ်ကွက်ကို လေယာဉ်နဲ့ ဗုံးကြဲခဲတယ်။ မီးတော်တော် လောင်နေတယ်။ ပြီးတော့ ရန်ကုန်- စစ်တွေ ကားလမ်းမရှိတဲ့ ကျောက်တော် ကစ္ဆပနဒီတံတားကို ဗုံးကြဲခဲ့တယ်။ လူသွားတဲ့ လမ်း တော်တော်ကို ပျက်စီးသွားတယ်"ဟုပြောသည်။

ထို့ပြင် မင်းပြားကို ဖေဖော်ဝါရီ ၁၂ ရက်နေ ညနေ ၃ နာရီခွဲခန့်တွင် မင်းပြားမြို့နယ် စွန်ရဲ လမ်းမထက် ပုလဲပေါက်ရွာနားကို စစ်ကောင်စီက ဂျက်ဖိုက်တာနှင့် ဗုံးကြဲတိုက်မှုကြောင့် အရပ်သား ၄ဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့ကြောင်း မင်းပြားဒေသခံများက ပြောသည်။

ပလက်ဝမြို့အပါအဝင် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား ပေါက်တော၊ တောင်ပြိုမြို့များကို ရက္ခိုင့်တပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ယင်းမြို့အားလုံးကို သိမ်းပိုက်ထားကြောင်း ညီနောင်မဟာမိတ်အဖွဲ့က ထုတ်ပြန်ထားသည်။

ရက္ခိုင့်တပ်တော် AA က ကျောက်တော်တွင် စစ်ကောင်စီ စစ်ရေယာဉ် ၃ စီးကို နစ်မြုပ်အောင် တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်းနှင့် ဖေဖော်ဝါရီလ ၁၂ ရက်တွင်လည်း မင်းပြားတွင် နောက်ထပ် တစ်စီးကို တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့သည်ဟု မြောက်ပိုင်းညီနောင်မဟာမိတ်က ဆိုသည်။

AA ထိုးစစ်များတွင် အာဏာသိမ်းစစ်ကောင်စီသည် ရခိုင်ပြည်အတွင်း စစ်ရှုံးလာနေ၍ တန်ပြန်တိုက်ခိုက်မှုတွင် အရပ်သားပြည်သူများအား ဦးတည်တိုက် ခိုက်လာသည်ဟု မြောက်ပိုင်းညီနောင်မဟာမိတ်က ယမန်နေ့က ထုတ်ပြန်ပြောဆိုထားသည်။
#နွေဦးတော်လှန်ရေ

ရှမ်းမြောက်ဒေသတွင် ၂၀၁၈ ခုခုနှစ်မှ ၂၀၂၄ အထိ တာဝန်ကျခဲ့သော ရဲခရိုင်မှူး နှင့်ထွေ/အုပ် ညွှန်ကြားရေးမှူးများအားလုံးကို တာဝန...
13/02/2024

ရှမ်းမြောက်ဒေသတွင် ၂၀၁၈ ခုခုနှစ်မှ ၂၀၂၄ အထိ တာဝန်ကျခဲ့သော ရဲခရိုင်မှူး နှင့်ထွေ/အုပ် ညွှန်ကြားရေးမှူးများအားလုံးကို တာဝန်မှ ရပ်ဆိုင်း ၊ အရေးယူမှုများ လုပ်ဆောင်ရန် တရုတ်နိုင်ငံက သတင်းအချက်အလက်များပေး၍ ဖိအားပေးနေသည်ဟုဆို

ရန်ကုန်၊ဖေဖော်ဝါရီ ၁၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးနှင့်လောက်ကိုင်ဒေသအပါအဝင် မြို့နယ်များတွင် ၂၀၁၈ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ တာဝန်ကျခဲ့သော ရဲခရိုင်မှူးများ၊ ထွေ/အုပ်အုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးများအားလုံးကို ရာထူးတာဝန်များမှ အနားပေးလိုက်ကြောင်း ပြည်ထဲရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ပြည်ထဲရေးဝန်ကြီးဌာနထံသို့ စစ်ကောင်စီက ဖြုတ်ပယ်ရမည့် ဝန်ထမ်းများစာရင်းကို ပေးပို့လာရာတွင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၂၀၁၈ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ တာဝန်ကျခဲ့ဖူးသော ခရိုင်ရဲများ၊ ထွေ/အုပ် အုပ်ချုပ်ရေးမှူးများကို ရာထူးတာဝန်မှ ချက်ချင်း အနားပေးလိုက်ခြင်းဖြစ်ကြောင်း၊ အဓိက ကျားဖြန့်နှင့် နိုင်ငံသားကတ်ပြားများကို လိုင်းကြေးနှင့် လာဘ်ငွေများ ရယူ၍ ခွင့်ပြုခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရှိရသည်။

"ရှမ်းမြောက်၊လားရှိုးလောက်ကိုင် ၂၀၁၈ ကနေ ၂၀၂၄ အထိ ထိ တာဝန်ကျခဲ့ဖူးတဲ့ ရဲခရိုင်မှူးတွေ အကုန် တာဝန် အနားပေးတာ၊
ထွေအုပ်လည်း အတူတူပဲ။ ရဲတွေက ရာထူးတာဝန်ကနေ Dismiss လုပ်တာ။ ကျားဖြန့် တွေ ခွင့်ပြုခဲ့တာနဲ့တရုတ်တွေကို မြန်မာ နိုင်ငံသားကတ်တွေ ထုတ်ပေးခဲ့တဲ့ကိစ္စတွေအတွက် အရေးယူတာ" ဟု ပြည်ထဲရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် ကျားဖြန့်ကိစ္စနှင့်ပတ်သက်၍ ယခင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဟောင်း စိုးထွဋ် အပါအဝင် ရဲအရာရှိကြီးများ၊ ထွေ/အုပ် အရာရှိမျာကိုလည်း ထပ်မံ၍ စုံစမ်းအရေးယူမှုများ ထပ်မံ လုပ်ဖွယ်ရှိနေကြောင်း၊ ယင်းသို့ လုပ်ဆောင်မှုများသည် တရုတ်နိုင်ငံဘက်မှ လာသော ဖိအားများကြောင့် အဓိကဖြစ်ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံက လောက်ကိုင်ဒေသမှ ပယ်ဆောက်ချိန်အပါအဝင် ကျားဖြန့် အွန်လိုင်းလိမ်လည်မှုနှင့်ပတ်သက်သော တရားခံများကို စစ်ကောင်စီထံမှ လွှဲပြောင်းရယူပြီးနောက် စစ်ဆေးမှုများ လုပ်ဆောင်ပြီး ရရှိထားသော သတင်းအချက်များကို စစ်ကောင်စီထံသို့ ပြန်လည်မျှဝေပြီး အရေးယူမှုများ လုပ်ဆောင်ရန် ဖိအားပေးနေသည့်သဘောဟု တရုတ်-မြန်မာနယ်စပ် စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
#နွေဦးတော်လှန်ရေ

08/02/2024

အေ..
အလာခေါ်သွားတာ 🤣

မင်းတို့ပြေားနေတဲ့ ကုလားဘာဖြင့်တယ်...ပေါ့

အခုဘယ်သူတွေ သွားကန်တော့နေရလဲး🤣🤣
#နွေဦးတော်လှန်ရေ

ที่อยู่

Bangkok

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00
เสาร์ 09:00 - 17:00
อาทิตย์ 09:00 - 17:00

เบอร์โทรศัพท์

+66624376332

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Kogyi entertainmentผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Kogyi entertainment:

แชร์

ประเภท