เส้นทาง เว็บไซต์

Mac Tonic MacBook, macOS နဲ့ပတ်သက်သမျှ tips & tricks တွေသိဖို့ Online Gadget Shop

Meeting အတွက် ပြင်ဆင်ပြီးမှ ချိတ်ရမယ့်ပစ္စည်းနဲ့ ကိုယ့် MacBook/ Laptop က HDMI port မပါတာ သတိထားမိဖူးလား။ အဲ့လိုအချိန်မှ...
14/11/2026

Meeting အတွက် ပြင်ဆင်ပြီးမှ ချိတ်ရမယ့်
ပစ္စည်းနဲ့ ကိုယ့် MacBook/ Laptop က HDMI port မပါတာ သတိထားမိဖူးလား။ အဲ့လိုအချိန်မှာ adapter လိုက်ငှားရတာက အချိန်ပိုကုန်စေပါတယ်။

ဒါကြောင့် နေ့တိုင်း ရုံးမှာ အိမ်မှာ HDMI နဲ့ Printer ဒါမှမဟုတ် တခြားပစ္စည်းတွေ ချိတ်သုံးရသူဆို Mac Tonic က Lenovo 5 in 1 Hub ကို ရွေးချယ်နိုင်ပါတယ်။

Lenovo 5 in 1 Hub က 60,000 ကျပ်ပါ။
သူ့မှာ HDMI 4K 30Hz ရပြီး USB port နဲ့ PD charging port တွေပါဝင်ပါတယ်။

MacBook အပြင် Laptop, iPad, iPhone, Android Phone တွေနဲ့လည်း အသုံးပြုနိုင်တယ်။

Lenovo 5 in 1 Hub - 60,000 Ks

✅ မြို့တော်တော်များများ အိမ်ရောက်ငွေချေနဲ့ဝယ်ယူနိုင်ပါတယ်ခဗျ

Keyboard ကို ခပ်မိုက်မိုက်လေး လှချင်တယ်၊ RGB Lighting လေးတွေလည်း ပိုပေါ်ချင်တယ်ဆိုရင် ဒီ Contour PBT Keycap Set လေးကို သ...
13/11/2026

Keyboard ကို ခပ်မိုက်မိုက်လေး လှချင်တယ်၊ RGB Lighting လေးတွေလည်း ပိုပေါ်ချင်တယ်ဆိုရင် ဒီ Contour PBT Keycap Set လေးကို သဘောကျမှာပါ✨

ဒီ Keycap လေးတွေရဲ့ ထူးခြားချက်ကတော့ အပေါ်ယံမှာ Contour Line Pattern လေးတွေ ပါဝင်တာကြောင့် ရိုးရိုး Black Keycap တွေနဲ့မတူဘဲ Design ပိုင်းမှာလည်း အမြင်ဆန်းနေစေပါတယ်။

နောက်တစ်ချက်က RGB Shine-Through ဖြစ်တာကြောင့် Keyboard ရဲ့ RGB Lighting တွေကို Keycap ကနေ ဖြတ်သန်းမြင်နိုင်ပြီး ညဘက် RGB ဖွင့်သုံးတဲ့အခါမှာလည်း ပိုလှနေစေမှာပါ။

Material ပိုင်းမှာလည်း PBT ကို အသုံးပြုထားတာကြောင့် ပုံမှန် ABS Keycap တွေထက် အကြမ်းခံပြီး ကြာရှည်ခံတယ်။

Keycap တစ်စုံမှာ 130+ Keys ပါဝင်တာကြောင့် Keyboard Layout အမျိုးမျိုးအတွက် ရွေးချယ်တပ်ဆင်နိုင်ပါတယ်ဗျ

⌨️ Profile - OEM
💰 Price – 49,000 Ks Only!

Keyboard အသစ်တစ်လုံး ဝယ်စရာမလိုဘဲ ကိုယ့် Keyboard လေးကို Look အသစ်နဲ့ ပြောင်းလဲချင်သူတွေအတွက် တန်တဲ့ Upgrade လေးတစ်ခုပါ

မှာယူချင်တယ်ဆိုရင် Page Messenger မှာ လာရောက်ဆက်သွယ်နိုင်ပါတယ်ဗျ

✅ မြို့တော်တော်များများအိမ်ရောက်ငွေချေ COD ရပါတယ်

📷 ကိုယ်တိုင်ရိုက်ထားတဲ့ပုံတွေဖြစ်လို့ ယူသုံးခွင့်မပြုပါ

12/11/2026

Wrist Rest ရော Cleaner ပါ တစ်ခါတည်းပါတဲ့ "2-in-1 Combo" ဆိုတာ ဒါမျိုးပါ။

Mechanical Keyboard User တွေအတွက်က Game ပဲဆော့ဆော့၊ စာပဲရိုက်ရိုက် လက်ကောက်ဝတ်မညောင်းဖို့က အဓိကပဲလေ။

အခုဒီကောင်လေးက လက်ကောက်ဝတ် တင်လို့ရစေပြီး သက်တောင့်သက်သာရှိစေမယ့်အပြင်၊ Keyboard ကြားထဲက ဖုန်တွေနဲ့ တခြား Gadget တွေကိုပါ သန့်ရှင်းရေးလုပ်လို့ရမယ့် Cleaning Kit ပါ တစ်ပါတည်းပါဝင်တာပါ။

Cleaning ပစ္စည်းတွေက အခု ၂၀ တောင်ပါပြီး SIM ejector အတံလေးပါပါလို့ all in 1 essential လို့ပြောလို့ရတယ်။ ဒါကြောင့် လက်တွေ့မှာ အရမ်းအသုံးဝင်တဲ့အတွက် Setup တိုင်း ရှိထားသင့်တဲ့ "Essential Item" လေးပါခဗျာ

Wrist Rest witch Cleaning Kit
Color - Black, White
Price - 45,000 Ks

✅ အိမ်ရောက်ငွေချေဝယ်ယူနိုင်ပါတယ်ခဗျ

MacBook Screen ပေါ် လက်ဗွေတွေမြင်တိုင်း သုံးနေတဲ့ tissue နဲ့ဖြစ်ဖြစ် အင်္ကျီနဲ့ဖြစ်ဖြစ် သုတ်လိုက်မိလားဗျ?ကျွန်တော်တို့ န...
11/11/2026

MacBook Screen ပေါ် လက်ဗွေတွေမြင်တိုင်း သုံးနေတဲ့ tissue နဲ့ဖြစ်ဖြစ် အင်္ကျီနဲ့ဖြစ်ဖြစ် သုတ်လိုက်မိလားဗျ?

ကျွန်တော်တို့ နေ့တိုင်းကြည့်နေရတဲ့ MacBook screen ကို သန့်သန့်လေးထားချင်တယ်ဆိုရင်
Screen သုတ်ဖို့ အဝတ်ရွေးတာကနေ
စပြီးဂရုစိုက်ရပါတယ်

• ပထမဆုံး Mac screen ကို သန့်ရှင်းရေးစလုပ်တော့မယ်ဆိုရင် Screen off (ဒါမှမဟုတ်) စက်ပိတ်ပြီး power cable နဲ့ တခြား MacBook နဲ့ ချိတ်ထားတဲ့ပစ္စည်းတွေကို ဖြုတ်ထားပါ။

• Mac Screen ကို သုတ်ဖို့ သန့်ရှင်းပြီး ပျော့ပျောင်းတဲ့ အမွှေးမကျွတ်တဲ့အဝတ်နဲ့ ညင်ညင်သာသာ သုတ်ပေးပါ။ တချို့ ကြာနေပြီး မပျောက်တဲ့ အညစ်အကြေးအရာတွေဆိုရင် အဝတ်ကို ရေသန့်သန့်နဲ့ ဆွတ်ပြီး သုတ်ပေးပါ။

❌ Screen ပေါ်ကို အရည်တိုက်ရိုက်မဖျန်းပါနဲ့။ အိမ်သုံးမှန်ကြည်ဆေးရည်တွေသုံးတာလည်းရှောင်ပါ။ မဟုတ်ရင် Screen coating ထိခိုက်ပါတယ်။ MacBook ရဲ့ အပေါက်တွေထဲ အရည်မဝင်အောင်လည်း ဂရုစိုက်ပါ။

❌ အဝတ်တစ်ထည်တည်းကို တခြား ပစ္စည်းတွေစားပွဲတွေသုတ်ပြီး Mac screen ကို လာသုတ်တာမျိုးလည်း မလုပ်ပါနဲ့ဗျ

• ပြီးရင် Mac Screen ကို သုတ်တဲ့အဝတ်ကို ဖုန်မတတ်အောင် သန့်သန့်ရှင်းရှင်းပြန်သိမ်းလိုက်ပါ

ဒီပို့စ်ကို save ထားပြီး နောက်တစ်ခါ MacBook screen သုတ်မယ့်အချိန် ပြန်ကြည့်လို့ရပါတယ်

Cleaning နဲ့ ပတ်သက်ပြီးသိချင်တာရှိရင်လည်း comment မှာ မေးသွားနော်

Mac Tonic - Your Mac Friend
Your Reliable Gadget Lab
Your Reliable Gadget Lab

November လမှာ ကိုယ့်အတွက် တကယ်အသုံးဝင်ပြီး နေ့စဉ်လည်း အသုံးတည့်မယ့် ပစ္စည်းတစ်ခုရွေးမယ်ဆိုရင် နေ့တိုင်းသယ်သွားနေတဲ့ MacB...
10/11/2026

November လမှာ ကိုယ့်အတွက် တကယ်အသုံးဝင်ပြီး နေ့စဉ်လည်း အသုံးတည့်မယ့် ပစ္စည်းတစ်ခုရွေးမယ်ဆိုရင် နေ့တိုင်းသယ်သွားနေတဲ့ MacBook လေးကနေ စကြည့်ပါ။

အလုပ်သွား၊ ကျောင်းသွားတဲ့အခါ အိတ်ထဲမှာ စာအုပ်တွေ၊ Charger တွေနဲ့ တခြားပစ္စည်းတွေကြား Laptop ကို ဒီအတိုင်းထည့်သွားမိတာဆိုရင် Sleeve က မဖြစ်မနေ စဉ်းစားသင့်တဲ့ အသုံးအဆောင်လေးပါ။ MacBook ကို သီးသန့်ထည့်ထားနိုင်တာကြောင့် အိတ်ထဲမှာလည်း ပိုပြီး စနစ်တကျဖြစ်စေပါတယ်။

အခု Mac Tonic မှာရှိတဲ့ အသစ်ဝင်ထားတဲ့
3 in 1 Sleeve - Grey Color က အရောင်ငြိမ်ငြိမ်လေးနဲ့ Minimal Design ကို ကြိုက်နှစ်သက်သူတွေ၊ ကိုယ့်အလုပ်သုံးပစ္စည်းတွေကို Smart ကျကျ သုံးချင်သူတွေအတွက် ရွေးချယ်စရာကောင်းတဲ့ ပစ္စည်းတစ်ခုဖြစ်မှာပါ

3 in 1 Sleeve
Size - Small
Color - Grey , Black
Price – 58,000 Ks

MacBook Neo, Air 13" တွေမှာ အသုံးပြုနိုင်ပါတယ်

📩 ကိုယ်သုံးနေတဲ့ MacBook Model, Screen Size နဲ့ Cover တပ်မတပ်ဆိုတာကို Messenger မှာပို့ပြီး ကိုက်ညီတဲ့ Size ကို မေးမြန်းပြီးကိုက်ညီတဲ့ Size ကိုဝယ်ယူနိုင်ပါတယ်ခဗျ

✅ မြို့တော်တော်များများလည်း အိမ်အရောက်ငွေချေရပါတယ်

ပုံကတော့ ကိုယ်တိုင်ရိုက်အပြင်ပုံတွေပါ

✨ Desk Setup ကို Minimalist ဆန်ဆန်နဲ့ သပ်သပ်ရပ်ရပ် ဖြစ်စေချင်သူတွေအတွက် Felt Desk Mat လေး ပြန်ဝင်ထားပါတယ်ဗျသူက သင့်ရဲ့ M...
09/11/2026

✨ Desk Setup ကို Minimalist ဆန်ဆန်နဲ့ သပ်သပ်ရပ်ရပ် ဖြစ်စေချင်သူတွေအတွက် Felt Desk Mat လေး ပြန်ဝင်ထားပါတယ်ဗျ

သူက သင့်ရဲ့ MacBook, Mouse, Keyboard တွေကို ခြစ်ရာကနေ ကာကွယ်ပေးသလို
သင့်စားပွဲမျက်နှာပြင်ကိုလည်း တခြားပစ္စည်းပွတ်တိုက်လို့ဖြစ်တဲ့ ခြစ်ရာ ပွန်းရာတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။

ဒါတင်မက Felt Desk Mat နဲ့ဆို Keyboard နဲ့ Mouse အသုံးပြုတဲ့အခါမှာလည်း ပိုပြီး သက်သောင့်သက်သာရှိစေပါတယ်။

ဒါ့အပြင် Desk Mat ရဲ့ အောက်ခြေမှာ Anti-Slip Silicone Dots လေးတွေ ပါဝင်တာကြောင့် အသုံးပြုနေချိန်မှာ Desk Mat ချော်ရွေ့တာကို လျှော့ချပေးပြီး စားပွဲပေါ်မှာ ပိုမိုတည်ငြိမ်စေပါတယ်။

မီးခိုးရောင် Dark Grey လေးမို့ Mac Setup, Office Setup နဲ့ Gaming Setup တွေမှာလည်း လိုက်ဖက်ပြီး Premium Look လေး ရစေမှာပါ။

Felt Desk Mat
Color - Dark Grey
Size - 80cm x 40cm (2.6 ပေ x 1.3 ပေ)
Price - 37,000 Ks

✅ မြို့တော်တော်များများ အိမ်ရောက်ငွေချေ COD ရသလို Prepaid payment တွေနဲ့လည်းဝယ်ယူနိုင်ပါတယ်ခဗျ

✅ Office Team နဲ့ Company တွေအတွက်လည်း အရေအတွက်အလိုက် အထူးလျှော့ဈေးနှုန်းများ နဲ့ ဝယ်ယူနိုင်ပါတယ်ဗျ

👉 အကုန်မြန်တဲ့ item လေးမို့ လိုအပ်ရင်
အမြန်သာဝယ်ပါခဗျ 👈

ကြိုးတစ်ချောင်းတည်းနဲ့ Data ကူးမယ်၊ Monitor ချိတ်မယ်၊ အားသွင်းမယ်ဒါ့အပြင် Data ကူး Speed လည်း အမြင့်ဆုံးဖြစ်ရမယ်ဆိုရင်တေ...
08/11/2026

ကြိုးတစ်ချောင်းတည်းနဲ့ Data ကူးမယ်၊ Monitor ချိတ်မယ်၊ အားသွင်းမယ်
ဒါ့အပြင် Data ကူး Speed လည်း အမြင့်ဆုံးဖြစ်ရမယ်ဆိုရင်တော့

- Data အမြန်နှုန်း 40Gbps
- 8K@60Hz Video Output
- 240W PD 3.1 Fast Charging ရတဲ့ USB 4.0 Cable ပြန်ဝင်ထားပါတယ်ဗျ

ဒီ Cable ရဲ့ နောက်ထပ်မိုက်တဲ့အချက်က 48-spindle High-Density Braided Wire နဲ့ ပြုလုပ်ထားပြီး ကြိုးခေါင်းပိုင်းကို 220D Titanium Gray Aluminum Alloy Shell နည်းပညာသုံးထားလို့ ကြိုးခေါင်းကျိုးတာ၊ ကြိုးကြေတာမျိုးတွေ အထူးခံနိုင်ရည်ရှိပါတယ်။

အတွင်းပိုင်းမှာလည်း digital signal တွေရဲ့ နှောင့်ယှက်မှုနည်းစေဖို့ Dual-Layer Signal Shielding အုပ်ထားပြီး E-Marker Smart Chip (HJSB332D) ပါဝင်တာကြောင့် ဗို့အားနဲ့ Data တွေကို safety အပြည့် ထိန်းညှိပေးပါတယ်။

ဒီ cable ကိုတော့
MacBook နဲ့ High-End Laptop အသုံးပြုသူတွေ
SSD speed အမြန်ဆုံးရချင်တဲ့သူတွေ
Type-C port ပါတဲ့ Monitor မှာ တပ်သုံးချင်တဲ့သူတွေ အဓိကဝယ်သင့်ပါတယ်

တချို့ user တွေ Charging Cable ကောင်းကောင်းဝယ်မယ် Data လည်း တခါတရံသုံးမယ်
ကြိုး quality ကောင်းတာဆိုရင်လည်း...ဒါသာဝယ်သုံးပါ

နောင်တမရစေရဘူး 👌

MOVESPEED USB 4.0 Cable
Cable Length - 1.2 Meter
Price - 47,000 Ks

🤝 Office Team နဲ့ Company တွေအတွက်အရေအတွက်အလိုက် အထူးလျှော့ဈေးနှုန်းများ နဲ့ ဝယ်ယူနိုင်ပါတယ်

✅ မြို့တော်တော်များများ အိမ်ရောက်ငွေချေ COD ရပ်တယ်
✅ Kpay, CBPay, AYAPay, WavePay တို့နဲ့လည်း prepaid ဝယ်ယူနိုင်ပါတယ်ဗျ

ကိုယ့် MacBook, iMac, Mac Mini workstation တွေအတွက် brand ကောင်းတဲ့ Type C Hub ရှာနေရင်တော့ Anker 7 in 1 Hub သာရွေးပါHig...
07/11/2026

ကိုယ့် MacBook, iMac, Mac Mini workstation တွေအတွက် brand ကောင်းတဲ့ Type C Hub ရှာနေရင်တော့ Anker 7 in 1 Hub သာရွေးပါ

High speed SD, Micro SD slot တွေပါ ပါတဲ့အတွက် Osmo pocket, Insta camera, Photographer တွေအတွက်ပါ အဆင်ပြေတယ်

Anker 7 in 1 Hub
Price - 153,000 Ks
6 Months Warranty by Mac Tonic

💯 Factory Error ဖြစ်လာရင် Company ဆီကို ပြန်ပို့ရတဲ့ ကြာချိန်တွေ စောင့်ဆိုင်းစရာမလိုပဲ အသစ်တစ်လုံး ပြန်လဲပေးပါတယ် 💯

👉 Office Team နဲ့ Company တွေအတွက်လည်း အရေအတွက်အလိုက် အထူးလျှော့ဈေးနှုန်းများ နဲ့ ဝယ်ယူနိုင်ပါတယ်

🖥️🎮 Work အတွက်ပဲဖြစ်ဖြစ်၊ Gaming အတွက်ပဲဖြစ်ဖြစ် Mac Setup မှာ Mouse Pad ကောင်းကောင်းတစ်ခု ရှိထားဖို့ လိုပါတယ်။အထူးသဖြင့...
06/11/2026

🖥️🎮 Work အတွက်ပဲဖြစ်ဖြစ်၊ Gaming အတွက်ပဲဖြစ်ဖြစ် Mac Setup မှာ Mouse Pad ကောင်းကောင်းတစ်ခု ရှိထားဖို့ လိုပါတယ်။

အထူးသဖြင့် Graphic Design၊ Video Editing၊ Coding နဲ့ Office Work တွေကို အချိန်ကြာကြာ လုပ်ကိုင်ရသူတွေအတွက် Mouse ကို လွတ်လွတ်လပ်လပ် ရွှေ့နိုင်ဖို့ နေရာကျယ်ကျယ်ဝန်းဝန်းရှိတာက ပိုပြီးအဆင်ပြေစေပါတယ်။ Gaming ပိုင်းမှာဆိုရင်လည်း FPS Game တွေကို Low Sensitivity နဲ့ ဆော့တတ်သူတွေအတွက် Mouse Movement လုပ်ဖို့ နေရာကျယ်ကျယ်ရှိတာက အရေးပါပါတယ်။

ဒါအတွက် Mac Tonic က Balance Mouse Pad လေးဟာ 490 × 420 mm အရွယ်အစားရှိတဲ့ Large Mouse Pad တစ်ခုဖြစ်တာကြောင့် နေ့စဉ် Productivity Work တွေကနေ Gaming Session တွေအထိ Mouse ကို လွတ်လွတ်လပ်လပ် ရွှေ့နိုင်ဖို့ နေရာကျယ်ကျယ်ဝန်းဝန်း ရရှိစေပါတယ်။

ဒါ့အပြင် 5 mm Thickness ရှိတဲ့အတွက် သာမန် Mouse Pad အပါးတွေထက် Cushioning ပိုမိုရရှိစေပြီး အချိန်ကြာကြာ Mouse အသုံးပြုတဲ့အခါ လက်နဲ့ လက်မောင်းအောက်ပိုင်းကို ပိုမိုနူးညံ့တဲ့ မျက်နှာပြင်ပေါ်မှာ တင်ထားနိုင်စေပါတယ်။

တစ်နေ့တာမှာ Mac နဲ့ အလုပ်လုပ်ပြီး အားလပ်ချိန်မှာ Game ဆော့တတ်သူတွေ၊ Work & Gaming အတွက် Setup တစ်ခုတည်းကို အသုံးပြုသူတွေနဲ့ Mouse Movement အတွက် နေရာကျယ်ကျယ်ဝန်းဝန်းရှိတဲ့ Mouse Pad ကို ရှာနေသူတွေအတွက် Balance Mouse Pad လေးက ရွေးချယ်သင့်တဲ့ Accessory တစ်ခုပါပဲ။

Balance Mouse Pad
📐 Size – 490 × 420 mm (1.6 × 1.38 ပေခန့်)
📏 Thickness – 5 mm
🏷️ Price - 53,000 Ks

💻 Suitable for MacBook, iMac, Mac mini & Gaming Setups

🛒 Balance Mouse Pad လေးကို မှာယူချင်တယ်ဆိုရင် Mac Tonic ရဲ့ Page Messenger မှာ နာမည်၊ ဖုန်းနံပါတ်နဲ့ ပို့ဆောင်ရမယ့် လိပ်စာလေး ပေးပို့ပြီး မှာယူနိုင်ပါတယ်ဗျ။

❗️အပြားလိုက်လာတဲ့ over-sized item ဖြစ်လို့ တခြားပစ္စည်းတွေနဲ့တော့ တွဲပို့လို့မရပါဘူးခဗျ

Mac သုံးပြီး အလုပ်လည်းလုပ်တယ်၊ ညဘက်ကျ FPS ဂိမ်းတွေလည်း ဆော့တဲ့ ဘော်ဒါတွေအတွက် Keyboard ရှာရတာ ဘယ်လောက်ခက်ခဲတယ်ဆိုတာ ကျွန...
05/11/2026

Mac သုံးပြီး အလုပ်လည်းလုပ်တယ်၊ ညဘက်ကျ FPS ဂိမ်းတွေလည်း ဆော့တဲ့ ဘော်ဒါတွေအတွက် Keyboard ရှာရတာ ဘယ်လောက်ခက်ခဲတယ်ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ် 🙂‍↕️

ဘာလို့လဲဆိုတော့ Mac နဲ့ အဆင်ပြေအောင်ထုတ်ထားတဲ့ Keyboard တွေက ဂိမ်းအတွက် စွမ်းဆောင်ရည်သိပ်မပေးနိုင်သလို၊ Gaming Keyboard တွေကလည်း Mac နဲ့ ချိတ်ဆက်ဖို့ အခက်အခဲရှိတာမျိုးတွေ မကြာခဏ ကြုံရတတ်တာကိုးဗျ။

ဒီလိုမျိုး 'အလုပ်ရော၊ ဂိမ်းရော နှစ်မျိုးလုံးကို အမြင့်ဆုံးစွမ်းဆောင်ရည်နဲ့ သုံးချင်တယ်' ဆိုတဲ့သူတွေအတွက် Mac Tonic မှာ အဖြေတစ်ခု ရှိနေပါပြီ။

အဲ့ဒါကတော့ Monsgeek Fun60 Pro Keyboard ပဲဗျ။ သူ့မှာ Dedicated Mac/Windows button ပါလို့ OS နှစ်မျိုးကြား လွယ်လွယ်ကူကူ Switch လုပ်နိုင်ပြီး Mac ရဲ့ muscle memory အတိုင်း Keyboard အေးဆေးသုံးလို့ရပါတယ်။

ဒါ့အပြင် ချိတ်ဆက်မှုအပိုင်းမှာလည်း လုံးဝစုံလင်တယ်ဗျ။ Bluetooth နဲ့ ချိတ်ပြီး Clean Setup နဲ့ အလုပ်လုပ်မလား၊ Wireless (2.4G) Mode နဲ့ 1K polling rate နဲ့ ပေါ့ပေါ့ပါးပါး ဂိမ်းဆော့မလား၊ ဒါမှမဟုတ် FPS ဂိမ်းတွေအတွက် လုံးဝ Zero Latency လိုချင်ရင် Wired Mode နဲ့ 8K polling rate အထိ ရယူမလား...ကြိုက်သလိုရွေးချယ်သုံးနိုင်ပါတယ်။

Gaming အတွက် MonsGeek Fun60 Pro ရဲ့အသက်ကတော့ Hall Effect Magnetic Switch တွေဖြစ်တာပါ။ ဒါကြောင့်လည်း သာမန် Mechanical Keyboard တွေထက် Response Time ပိုမြန်ပါတယ်။

ပြီးတော့ Respone မြန်တာ Hall Effect Keyboard ရဲ့ တစ်ခုတည်းသောအားသာချက်မဟုတ်သေးဘူးဗျ။ Rapid Trigger လို နှိပ်လိုက်တာနဲ့ Customized Actuation point ရောက်ပြီး နည်းနည်း လွှတ်လိုက်တာနဲ့ reset ဖြစ်အောင်လုပ်တဲ့ features တွေလည်းအများကြီးရှိသေးတယ်။

ဒါက FPS Gaming, Rhythm Gaming တွေမှာ Gamimg advantage လုံးဝပေးတယ် 👌

Keyboard ပြောတာလည်းများနေပြီ Hall Effect အကြောင်း ပိုသိချင်တော့ TBH Labs က ရှင်းပြထားတဲ့ video ကို comment မှာ link ချထားပေးမယ်ဗျ

MonsGeek Fun60 Pro - Trimode
Color Available - Black (side printed keycap)
Price - 245,000 Ks

6 Months Warranty by Mac Tonic

👉 ကြိုက်တယ်ဆိုရင်တော့ အခုပဲ Mac Tonic မှာ ဝယ်ယူနိုင်ပါပြီ‌ဗျာ။
👉 မြန်မာနိုင်ငံမြို့တော်တော်များများလည်း အိမ်ရောက်ငွေချေ (COD) ရပါတယ်ဗျ။

Mac Tonic - Your Mac Friend
Your Reliable Gadget Lab

ที่อยู่

Yangon
Samrong

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Mac Tonic โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์

ร้านอาหารใกล้เคียง