10/16/2022
တိုရှည် စားချင်တာနဲ့ သွားစားဖြစ်တဲ့ဆိုင်လေး ၊
မြန်မာပြည်က သားသတ်လွတ်ချစ်တီးဆိုင်လိုဘဲ ၊ ဆိုင်က Hillcroft ,(Houston,Texas)မှာ ရှိတယ် ၊ South Indian ,north Indian အစားအစားတွေအစုံရတယ်၊
ဒီနေ့မှာစားဖြစ်တာလေးက plain Dosa , Punjabi Tali, masala chai . Dosa ကတော့ ပုံမှန် Dosa လိုဘဲ ၊
Punjabi tali ကတော့ တော်တော် စားကောင်းတယ် ၊ ထောပတ်လေးဆမ်းထားတဲ့ ချပါတီရာယ် ၊ ထမ်းဖြူ ၊ ဒိန်ခဲဟင်း၊ပဲဟင်း၊ရုံးပတီသီးဟင်း၊ ဘေးက တစ်ခုက ဘာလဲ မသိဘူး 😂 မတ်ပဲကြော်ကို ဒိန်ချဉ်ရာယ် မန်ကျီးသီးရယ် လောင်းထားတာ စားလို့တော့ ကောင်းတယ် ၊ ပြီးတော့မလိုင်လုံးအမဲ Gulab Jamun၊ ပါပရာကြော်၊ သခွါးသီးကြက်သွန်နီ စိတ်လေးတွေနဲ့ သရက်သီးသနပ် ၊ ဝါဝါလေး ကတော့ Indian ဆိုင်မှာ မပါမဖြစ်တဲ့ Mango Lassi ပါဘဲ ၊
မဆလာ လက်ဘက်ရည်ကတော့ ပုံမှန် ပါဘဲ ၊ စားပြီးတော့ Indian ဆိုင် ထုံးစံ အတိုင်းဝါးတဲ့ စမှုံစံပါးလေး ထားထားပေးတယ် ၊ အရသာကတော့ ဟိုအရင်စားဖူးတာတွေလောက် မကောင်ဘူး 😂 မချိုလို့၊
စျေးကတော့ သက်သာပါတယ် ၂ပွဲပေါင်းမှ ၂၅$ကျော်ဘဲ ကျတယ် ၊